/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဖျားနားကင်းဝေးပြီး-ကိုယ်ခံအားကောင်းစေမယ့်-အစားအစာများ

ဖျားနားကင်းဝေးပြီး ကိုယ်ခံအားကောင်းစေမယ့် အစားအစာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       ကိုယ်ခံအားကောင်းစေဖို့ ခန္ဓာကိုယ်ထဲမှာ prebiotics၊ probiotics လို့ခေါ်တဲ့ အကြိုဇီဝပိုး (မိတ်ဆွေဘက်တီးရီးယားပိုး) တွေ ပွားများနေဖို့ လိုအပ်ပါတယ်။ အဆိုပါ အကျိုးပြုဘက်တီးရီးယားပိုးတွေဟာ အစာအိမ် အူလမ်းကြောင်းတစ်လျှောက်မှာ တည်ရှိနေပြီး ဝင်ရောက်လာတဲ့ရောဂါပိုးတွေကို ခုခံတွန်းလှန်ပေးကာ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေ ကပ်တွယ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားကောင်းနေသူတစ်ယောက်ဟာ တော်ရုံတန်ရုံ နေမကောင်းမဖြစ်ဘဲ ကြံ့ကြံ့ခံနိုင်စွမ်းရှိတာပါ။
       ရာသီအကူးအပြောင်းမှာ ဖြစ်လေ့ရှိတဲ့ ကူးစက်ရောဂါပိုး ဝင်ရောက်ခြင်းကို မလွဲမရှောင်သာလို့ ခံစားလိုက်ရမယ်ဆိုရင်လည်း မိတ်ဆွေဘက်တီးရီးယားပိုးတွေသာ ခံနိုင်ရည်အားကောင်းနေပါက ရောဂါပိုးကို လွယ်တလင့်တကူ တိုက်ထုတ်နိုင်ပြီး အချိန်တိုအတွင်း ကျန်းမာသန်စွမ်းလာနိုင်မှာပါ။ ဒါကြောင့် ကိုယ်ခံအားကောင်းစေဖို့ နောက်ကွယ်မှ လုပ်ဆောင်ပေးနေတဲ့ မိတ်ဆွေဘက်တီးရီးယားပိုးလေးတွေ ခန္ဓာကိုယ်ထဲ ကိန်းအောင်းနေနိုင်အောင် ဘယ်လိုအစားအစာတွေ စားပေးသင့်သလဲဆိုတာနှင့်တကွ နာမကျန်းဖြစ်လာပါက ဘယ်လိုအစားအစာတွေကို ဦးစားပေးစားသင့်သလဲ ဆိုတာကိုပါ ဖော်ပြပေးလိုက်ပါတယ်။

1.    Prebiotics ပါဝင်သော အစားအစာ
       ကညွတ်၊ ကြက်သွန်ဖြူ၊ ချင်း (ဂျင်း)၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ပဲသီးတောင့်၊ အုတ်ဂျုံ၊ အာလူး၊ ကန်စွန်းဥ၊ ဂျုံနဲ့ လုပ်ထားတဲ့အစားအစာ၊ ပန်းသီး၊ ငှက်ပျောသီး၊ ဘယ်ရီသီး၊ Vitamin C ပါဝင်သောအသီးများ (သံပုရာသီး၊ လိမ္မော်သီး)၊ ပဲအမျိုးမျိုး၊ နံနံပင် စတဲ့ Prebiotics ကြွယ်ဝတဲ့ အစားအစာတွေကို နေ့စဉ် ပါဝင်အောင် စားပေးသင့်ပြီး တကယ်လို့ မိမိကိုယ်ကို ခံနိုင်ရည်အားယုတ်လျော့နေတယ်လို့ ယူဆပါက စားနေကျပမာဏထက် ပိုတိုးကာ စားပေးသင့်ပါတယ်။

Bio Adult 1

2.    Probiotics ပါဝင်သော အစားအစာ
       ဒိန်ချဉ်၊ ဒိန်ခဲ၊ အချဉ်စိမ်တို့စရာ၊ ဂေါ်ဖီချဉ်၊ Kimchi၊ miso (ဂျပန်တို့ဟူးဟင်းရည်)၊ soy sauce (ဂျပန်ငံပြာရည်) စတဲ့ အစားအစာတွေကို တနေ့တာ အစားအစာစာရင်းမှာ တစ်မျိုး (သို့) နှစ်မျိုးလောက် ပါဝင်စေသင့်ပြီး ကိုယ်ခံအားနည်းနေသူဖြစ်ပါက ပမာဏများများ စားပေးသင့်ပါတယ်။

3.    နာမကျန်းဖြစ်နေချိန်တွင် စားပေးသင့်သော အစားအစာ
       ကြက်စွပ်ပြုတ်၊ ကြက်သွန်ဖြူ၊ လက်ဖက်စိမ်းလက်ဖက်ရည်၊ ပျားရည်တို့ကို စားသုံးပေးပါက ရောဂါပိုးတွေကို အရှိန်သေစေပြီး အချိန်တိုအတွင်း ပြန်လည်ကြံ့ခိုင်သန်စွမ်းစေနိုင်ပါတယ်။

CMS (www.drmyanmar.com)

Bio Adult 2

(Zawgyi)

       ကိုယ္ခံအားေကာင္းေစဖို႔ ခႏၶာကိုယ္ထဲမွာ prebiotics၊ probiotics လို႔ေခၚတဲ့ အႀကိဳဇီဝပိုး (မိတ္ေဆြဘက္တီးရီးယားပိုး) ေတြ ပြားမ်ားေနဖို႔ လိုအပ္ပါတယ္။ အဆိုပါ အက်ိဳးျပဳဘက္တီးရီးယားပိုးေတြဟာ အစာအိမ္ အူလမ္းေၾကာင္းတစ္ေလွ်ာက္မွာ တည္ရွိေနၿပီး ဝင္ေရာက္လာတဲ့ေရာဂါပိုးေတြကို ခုခံတြန္းလွန္ေပးကာ မေကာင္းတဲ့ ဘက္တီးရီးယားပိုးေတြ ကပ္တြယ္ျခင္းမွလည္း ကာကြယ္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ္ခံအားေကာင္းေနသူတစ္ေယာက္ဟာ ေတာ္႐ုံတန္႐ုံ ေနမေကာင္းမျဖစ္ဘဲ ႀကံ့ႀကံ့ခံႏိုင္စြမ္းရွိတာပါ။
       ရာသီအကူးအေျပာင္းမွာ ျဖစ္ေလ့ရွိတဲ့ ကူးစက္ေရာဂါပိုး ဝင္ေရာက္ျခင္းကို မလြဲမေရွာင္သာလို႔ ခံစားလိုက္ရမယ္ဆိုရင္လည္း မိတ္ေဆြဘက္တီးရီးယားပိုးေတြသာ ခံႏိုင္ရည္အားေကာင္းေနပါက ေရာဂါပိုးကို လြယ္တလင့္တကူ တိုက္ထုတ္ႏိုင္ၿပီး အခ်ိန္တိုအတြင္း က်န္းမာသန္စြမ္းလာႏိုင္မွာပါ။ ဒါေၾကာင့္ ကိုယ္ခံအားေကာင္းေစဖို႔ ေနာက္ကြယ္မွ လုပ္ေဆာင္ေပးေနတဲ့ မိတ္ေဆြဘက္တီးရီးယားပိုးေလးေတြ ခႏၶာကိုယ္ထဲ ကိန္းေအာင္းေနႏိုင္ေအာင္ ဘယ္လိုအစားအစာေတြ စားေပးသင့္သလဲဆိုတာႏွင့္တကြ နာမက်န္းျဖစ္လာပါက ဘယ္လိုအစားအစာေတြကို ဦးစားေပးစားသင့္သလဲ ဆိုတာကိုပါ ေဖာ္ျပေပးလိုက္ပါတယ္။

1.    Prebiotics ပါဝင္ေသာ အစားအစာ
       ကၫြတ္၊ ၾကက္သြန္ျဖဴ၊ ခ်င္း (ဂ်င္း)၊ ၾကက္သြန္ၿမိတ္၊ ၾကက္သြန္နီ၊ ပဲသီးေတာင့္၊ အုတ္ဂ်ဳံ၊ အာလူး၊ ကန္စြန္းဥ၊ ဂ်ဳံနဲ႔ လုပ္ထားတဲ့အစားအစာ၊ ပန္းသီး၊ ငွက္ေပ်ာသီး၊ ဘယ္ရီသီး၊ Vitamin C ပါဝင္ေသာအသီးမ်ား (သံပုရာသီး၊ လိေမၼာ္သီး)၊ ပဲအမ်ိဳးမ်ိဳး၊ နံနံပင္ စတဲ့ Prebiotics ႂကြယ္ဝတဲ့ အစားအစာေတြကို ေန႔စဥ္ ပါဝင္ေအာင္ စားေပးသင့္ၿပီး တကယ္လို႔ မိမိကိုယ္ကို ခံႏိုင္ရည္အားယုတ္ေလ်ာ့ေနတယ္လို႔ ယူဆပါက စားေနက်ပမာဏထက္ ပိုတိုးကာ စားေပးသင့္ပါတယ္။

2.    Probiotics ပါဝင္ေသာ အစားအစာ
       ဒိန္ခ်ဥ္၊ ဒိန္ခဲ၊ အခ်ဥ္စိမ္တို႔စရာ၊ ေဂၚဖီခ်ဥ္၊ Kimchi၊ miso (ဂ်ပန္တို႔ဟူးဟင္းရည္)၊ soy sauce (ဂ်ပန္ငံျပာရည္) စတဲ့ အစားအစာေတြကို တေန႔တာ အစားအစာစာရင္းမွာ တစ္မ်ိဳး (သို႔) ႏွစ္မ်ိဳးေလာက္ ပါဝင္ေစသင့္ၿပီး ကိုယ္ခံအားနည္းေနသူျဖစ္ပါက ပမာဏမ်ားမ်ား စားေပးသင့္ပါတယ္။

3.    နာမက်န္းျဖစ္ေနခ်ိန္တြင္ စားေပးသင့္ေသာ အစားအစာ
       ၾကက္စြပ္ျပဳတ္၊ ၾကက္သြန္ျဖဴ၊ လက္ဖက္စိမ္းလက္ဖက္ရည္၊ ပ်ားရည္တို႔ကို စားသုံးေပးပါက ေရာဂါပိုးေတြကို အရွိန္ေသေစၿပီး အခ်ိန္တိုအတြင္း ျပန္လည္ႀကံ့ခိုင္သန္စြမ္းေစႏိုင္ပါတယ္။

CMS (www.drmyanmar.com)