/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဖျားနာခြင်းကင်းဝေးစေဖို့-ကိုယ်ခံအားနည်းစေတဲ့-အကျင့်ဆိုးတွေကို

ဖျားနာခြင်းကင်းဝေးစေဖို့ ကိုယ်ခံအားနည်းစေတဲ့ အကျင့်ဆိုးတွေကို ပြောင်းလဲကြရအောင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

မိမိတို့ရဲ့ ကိုယ်ခံအားစနစ် ကောင်းကောင်းအလုပ်လုပ်လား၊ မလုပ်လားဆိုတာ နေထိုင်စားသောက်မှုပုံစံနဲ့ သက်ဆိုင်နေပါတယ်။ မိမိတို့လုပ်မိနေတဲ့ တချို့သောအလေ့အကျင့်တွေက ကိုယ်ခံအားနည်းစေတတ်လို့ အချိန်မီ ပြုပြင်ပြောင်းလဲသင့်ပါတယ်။ ကိုယ်ခံစားနည်းစေတတ်တဲ့ နေထိုင်စားသောက်မှုပုံစံ အလေ့အကျင့်တွေကို ဒီဆောင်းပါးကနေတစ်ဆင့် လေ့လာကြည့်ရအောင်နော်။

၁။  အိပ်ချိန်နည်းခြင်း
မကြာခဏ အအေးမိတယ်၊ ဖျားနာလွယ်တယ်ဆိုရင် အိပ်စက်ချိန် ဘယ်နှနာရီရှိသလဲလို့ တစ်ချက်ပြန်ကြည့်ပေးပါ။ အရွယ်ရောက်ပြီးသူတစ်ယောက်ဟာ တစ်နေ့ကို ၇-၉ နာရီလောက် အိပ်စက်မှ ကျန်းမာရေးကောင်းမှာပါ။

၂။  လေ့ကျင့်ခန်းမလုပ်ခြင်း
လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်ကနေ စိတ်ခံစားချက်ကောင်းမွန်စေတဲ့ ဓာတုပစ္စည်းတွေ ထုတ်ပေးပြီး ကောင်းကောင်းအိပ်ပျော်စေလို့ ကိုယ်ခံအားကောင်းစေပါတယ်။ မိမိတို့ကသာ လေ့ကျင့်ခန်းမလုပ်ဘူးဆိုရင် အအေးမိဖျားနာနိုင်ချေ မြင့်တက်လာနိုင်လို့ တစ်နေ့ နာရီဝက်လောက်တော့ ပုံမှန်လေး လမ်းလျှောက်ပေးဖို့ လိုအပ်ပါတယ်။

Biogesic Adult IA 1

၃။  ကျန်းမာရေးနဲ့မညီညွတ်တာတွေ စားသောက်ခြင်း
အချိုကဲတဲ့ အစားအသောက်တွေက ကိုယ်ခံအားနည်းစေမှာ အသေအချာပါပဲ။ ဒါတွေအစား အရောင်စုံတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို ပိုပြီးစားပေးပါ။

၄။  အမြဲလိုလို စိတ်ဖိစီးနေခြင်း
စိတ်ဖိစီးမှုဆိုတာ လူတိုင်းမှာရှိပေမယ့် အချိန်အကြာကြီး စိတ်ဖိစီးနေရင်တော့ ကိုယ်ခံအားစနစ်အတွက် မကောင်းပါဘူးနော်။ ကိုယ်ခံအားနည်းပြီး အအေးမိတာကစလို့ ပြင်းပြင်းထန်ထန်ရောဂါတွေအထိ ဖြစ်နိုင်လို့ စိတ်ဖိစီးမှုလျှော့ချဖို့အတွက် တရားထိုင်ပေးပါ။

Biogesic Adult IA 2

၅။  တစ်ကိုယ်တည်း နေထိုင်ခြင်း
လူအများနဲ့ ပေါင်းသင်းဆက်ဆံတာဟာ ကျန်းမာရေးအတွက်ကောင်းတယ်လို့ ပြောကြပါတယ်။ မိသားစုဝင်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အဆက်အသွယ်မလုပ်ဘဲ တစ်ကိုယ်တည်း အထီးကျန်ကျန် နေမယ်ဆိုရင်တော့ ကိုယ်ခံအားလည်းကောင်းမှာ မဟုတ်ပါဘူးနော်။

၆။  ရယ်မောမှု မရှိခြင်း
ဟာသရုပ်ရှင်တွေကြည့်ပြီး ဟက်ဟက်ပက်ပက် ရယ်မောပေးတာဟာ stress hormone တွေကို ကျစေလို့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)