ဘယ်ဗီတာမင်က ခေါင်းကိုက်ခြင်းကို လျော့ချပေးနိုင်သလဲ?
ခေါင်းကိုက်ကိုက်နေရင် အကိုက်အခဲပျောက်ဆေးတွေသောက်တာအပြင် ဘာကြောင့် ခေါင်းကိုက်ရတယ်ဆိုတာကို အဖြေရှာကြည့်ဖို့လိုတာပေါ့။ တစ်ခါတစ်လေကျရင် ဗီတာမင်ချို့တဲ့မှုကြောင့်လည်း ခေါင်းကိုက်နိုင်တာမို့ ဗီတာမင်တွေအကြောင်းကို ကြည့်ကြည့်ကြရအောင်ပါ။
1. ဗီတာမင် C
ဗီတာမင် C ချို့ယွင်းမှုကြောင့်လည်း ခေါင်းကိုက်နိုင်ပါတယ်တဲ့။ ဗီတာမင် C ဟာ ဆံခြည်မျဉ်သွေးကြောလေးတွေ သန်မာမှုအတွက်အရေးပါပါတယ်။ ဦးနှောက်ထဲသွေးအသွားအလာကောင်းဖို့အပြင် Norepinephrineနဲ့ serotoninလို့ခေါ်တဲ့ အာရုံကြောဆက်သွယ်ပစ္စည်းတွေ ထုတ်လုပ်ရာမှာလည်း အရေးပါပါတယ်။ ဒီဆက်သွယ်ပစ္စည်းတွေမလုံလောက်တဲ့အခါ စိတ်ဖိစီးမှုကြောင့်ခေါင်းကိုက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အချဉ်သီးတွေ၊ ပန်းဂေါ်ဖီစိမ်းနဲ့ အစိမ်းရောင်အသီးအရွက်တွေအားလုံးဟာ ဗီတာမင် C ကြွယ်ဝတဲ့ အစားအသောက်တွေပါပဲ။
2. ဗီတာမင် B6
ဗီတာမင် C လိုပဲ ဗီတာမင် B6 ဟာလည်း အာရုံကြောဆက်သွယ်ပစ္စည်းတွေ ထုတ်လုပ်ဖို့အရေးပါတဲ့အတွက် ဦးနှောက်ရဲ့နာကျင်မှုကို လက်ခံနိုင်စွမ်းတွေ ပိုမိုမြင့်တက်လာစေနိုင်ကြောင်း တွေ့ရပါတယ်။ ဒါ့အပြင် ဗီတာမင် B6 ချို့တဲ့မှုကြောင့် ဗီတာမင် B12သိုလှောင်နိုင်စွမ်းနဲ့စုပ်ယူနိုင်စွမ်းကိုလည်း လျော့နည်းစေနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် B6 ဟာ တစ်ခြားဗီတာမင်ဘီဓာတ်ပေါင်းစုရဲ့ လုပ်ငန်းဆောင်တာတွေအတွက်လည်း အရေးကြီးတာမို့ ဗီတာမင်ဘီဓာတ်ပေါင်းစုချို့တဲ့တဲ့လက္ခဏာတွေအားလုံး တွေ့လာရနိုင်ပါတယ်။
မကြာခဏဆိုသလိုပဲ အရက်နဲ့ သနေ္ဓတားဆေးတွေကြောင့် ဗီတာမင် B6 ချို့တဲ့တာကို တွေ့ရတတ်ပါတယ်။ ကြက် ဘဲတွေ၊ ငါးနဲ့ ကြက်ဥတွေဟာ ဘီ 6 ကြွယ်ဝတဲ့အစားအသောက်တွေပါပဲ။
Enervon-C Adult 1

3. ဗီတာမင် B12
ဗီတာမင် B12 ဆိုတာဟာ သွေးနီဥထုတ်လုပ်ဖို့အတွက်ရော၊ အဆီနဲ့ ကစီဓာတ်တွေရဲ့ ဇီဝကမ္မဖြစ်စဉ်အတွက်ပါ အရေးပါတဲ့ဗီတာမင်တစ်မျိုးပါ။ ဒါကြောင့် ဗီတာမင် B12 ချို့တဲ့တဲ့အခါ တစ်ရှူးတွေမှာ အောက်စီဂျင်ကောင်းကောင်းမရတော့ဘဲ ခေါင်းကိုက်တာအပါအဝင် နာတာရှည်နာကျင်ခြင်းတွေ ခံစားရတော့တာပါပဲ။ ဗီတာမင် B12 ဟာ ဗီတာမင် B6 နဲ့ ဖောလစ်အက်စစ်မပါဘဲ အလုပ်ကောင်းကောင်းမလုပ်နိုင်ပါဘူး။ ဒါကြောင့် ဗီတာမင် B12 ပဲချို့တဲ့တဲ့၊ ဖောလစ်အက်ဆစ်ပဲချို့တဲ့တဲ့ ရောဂါလက္ခဏာတွေက တူနေမှာပါ။ ဗီတာမင် B12 ကြွယ်ဝဖို့ အမဲသား၊ ကြက်သားနဲ့ ငါးတွေစားပေးပါ။
4. ဗီတာမင် A
နာတာရှည်ခေါင်းကိုက်နေသူတွေမှာ ဗီတာမင် A ကိုလည်း သတိထားဖို့လိုပါတယ်။ ဗီတာမင် A ဟာ အဆီမှာပျော်ဝင်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပြီး အဆီဆဲလ်တွေထဲမှာ အဆိပ်အတောက်ပမာဏဖြစ်လာတဲ့အထိ စုပုံလာနိုင်ပါတယ်။ ဗီတာမင် A ဟာ ရှိသင့်တဲ့ပမာဏထက်ကျော်လွန်နေရင်တော့ ခေါင်းကိုက်ခြင်းဝေဒနာကို ခံစားလာရပါလိမ့်မယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Enervon-C Adult 2

(Unicode)
မကွာခဏဆိုသလိုပဲ အရကျနဲ့ သန်ဓတေားဆေးတှကွေောင့ျ ဗီတာမငျ B6 ခြို့တဲ့တာကို တှေ့ရတတျပါတယျ။ ကွကျ ဘဲတှေ၊ ငါးနဲ့ ကွကျဥတှဟော ဘီ 6 ကွှယျဝတဲ့အစားအသောကျတှပေါပဲ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























