/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ဖျော်ရည်များနှင့်-သွားကျန်းမာရေး

ဖျော်ရည်များနှင့် သွားကျန်းမာရေး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ကျွနု်ပ်တို့ စားလိုက်သောက်လိုက်တဲ့ အစားအစာနဲ့ အရည်တွေအားလုံးက ပါးစပ်ထဲကို စတင်ဝင်ရောက်တဲ့ အချိန်ကစပြီး ကျန်းမာရေးအပေါ်မှာ တဖြည်းဖြည်းချင်း သက်ရောက်မှုတွေ ရှိစေပါတယ်။

          အဖျော်ယမကာတွေရဲ့ သွားတွေအပေါ် အကျိုးသက်ရောက်မှုက အကြောင်းအမျိုးမျိုးပေါ်မှာ မူတည်ပြီးတော့ အဓိကအားဖြင့်တော့ သူတို့ရဲ့အက်ဆစ်ဓာတ်အပေါ်မှာ မူတည်ပါတယ်။ pH 5.5 အောက် နည်းတာကို အက်ဆစ်ဓာတ်လို့ သတ်မှတ်ပါတယ်။ အက်ဆစ်ဓာတ်များတဲ့ အစားအစာတွေက ကြွေလွှာကို ပျော့သွားစေပြီး သွားခေါင်း စတာတွေဖြစ်စေပြီး သွားကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ အက်ဆစ်နဲ့ သကြားဓာတ်များတဲ့ ဖျော်ရည်တွေက သွားကို ပျက်စီးစေတာ များပါတယ်။

 

1.      ဝိုင်

          ဝိုင်လို့ဆိုတဲ့အခါမှာ အနီရောင်ဝိုင်က သွားကျန်းမာရေးအတွက် ပိုကောင်းပါတယ်။

          ဝိုင်ဖြူက ဝိုင်နီထက် အက်ဆစ်ဓာတ် ပိုများတဲ့အတွက် ကြွေလွှာကို တိုက်စားကာ သွားကို ထိခိုက်မှု ပိုများစေနိုင်ပါတယ်။

 

2.      ဘီယာ

          ဘီယာက သွားအပေါ် ဘယ်လိုသက်ရောက်မှု ရှိတယ်ဆိုတာကို လေ့လာထားတဲ့ အထောက်အထားများများ မရှိပေမယ့်လည်း အထောက်အထားအချို့အရတော့ ဘီယာက သွားအတွက် အကျိုးကျေးဇူးရှိတယ်လို့ ဆိုပါတယ်။

          Hops လို့ခေါ်တဲ့ ဘီယာမှာ ပါဝင်တဲ့ပစ္စည်းတစ်မျိုးက ခံတွင်းကျန်းမာရေးအတွက် ကောင်းပြီး သွားခေါင်းတွေကို ကာကွယ်နိုင်တယ်လို့ ဆိုပေမယ့် အတည်ပြုဖို့တော့ စောပါသေးတယ်။

 

3.      Vodka

          Vodka မှာ pH 4 ဝန်းကျင်ရှိပေမယ့်လည်း တစ်ခါတလေမှာ 8 အထိ ရှိနိုင်ပါတယ်။ ဈေးပေါတဲ့ vodka အမျိုးအစားတွေက pH ပိုနည်းတတ်ပြီး ဈေးကြီးတာတွေက pH များတတ်ပါတယ်။ ဒီတော့ vodka အများအပြားက သွားကို ထိခိုက်စေနိုင်ပါတယ်။ အရက်ကလည်း ခြောက်သွေ့စေတတ်ပါတယ်။ တံတွေးက ပျက်စီးမှုတွေကို ကာကွယ်နိုင်တဲ့ သဘာဝတံတိုင်းဖြစ်တဲ့အတွက် ဘယ်အရာကိုမဆို အလွန်အကျွံသောက်ခြင်းက အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

 

4.      ရေ

          ရေဓာတ်ပြည့်ဝခြင်းက တံတွေးစီးဆင်းမှု များစေပြီး သွားပိုးစားခြင်းကနေပြီး ကာကွယ်ပေးတဲ့ ပစ္စည်းတွေ စီးဆင်းမှုကိုလည်း များစေပါတယ်။

 

5.      စပါကလင်

          ဒါကတော့ အန္တရာယ်ရှိပုံ မပေါ်ပါဘူး။ လေ့လာမှုတစ်ခုအရ စပါကလင်မှာ pH 2.74 နဲ့ 3.34 ကြား ရှိပါတယ်။ ဒါက လိမေ္မာ်ရည်ထက် ပိုပြီးသွားကို တိုက်စားနိုင်စွမ်း ရှိပါတယ်။

 

6.      ကော်ဖီ

          ကော်ဖီက pH 5 လောက်ရှိပြီး အက်ဆစ်ဓာတ် အနည်းငယ် ရှိပါတယ်။ ဒါပေမဲ့လည်း မနက်ပိုင်း ကော်ဖီတစ်ခွက်သောက်ခြင်းက သွားအတွက် ကောင်းတယ်ဆိုတဲ့ အထောက်အထား ရှိပါတယ်။ လေ့လာမှုတစ်ခုမှာ ကော်ဖီထဲကို ဘာမှမထည့်ဘဲ သောက်သုံးခြင်းက သွားခေါင်းတွေ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ တွေ့ရှိရပါတယ်။ ဒါကြောင့် သွားကျန်းမာရေးအတွက်ဆိုရင် ကော်ဖီကို ချိုစေမယ့်အရာတွေ မထည့်ဘဲ သောက်ပါ။

 

7.      နွားနို့

          အသားဓာတ်၊ ကယ်ဆီယမ်စတဲ့ နို့မှာပါဝင်တဲ့ ပါဝင်ပစ္စည်း အများအပြားက သွားခေါင်းဖြစ်စေတဲ့ ဘက်တီးရိးယားပိုးတွေ တွယ်ကပ်ခြင်းနဲ့ ပေါက်ဖွားရှင်သန်ခြင်းကို တားဆီးပေးပါတယ်။

          pH 6.5 အထက်ရှိတဲ့ နို့က သွားတွေကို သန်မာပြီး ကျန်းမာစေတဲ့ အကောင်းဆုံး ရွေးချယ်မှုပါပဲ။

 

8.      ဆိုဒါ

          ဒီလိုအချိုရည်တွေက ဝစေရုံသာမကဘူး သွားကျန်းမာရေးအပေါ်မှာလည်း သက်ရောက်မှု များစွာရှိပါတယ်။ ဒီအချိုရည်တွေမှာ ပါဝင်တဲ့ အင်ဆစ်ဓာတ်နဲ့ ပါဝင်ပစ္စည်းတွေက ကြွေလွှာကို ဖျက်ဆီးတဲ့နေရာမှာ အရေးကြီးတဲ့အစိတ်အပိုင်းကနေ ပါဝင်ပါတယ်။

 

9.      သစ်သီးဖျော်ရည်

          သစ်သီးဖျော်ရည်အများစုက ပြင်းအားများပြီး သစ်သီးကို သဘာဝအတိုင်းစားတာထက် အက်ဆစ်ဓာတ် ပိုများစေပါတယ်။ ဒီတော့ ပျက်စီးမှုတွေကို လျော့ကျစေဖို့အတွက် သစ်သီးဖျော်ရည်တွေကို ရေ 50% လောက် ရောသောက်ပါ။

 

10.    Fruit punch

          Fruit punch လို့ အညွှန်းထိုးထားတဲ့ ဖျော်ရည်တွေက ဖျော်ရည်အစစ် မဟုတ်ပါဘူး။ ဒါတွေက သကြား (သို့) fructose ပါဝင်မှု မြင့်မားတဲ့ ဖျော်ရည်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် တကယ့်ဖျော်ရည်တွေမှာရှိတဲ့ အရည်အသွေးတွေ ရှိရမယ့်အစား သွားကျန်းမာရေးကို ဆိုးစေတဲ့ သကြားဓာတ်တွေပဲ ပါဝင်ပါတယ်။

 

11.    လက်ဖက်ရည်

          လက်ဖက်ရည်အကြောင်းပြောရင် လက်ဖက်ရည် အမျိုးအစားအပေါ် မူတည်ပါတယ်။ လက်ဖက်စိမ်းက သွားဖုံးကျန်းမာရေးအတွက် အကျိုးရှိစေပြီး သွားပိုးစားခြင်းကို ကာကွယ်နိုင်ပါတယ်။

          လက်ဖက်ရည်အေးအကြောင်း ပြောရရင်တော့ မတူတော့ပါဘူ။ လက်ဖက်ရည်အေး အများစုမှာ pH 2.5-3.5 သာ ရှိပြီး သကြားတွေ အများကြီး ပါဝင်ပါတယ်။ တချို့လက်ဖက်ရည်ချိုအများစုက ဆိုဒါတွေထက်တောင် ပိုဆိုးပါသေးတယ်။

 

>>    Takeaway Tips

          ကျွနု်ပ်တို့ သောက်လိုက်တဲ့အရာတွေက သွားကျန်းမာရေးအပေါ်မှာ ချက်ချင်း အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ ဒါပေမဲ့လည်း သွားထိခိုက်ပျက်စီးမှုတွေကို ရှောင်ရှားနိုင်မယ့်နည်းလမ်းတွေ ရှိပါတယ်။

          အက်ဆစ်ဓာတ်ပါတဲ့ ဖျော်ရည်တွေသောက်ရင် ပိုက်နဲ့ စုပ်သောက်ခြင်းက သွားနဲ့ထိတွေ့မှုကို နည်းစေပါတယ်။ သွားကို ထိခိုက်စေနိုင်တဲ့ တစ်ခုခုစားပြီးတာနဲ့ သွားတိုက်သင့်ပါတယ်။ ဖျော်ရည်တွေကြောင့် ပျော့သွားတဲ့ကြွေလွှာပေါ်မှာ သွားတိုက်ခြင်းက ဆိုးကျိုးထက် ကောင်းကျိုး ပိုဖြစ်စေနိုင်ပါတယ်။ သောက်ပြီး မိနစ် ၃၀ ကြာမှ သွားတိုက်ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)