ဘယ်ဆန်စားရင် ကျန်းမာရေးနဲ့ ညီညွတ်မလဲ
ဆန်ဖြူဖြူဖွေးဖွေးတွေကတော့ တကမ်ဘာလုံးမှာ သိုလှောင်ချက်ပြုတ် သုံးစွဲနေကြတဲ့အပြင် အစားအများဆုံးဆန်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အပေါ်ကအခွံတွေတွေကို အကုန်အစင် ဖယ်ထားတဲ့အပြင် ထပ်ခါထပ်ခါဖွေးအောင် ပြုလုပ်ဖွပ်ထားတဲ့အတွက်
● အာဟာရတန်ဖိုး နိမ့်ပါတယ်။
● ဆီးချိုတက်နှုန်း ဂလူးကို့စ် အညွန်းကိန်း အမြင့်မားဆုံးဆန်လည်း ဖြစ်ပါသတဲ့။
● ကြာကြာဖွပ်ထားတော့ ကြာကြာခံတာလောက်ပဲ ကောင်းကွက်ရှိပါတယ်။
● ချက်ပြီးရင် အမြင်လှတယ်။
● ဖွေးတယ်၊ နုတယ် စားကောင်းတယ်။
ဆန်လုံးညိုကတော့ အပေါ်အခွံကို အပြီးအစီး မချွတ်ထားတဲ့ဆန်ပေါ့၊ အညိုအမည်း အနီလေးတွေ လာတယ်။ ပြဿနာက ကြာကြာမခံဘူး။ ဖွေးဖြူနေတဲ့ဆန်တွေက ကြာကြာခံတယ်။ ဆန်လုံးညိုမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အာဟာရဓာတ်တွေ ပိုပါတယ်။
ဆန်လုံးညိုမှာပါတဲ့ ဗီတာမင်တွေက -
● ဗီတာမင်ဘီ
● ဘီဝမ်း
● ကယ်လဆီယမ်
● ဗီတာမင်အီး
● ဆယ်လယ်နီယမ်နဲ့
● မဂ္ဂနီဆီယမ်တို့ ဖြစ်ပါတယ်။
ဆန်ဖြူဖြူထက် ပိုပြီးကျန်းမာစေတဲ့ဆန်ပါ။ စားရတာတော့ ကြမ်းတယ်။ အမျှင်ဓာတ် အများကြီးပါတော့ ဝမ်းသိပ်မချုပ်ဘဲ အစာအိမ်နဲ့ အူလမ်းကြောင်းကို အများကြီး သန့်သွားစေတယ်။ နောက်ပြီး ကိုလက်စထရော အဆီဓာတ်ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























