/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပလစ်စတစ်ရေဘူး၀ယ်မယ်ဆိုရင်-ဒါလေးတွေသိထားဖို့လိုပါတယ်

ပလစ်စတစ်ရေဘူး၀ယ်မယ်ဆိုရင် ဒါလေးတွေသိထားဖို့လိုပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မရှိမကောင်းရှိမကောင်းပစ္စည်းများထဲတွင် ပလတ်စတစ်လည်းတစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ပေါ့ပါးခြင်း၊ အသုံးပြုရလွယ်ကူခြင်းတို့ကြောင့် ပလတ်စတစ်နှင့်ပြုလုပ်ထားတဲ့ရေဘူး၊ နို့ဘူး စတာတွေကိုတွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။

          ဒါပေမဲ့ ပလတ်စတစ်တွေဟာ ထင်သလောက်အန္တရာယ်မကင်းပါဘူး။ ပလတ်စတစ်ရေဘူးတစ်ခုတည်းကိုပဲ အချိန်အကြာကြီးအသုံးပြုခြင်းနှင့် ပွတ်တိုက်ဆေးကြောခြင်းတို့ကြောင့် ရေဘူးပါးလာခြင်းနှင့် အက်ကွဲခြင်းတို့ကိုဖြစ်စေကာ ဘက်တီးရီးယားပိုးမွှားများပေါက်ဖွားခြင်းကိုဖြစ်ပေါ်စေပါတယ်။ ပိုးသေအောင် မီးအပူပေးမယ်ဆိုပါကလည်း မီးအပူကြောင့် Bisphenol A (BPA) ဓာတ်ထွက်ရှိလာပြီး လူခန္ဓာကိုယ်ကိုအန္တရာယ်ပေးနိုင်ပါတယ်။ Bisphenol A (BPA) ဟာ ရေဘူး၊ နို့ဘူးများတွင် မာကြောကြည်လင်စေရန်အတွက် ထည့်သွင်းအသုံးပြုတဲ့ဓာတုပစ္စည်းဖြစ်ပါ တယ်။

          ဒါကြောင့် ဖြစ်နိုင်လျှင် ဖန်ပုလင်း၊ စတီးပုလင်း စတာတွေကိုရွေးချယ်အသုံးပြုပါ။ ပလတ်စတစ်ရေဘူးကိုအသုံးပြုချင်တယ်ဆိုရင် Polypropylene bottles (ပလပ်စတစ်အဖြူသားဖြင့်ပြုလုပ်ထားတဲ့ ရေဘူး) တွေ၊ BPA ပါ၀င်မှုမရှိတဲ့ (BPA Free) လို့ရေးထားတဲ့ ပလတ်စတစ်ဘူးတွေကို အသုံးပြုပါ။ အမြဲသန့်ရှင်းစင်ကြယ်မှုရှိအောင်ဆေးကြောပါ။ ကြမ်းတမ်းသောအိုးတိုက်ပစ္စည်းများအသုံးပြု၍ ဆေးကြောခြင်းကိုရှောင်ရှားပါ။ ခြောက်သွေ့အောင်ထားပြီး မှ နောက်တဖန်အသုံးပြုပါ။

Dr. Htet Htet Aung (www.drmyanmar.com)