ဖျားနာတဲ့အခါ ဘာကြောင့်ချမ်းတုန်ရသလဲ?
ကျွန်ုပ်တို့အားလုံး ကိုယ်အရမ်းပူလာတဲ့အခါမှာ ချမ်းတုန်တာကို ကြုံတွေ့ရလေ့ ရှိပါတယ်။
ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးတွေက ကိုယ်အပူချိန် 98.6°F မှာ အကောင်းဆုံး ပွားများနိုင်ကြပါတယ်။ ပြင်ပပတ်၀န်းကျင်အပူချိန် 1 ဒီဂရီ (သို့) 2 ဒီဂရီလောက် တက်တာနဲ့ ခန္ဓာကိုယ်က ဗိုင်းရပ်စ်တွေ ကြီးထွားမှုကို ရပ်တန့်စေပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ ကိုယ်ပူကြရပါတယ်။
ဦးနှောက်ကနေ သတ်မှတ်ထားတဲ့ ခန္ဓာကိုယ်အပူချိန်ကို မြှင့်တက်ဖို့စေခိုင်းတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေကပါ ဒီအပူချိန်မြင့်မြင့်ကို လိုက်ဖို့လိုတယ်လို့ မှားပြီးတော့ ထင်ကြပါတယ်။ ခန္ဓာကိုယ်ရဲ့ အပူချိန် အသစ်ထက် ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်က ပိုအေးနေတဲ့အခါမှာ ချမ်းတယ်လို့ ခံစားရပါတယ်။ ဒီအခါမှာ ခန္ဓာကိုယ်က ကြွက်သားတွေကို ကျုံ့လိုက် ဆန့်လိုက် လုပ်ခြင်းအားဖြင့် အပူတွေထွက်စေပြီး ခန္ဓာကိုယ်ကို တုန်စေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























