/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပိန်ချင်လို့-လေ့ကျင့်ခန်းလုပ်မယ်ဆို-ဒီအချက်လေးတွေ-လိုက်နာပါ

ပိန်ချင်လို့ လေ့ကျင့်ခန်းလုပ်မယ်ဆို ဒီအချက်လေးတွေ လိုက်နာပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ပိန်ချင်လို့ ကျစ်ချင်လို့ သွယ်ချင်လို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် သိသင့်တဲ့ ဗပာုသုတတွေ ရှိတယ်နော်။ အားကစားခန်းမမှာ လုပ်တာလည်း လုပ်ပေါ့။ ဒါလေးတွေလည်း လိုက်နာတော့ ပိုမိုထိရောက်စွာ ၀ိတ်ချနိုင်တယ်လေ။

●        ခါတိုင်းလုပ်တဲ့ အချိန်ထက် ဆယ်မိနစ် ပိုလုပ်ကြည့်ပါ။

●        လေ့ကျင့်ခန်း အပျော့စားကနေ နည်းနည်း ပြင်းထန်တဲ့ပာာမျိုး ပြောင်းလုပ်ကြည့်ပါ။

●        ဓာတ်လှေကားအစား ရိုးရိုးလှေကားကနေ တက်ကြည့်ပါ။

●        တစ်မှတ်တိုင်စာလောက် လမ်းလျှောက်ပြီးမှ ဘတ်စ်ကားစီးပါ။

●        ကွန်ပျုတာကြည့်ရင်း မကြာခဏ ထလမ်းလျှောက်ပါ။

●        တောင်တက်လေ့ကျင့်ခန်းတွေမှာ အသင်း၀င်ပါ။

●        တစ်ရက်ကို ခြေလှမ်းပေါင်း တစ်သောင်းခန့် လျှောက်ဖြစ်သင့်တယ်နော်။

●        နေ့စဉ် ကွန်ပျုတာကြည့်ချိန် ဂိမ်းဆော့ချိန် လိုင်းသုံးချိန်ကို ၂ နာရီအောက်ထိ လျှော့ချလိုက်ပါ။

 

           အောက်မှာ မိနစ်သုံးဆယ်ပြုလုပ်တိုင်း လောင်ကျွမ်းသွားတဲ့ ကယ်လိုရီပမာဏကို တင်ပြပေးလိုက်ပါတယ်နော်။

●        အကြောလျှော့ - ၉၀ ကယ်လိုရီ

●        အလေးမ (အပေါ့) - ၁၁၀ ကယ်လိုရီ

●        လမ်းလျှောက်  - ၁၄၀ ကယ်လိုရီ

●        စက်ဘီးစီး - ၁၄၀ ကယ်လိုရီ

●        ခြံရှင်း၊ ပေါင်းသင် - ၁၆၅ ကယ်လိုရီ

●        ဂေါက်ရိုက် - ၁၆၅ ကယ်လိုရီ

●        အက - ၁၆၅ ကယ်လိုရီ

●        တောင်တက် - ၁၆၅ ကယ်လိုရီ

 

          ပြင်းထန်လေ့ကျင့်ခန်းတွေလုပ်တိုင်း လျော့နည်းသွားတဲ့ ကယ်လိုရီပမာဏကတော့ အောက်ပါအတိုင်းပါ။

●        အလေးမ (၀ိတ်အများ) - ၂၂၀ ကယ်လိုရီ

●        ခြံရှင်း ပေါင်းသင် (ကြာကြာလုပ်။ အလေးအပင်ပါမ) - ၂၂၀ ကယ်လိုရီ

●        ဘက်စကတ်ဘော - ၂၃၀ ကယ်လိုရီ

●        ခပ်သွက်သွက် လမ်းလျှောက် - ၂၄၀ ကယ်လိုရီ

●        အေရိုးဗစ် - ၂၄၀ ကယ်လိုရီ

●        ရေကူး - ၂၅၅ ကယ်လိုရီ

●        အပြေး - ၂၉၅ ကယ်လိုရီ

●        စက်ဘီးစီး (အမြန်) - ၂၉၅ ကယ်လိုရီ

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)