/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပင်ပန်းနွမ်းနယ်မှုတွေကို-ကျော်လွှားဖို့-အကောင်းဆုံး-ဗီတာမင်များ

ပင်ပန်းနွမ်းနယ်မှုတွေကို ကျော်လွှားဖို့ အကောင်းဆုံး ဗီတာမင်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဒီနေ့ခေတ်မှာ လူအတော်များများဟာ နေထိုင်စားသောက်မှုပုံစံတွေ ပြောင်းလဲလာကြပါတယ်။ sedentary life style လို့ခေါ်တဲ့ လှုပ်ရှားမှုနည်းပြီး အဆီ၊ အချို၊ အဆိမ့်တွေ၊ သရေစာတွေကို အစားများတဲ့ လူနေမှုပုံစံမျိုးနဲ့ လူအများစု နေထိုင်နေကြပါတယ်။ ဒီလိုနေတဲ့အခါမှာ အကြောင်းအရင်း တိတိကျကျမရှိဘဲ ပင်ပန်းနွမ်းနယ်မှုတွေကို နေ့တိုင်းလိုလို ခံစားရတတ်ပါတယ်။ ဒါ့ကြောင့် အလုပ်ခွင်မှာ၊ စာသင်ခန်းထဲမှာ ရွှင်လန်းတက်ကြွမှုမရှိဘဲ လေးလံထိုင်းမှိုင်းနေတာမျိုးကို ခံစားရမှာဖြစ်ပါတယ်။ ဒီအခါမျိုးမှာ မိမိကိုယ်ကို အားမရတာမျိုးတွေ၊ စိတ်ဓာတ်ကျတာမျိုးတွေထိ ဖြစ်လာနိုင်ပါတယ်။ ဒီလိုမဖြစ်ဖို့ဆိုရင် နေ့စဉ်စားသောက်တဲ့အထဲမှာ အာဟာရပြည့်ဝမျှတအောင် စားသောက်ဖို့ လိုအပ်ပါတယ်။

>>  ပင်ပန်းနွမ်းနယ်မှုတွေကို တိုက်ထုတ်မယ့် ဗီတာမင်တွေကတော့ -
**  ဗီတာမင်ဘီအုပ်စု
ဗီတာမင်ဘီအုပ်စုတွေဟာ ခန္ဓာကိုယ်ရဲ့အင်အားတွေကို ထိန်းသိမ်းတဲ့နေရာမှာ အကူအညီပေးပါတယ်။ ဒါ့အပြင် ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေမှာလည်း ကူညီပေးပြီး နိုးကြားတက်ကြွစေပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ဗီတာမင်ဘီပမာဏကို လျော့ကျစေတဲ့အရာတွေကတော့ စားသောက်မှုပုံစံ မှားယွင်းတာ၊ အရက်နဲ့ စိတ်ဖိစီးမှုတွေပဲ ဖြစ်ပါတယ်။

**  ဗီတာမင် B12
ဗီတာမင် B12 ကတော့ ဗီတာမင်ဘီ အုပ်စုထဲမှာပါတဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ သူတစ်မျိုးတည်းနဲ့လည်း အများကြီး အရေးပါပါတယ်။ ဗီတာမင် B12 ချို့တဲ့ခဲ့ရင်တော့ ဦးနှောက်နဲ့အာရုံကြောအဖွဲ့အစည်းရဲ့ လုပ်ငန်းဆောင်တာတွေမှာ နှောင့်နှေးစေနိုင်တဲ့ထိ ဖြစ်နိုင်ပါတယ်။

Enervon-C Adult 1

**  ဗီတာမင်စီ
ဗီတာမင်စီကတော့ ကိုယ်ခံအားစနစ်ကို အဓိက အကူအညီပေးတဲ့ ဗီတာမင်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ရဲ့ အားအင်ပြည့်နေအောင်လည်း ကူညီပေးပါတယ်။ ဒါ့အပြင် antioxidant လို့ခေါ်တဲ့ ရောဂါအလွယ်တကူ မဝင်ရောက်နိုင်စေတဲ့ဓာတ်လည်း ပါဝင်ပါတယ်။ လူကို လန်းဆန်းတက်ကြွစေပြီး ပင်ပန်းမှုတွေကို လျော့ကျစေနိုင်တာကတော့ ထင်ရှားတဲ့လုပ်ဆောင်မှု ဖြစ်ပါတယ်။ ဒါ့ကြောင့် ကြာရှည်စွာ ပင်ပန်းနွမ်းနယ်မှု ဖြစ်နေပြီဆိုရင် ဗီတာမင်စီ ပါဝင်တဲ့ အစားအသောက်တွေကို ဂရုတစိုက် စားသုံးတာ၊ ဒါမှမဟုတ် ဗီတာမင်စီ ပါဝင်တဲ့ အားဆေးတစ်မျိုးမျိုးကို မှီဝဲတာမျိုး လုပ်ဆောင်သင့်ပါတယ်။
ပင်ပန်းနွမ်းနယ်မှုကို ကျော်လွှားနိုင်ဖို့ ဗီတာမင်တွေအကြောင်းကို ပြောပြပြီးပြီဆိုတော့ ပင်ပန်းနွမ်းနယ်မှုကို ကျော်လွှားနိုင်ဖို့ နည်းလမ်းလေးတွေကိုလည်း ပြောပြချင်ပါသေးတယ်။
●  သင့်ရဲ့ တစ်နေ့တာ လှုပ်ရှားမှုနဲ့ ညီမျှတဲ့ ကယ်လိုရီပမာဏကိုသာ စားသုံးပါ။
●  စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှ လျှော့ချပါ။
●  အိပ်ချိန်လုံလောက်အောင် အိပ်စက်ပါ။
●  သင့်အိပ်ရာကို အေးဆေးတိတ်ဆိတ်ပြီး မီးအလင်းရောင်မရှိတဲ့နေရာမှာ ထားပါ။
●  သကြား အများကြီးပါဝင်သော၊ ကဖင်းဓာတ် အများကြီးပါဝင်သော အစားအသောက်တွေ၊ အားဖြည့်အချိုရည်တွေ၊ အသင့်စား အစားအစာတွေကို အလွန်အကျွံ စားသုံးခြင်းမှ ရှောင်ကျဉ်ပါ။
●  အရက် အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။
ယခုဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ ဗီတာမင်တွေနဲ့ နည်းလမ်းလေးတွေကြောင့် နေ့တိုင်းလိုလို ခံစားနေရတဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို လျော့ကျစေနိုင်ဖို့ မျှော်လင့်မိပါတယ်။

ဒေါက်တာအောင် (www.drmyanmar.com)

Enervon-C Adult 2

(Zawgyi)

ဒီေန႔ေခတ္မွာ လူအေတာ္မ်ားမ်ားဟာ ေနထိုင္စားေသာက္မႈပုံစံေတြ ေျပာင္းလဲလာၾကပါတယ္။ sedentary life style လို႔ေခၚတဲ့ လႈပ္ရွားမႈနည္းၿပီး အဆီ၊ အခ်ိဳ၊ အဆိမ့္ေတြ၊ သေရစာေတြကို အစားမ်ားတဲ့ လူေနမႈပုံစံမ်ိဳးနဲ႔ လူအမ်ားစု ေနထိုင္ေနၾကပါတယ္။ ဒီလိုေနတဲ့အခါမွာ အေၾကာင္းအရင္း တိတိက်က်မရွိဘဲ ပင္ပန္းႏြမ္းနယ္မႈေတြကို ေန႔တိုင္းလိုလို ခံစားရတတ္ပါတယ္။ ဒါ့ေၾကာင့္ အလုပ္ခြင္မွာ၊ စာသင္ခန္းထဲမွာ ႐ႊင္လန္းတက္ႂကြမႈမရွိဘဲ ေလးလံထိုင္းမႈိင္းေနတာမ်ိဳးကို ခံစားရမွာျဖစ္ပါတယ္။ ဒီအခါမ်ိဳးမွာ မိမိကိုယ္ကို အားမရတာမ်ိဳးေတြ၊ စိတ္ဓာတ္က်တာမ်ိဳးေတြထိ ျဖစ္လာႏိုင္ပါတယ္။ ဒီလိုမျဖစ္ဖို႔ဆိုရင္ ေန႔စဥ္စားေသာက္တဲ့အထဲမွာ အာဟာရျပည့္ဝမွ်တေအာင္ စားေသာက္ဖို႔ လိုအပ္ပါတယ္။

>>  ပင္ပန္းႏြမ္းနယ္မႈေတြကို တိုက္ထုတ္မယ့္ ဗီတာမင္ေတြကေတာ့ -
**  ဗီတာမင္ဘီအုပ္စု
ဗီတာမင္ဘီအုပ္စုေတြဟာ ခႏၶာကိုယ္ရဲ႕အင္အားေတြကို ထိန္းသိမ္းတဲ့ေနရာမွာ အကူအညီေပးပါတယ္။ ဒါ့အျပင္ ဦးေႏွာက္ရဲ႕လုပ္ငန္းေဆာင္တာေတြမွာလည္း ကူညီေပးၿပီး ႏိုးၾကားတက္ႂကြေစပါတယ္။ ခႏၶာကိုယ္မွာရွိတဲ့ ဗီတာမင္ဘီပမာဏကို ေလ်ာ့က်ေစတဲ့အရာေတြကေတာ့ စားေသာက္မႈပုံစံ မွားယြင္းတာ၊ အရက္နဲ႔ စိတ္ဖိစီးမႈေတြပဲ ျဖစ္ပါတယ္။

**  ဗီတာမင္ B12
ဗီတာမင္ B12 ကေတာ့ ဗီတာမင္ဘီ အုပ္စုထဲမွာပါတဲ့ ဗီတာမင္တစ္မ်ိဳး ျဖစ္ပါတယ္။ ဒါေပမဲ့ သူတစ္မ်ိဳးတည္းနဲ႔လည္း အမ်ားႀကီး အေရးပါပါတယ္။ ဗီတာမင္ B12 ခ်ိဳ႕တဲ့ခဲ့ရင္ေတာ့ ဦးေႏွာက္နဲ႔အာ႐ုံေၾကာအဖြဲ႕အစည္းရဲ႕ လုပ္ငန္းေဆာင္တာေတြမွာ ေႏွာင့္ေႏွးေစႏိုင္တဲ့ထိ ျဖစ္ႏိုင္ပါတယ္။

**  ဗီတာမင္စီ
ဗီတာမင္စီကေတာ့ ကိုယ္ခံအားစနစ္ကို အဓိက အကူအညီေပးတဲ့ ဗီတာမင္တစ္ခု ျဖစ္ပါတယ္။ ဒါေပမဲ့ ခႏၶာကိုယ္ရဲ႕ အားအင္ျပည့္ေနေအာင္လည္း ကူညီေပးပါတယ္။ ဒါ့အျပင္ antioxidant လို႔ေခၚတဲ့ ေရာဂါအလြယ္တကူ မဝင္ေရာက္ႏိုင္ေစတဲ့ဓာတ္လည္း ပါဝင္ပါတယ္။ လူကို လန္းဆန္းတက္ႂကြေစၿပီး ပင္ပန္းမႈေတြကို ေလ်ာ့က်ေစႏိုင္တာကေတာ့ ထင္ရွားတဲ့လုပ္ေဆာင္မႈ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ၾကာရွည္စြာ ပင္ပန္းႏြမ္းနယ္မႈ ျဖစ္ေနၿပီဆိုရင္ ဗီတာမင္စီ ပါဝင္တဲ့ အစားအေသာက္ေတြကို ဂ႐ုတစိုက္ စားသုံးတာ၊ ဒါမွမဟုတ္ ဗီတာမင္စီ ပါဝင္တဲ့ အားေဆးတစ္မ်ိဳးမ်ိဳးကို မွီဝဲတာမ်ိဳး လုပ္ေဆာင္သင့္ပါတယ္။
ပင္ပန္းႏြမ္းနယ္မႈကို ေက်ာ္လႊားႏိုင္ဖို႔ ဗီတာမင္ေတြအေၾကာင္းကို ေျပာျပၿပီးၿပီဆိုေတာ့ ပင္ပန္းႏြမ္းနယ္မႈကို ေက်ာ္လႊားႏိုင္ဖို႔ နည္းလမ္းေလးေတြကိုလည္း ေျပာျပခ်င္ပါေသးတယ္။
●  သင့္ရဲ႕ တစ္ေန႔တာ လႈပ္ရွားမႈနဲ႔ ညီမွ်တဲ့ ကယ္လိုရီပမာဏကိုသာ စားသုံးပါ။
●  စိတ္ဖိစီးမႈေတြကို တတ္ႏိုင္သမွ် ေလွ်ာ့ခ်ပါ။
●  အိပ္ခ်ိန္လုံေလာက္ေအာင္ အိပ္စက္ပါ။
●  သင့္အိပ္ရာကို ေအးေဆးတိတ္ဆိတ္ၿပီး မီးအလင္းေရာင္မရွိတဲ့ေနရာမွာ ထားပါ။
●  သၾကား အမ်ားႀကီးပါဝင္ေသာ၊ ကဖင္းဓာတ္ အမ်ားႀကီးပါဝင္ေသာ အစားအေသာက္ေတြ၊ အားျဖည့္အခ်ိဳရည္ေတြ၊ အသင့္စား အစားအစာေတြကို အလြန္အကြၽံ စားသုံးျခင္းမွ ေရွာင္က်ဥ္ပါ။
●  အရက္ အလြန္အကြၽံ ေသာက္သုံးျခင္းကို ေရွာင္ၾကဥ္ပါ။
ယခုေဆာင္းပါးမွာ ေဖာ္ျပခဲ့တဲ့ ဗီတာမင္ေတြနဲ႔ နည္းလမ္းေလးေတြေၾကာင့္ ေန႔တိုင္းလိုလို ခံစားေနရတဲ့ ပင္ပန္းႏြမ္းနယ္မႈေတြကို ေလ်ာ့က်ေစႏိုင္ဖို႔ ေမွ်ာ္လင့္မိပါတယ္။

ေဒါက္တာေအာင္ (www.drmyanmar.com)