/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ပုံမှန်ထက်-အအိပ်နည်းသူများတွင်ကော-အအိပ်များသူများတွင်ပါ

ပုံမှန်ထက် အအိပ်နည်းသူများတွင်ကော အအိပ်များသူများတွင်ပါ နှလုံးရောဂါဖြစ်နှုန်း မြင့်မားကြောင်း တွေ့ရှိ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

     ကောင်းမွန်လုံလောက်သော အိပ်စက်ချိန်ကို ပိုင်ဆိုင်ခြင်းက နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုလှပါတယ်။
      စစ်တမ်းများအရ တစ်နေ့ကို ၆ နာရီထက်နည်းပါးစွာ အိပ်စက်သူတွေမှာ တစ်နေ့ကို ၆ နာရီမှ ၉ နာရီထိ အိပ်စက်သူများထက်စာရင် နှလုံးရောဂါဖြစ်နှုန်း ၂ဝ ရာခိုင်နှုန်း မြင့်မားတတ်ပြီး တစ်နေ့ကို ၉ နာရီထက် ပိုအိပ်စက်သူတွေကတော့ ၃၄ ရာခိုင်နှုန်း မြင့်မားတတ်တယ်လို့ သိရပါတယ်။
      အိပ်စက်ခြင်းဟာ နှလုံးကျန်းမာရေးအတွက် အခြေခံသော့ချက်တစ်ခုပါ။
      ကောင်းမွန်သောအိပ်စက်ခြင်းကို ရစေဖို့အတွက် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
●    ပုံမှန်အချိန်တစ်ခု သတ်မှတ်ပြီး ညတိုင်း ထိုအချိ်န်တွင် ပုံမှန်အိပ်ပြီး မနက်ကိုလည်း ပုံမှန်အချိ်န်တွင် နိုးထပါ။ ပိတ်ရက်တွေမှာတောင် ထိုကဲ့သို့ အချိန်မှန်အိပ်စက်ခြင်း ပြုလုပ်သင့်တယ်နော်။
●    အခန်းတွင်းသို့ သဘာဝအလင်းရောင် ရရှိပါစေ။
●    မအိပ်စက်ခင် နာရီအနည်းငယ်အလိုမှာ လျှပ်စစ်မီးရောင်များနဲ့ ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။
●    ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပါ။ သို့သော် အိပ်ခါနီး လေ့ကျင့်ခန်း မပြုလုပ်သင့်ပါဘူး။
●    အစားအစာများ အထူးသဖြင့် အရက်၊ ဘီယာနဲ့ အချိုများသောအစာများကို အိပ်ခါနီး စားသောက်ခြင်းကို ရှောင်ကြဉ်ပါ။
●    လုံးဝအိပ်မပျော်သူများအတွက် ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။
     လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်သောအစာများကို စားခြင်းဖြင့် နှလုံးရောဂါဖြစ်နှုန်းကို လျှော့ချနိုင်သလို အိပ်စက်ခြင်းကြောင့်လည်း နှလုံးရောဂါကို ကာကွယ်နိုင်တယ်ဆိုတာ သိရှိကြပြီမလား။ တစ်နေ့ကို အိပ်စက်ချိန် ၆ နာရီထက် မနည်းသင့်သလို ၉ နာရီထက် မပိုအောင် အိပ်စက်ကြဖို့ တင်ပြလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)