/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပန်းနာရင်ကြပ်ရောဂါကို-ဖြစ်စေတဲ့-အဓိကအကြောင်းရင်း-၅-ချက်

ပန်းနာရင်ကြပ်ရောဂါကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်း (၅) ချက်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးရဲ့ ခန့်မှန်းချက်အရ ကမ္ဘာ့မှာ လူဦးရေ ၁၅-၂၀ သန်းလောက်ဟာ ပန်းနာရင်ကြပ်ရောဂါ ခံစားနေရပါတယ်။ ပန်းနာရင်ကြပ်ရောဂါဟာ နာတာရှည်အဆုတ်ရောဂါတစ်မျိူးဖြစ်ပြီး ဆိုးရွားသော အသက်ရှူပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။
        ဒါဆို ပန်းနာရင်ကြပ်ဖြစ်စေတဲ့ အဓိကအကြောင်းရင်း (၅) ချက်ကို လေ့လာကြည့်ရအောင်။

(၁)     Allergies ခေါ် ဓာတ်မတည့်ခြင်းများ
         ဖုန်မှုန့်၊ ပိုးဟပ်၊ ခွေး/ကြောင် အမွေးများ၊ ပန်းဝတ်မှုန်၊ မှိုပိုးများ စသည်တို့နဲ့ ဓာတ်မတည့်ဖြစ်တတ်သူများအဖို့ ပန်းနာရင်ကြပ်ဖြစ်နိုင်ချေ များပြားလှပါတယ်။
         ** လိုက်နာရန် - သင့်ကို ဘယ်အရာတွေက ဓာတ်မတည့် ဖြစ်စေသလဲဆိုတာကို သေချာမှတ်ထားပြီး ထိုအရာများနဲ့ မထိတွေ့အောင် ရှောင်ခြင်းဖြင့် ပန်းနာရင်ကြပ်ဖြစ်ခြင်းကိုပါ ရှောင်ကြဉ်နိုင်ပါတယ်။

(၂)     လေထုညစ်ညမ်းစေသောအရာများ
         လေထုထဲတွင်ပါသော ဆာလ်ဖာဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင်အောက်ဆိုဒ်၊ အိုဇုန်း၊ သင်္ဘေံာဆေးများတွင်ပါသော အငွေ့များ စသည်တို့ကြောင့်လည်း ပန်းနာရင်ကြပ် ဖြစ်စေနိုင်ပါတယ်။
         ** လိုက်နာရန် - လေထုညစ်ညမ်းသောနေရာများကို တတ်နိုင်သလောက် ရှောင်ပါ။ မဖြစ်မနေ သွားရပါက mask တပ်ဆင်ပါ။ အိမ်တွင် လေထုသန့်စင်စက်များ တပ်ဆင်နိုင်ပါတယ်။

(၃)     ပတ်ဝန်းကျင် အပြောင်းအလဲများ
         ရာသီဥတုအပြောင်းအလဲ၊ လေထုစိုထိုင်းမှုနဲ့ မြူများဆိုင်းပြီး အေးသောရာသီများတွင် ပန်းနာရင်ကြပ်ဖြစ်နှုန်း မြင့်တက်ပါတယ်။
         ** လိုက်နာရန် - အပြင်သွားတဲ့အခါတိုင်း mask တပ်ပါ။ တုပ်ကွေးကာကွယ်ဆေးများ ထိုးပါ။ ပန်းနာရင်ကြပ်ပျောက်ဆေးများ သောက်သုံးပါ။

(၄)     ဆေးလိပ်သောက်ခြင်း
         ဆေးလိပ်နဲ့ ဆေးရွက်ကြီးသောက်ခြင်းကြောင့် ကျန်းမာရေးကို များစွာထိခိုက်စေတာ သိကြပြီးဖြစ်ပါလိမ့်မယ်။ ထိုအထဲတွင် ပန်းနာရင်ကြပ်လည်း အပါအဝင်ဖြစ်တာ သတိပြုစေချင်ပါတယ်။
         ** လိုက်နာရန် - လူအများရှိသော နေရာများသို့ သွားရောက်ပါက ဆေးလိပ်သောက်သူများနဲ့ ဝေးဝေးတွင် နေပါ။ မိမိကိုယ်တိုင်လည်း ဆေးလိပ်သောက်ခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။

(၅)     စိတ်ဖိစီးမှု
         စိတ်ခံစားမှု လွန်ကဲခြင်းနဲ့ စိတ်ဖိစီးမှုမြင့်မားခြင်းတို့ကလည်း ပန်းနာရင်ကြပ် ဖြစ်စေနိုင်ပါတယ်။
         ** လိုက်နာရန် - စိတ်ဖိစီးမှုကို လျှော့ချဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)