မကြာခဏ ခေါင်းကိုက်နေတာက သိုင်းရွိုက်ဟော်မုန်း ချို့တဲ့လို့ ဖြစ်နိုင်တယ်နော်
သုတေသနအသစ်တစ်ခုမှာ ခေါင်းကိုက်တတ်တဲ့လူတွေ အထူးသဖြင့် ခေါင်းတစ်ခြမ်းကိုက်တာက သိုင်းရွိုက်ဟော်မုန်း ချို့တဲ့လို့ အဖြစ်များတယ်လို့ တွေ့ရှိရပါတယ်။
University of Cincinnati က သုတေသီတွေက ခေါင်းကိုက်တတ်တဲ့သူတွေက မကိုက်တဲ့သူတွေနဲ့စာရင် သိုင်းရွိုက်ဟော်မုန်း ချို့တဲ့သောရောဂါကို ၂၁% လောက် ပိုပြီးခံစားရတယ်လို့ တွေ့ရှိခဲ့ပါတယ်။
သိုင်းရွိုက်ဂလင်းကနေပြီးတော့ သိုင်းရွိုက်ဟော်မုန်း အလုံအလောက် မထုတ်ပေးနိုင်တဲ့အခါမှာ ကောင်းကောင်း အလုပ်မလုပ်နိုင်တော့တာကို သိုင်းရွိုက်ဟော်မုန်း ချို့တဲ့တယ်လို့ ခေါ်ပါတယ်။ ဒီအခါမှာ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေ၊ ကိုယ်အလေးချိန်၊ အားအင်၊ အာရုံစိုက်နိုင်စွမ်းနဲ့ အမျိုးသမီးတွေမှာဆိုရင် ရာသီစက်ဝန်းတွေအပေါ်ကို ထိခိုက်လာပြီးတော့ ဝမ်းချုပ်ခြင်း၊ အမွေးတွေ ကျွတ်ခြင်းတွေကိုတောင်မှ ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါက ၂% လောက်သော လူတွေမှာဖြစ်ပြီးတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် ၅-၈ ကြိမ်လောက် ပိုအဖြစ်များပါတယ်။
ခေါင်းကိုက်တာကြောင့် သိုင်းရွိုက်ပြဿနာကိုဖြစ်စေတဲ့ အကြောင်းပြချက် အများကြီး ရှိပါတယ်။ ဒီထဲက ဖြစ်နိုင်ချေရှိတဲ့တစ်ခုကတော့ ခေါင်း ခဏခဏကိုက်တဲ့အတွက်ကြောင့် ကိုယ်ခံအားစနစ်ကို သွားပြီးလှုံ့ဆော်တဲ့အတွက် ကိုယ်ခံအားစနစ်က တက်ကြွလွန်သွားပြီးတော့ သိုင်းရွိုက်ရောဂါ ဖြစ်နိုင်ချေကို ပိုများစေပါတယ်။ ဒီအခြေအနေနှစ်မျိုးလုံးမှာ ရောင်ရမ်းခြင်းကတော့ ပါဝင်နေပါတယ်။
Bio Adult 1

ခေါင်းကိုက်တာကို ကာကွယ်ဖို့ သောက်တဲ့ဆေးအချို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ပြီးတော့ သိုင်းရွိုက်ဟော်မုန်းပမာဏ နည်းလာတာကြောင့်လည်း ခေါင်းကိုက်တာကို ပိုဆိုးပြီးတော့ မကြာခဏဖြစ်စေနိုင်ပါတယ်။ ခေါင်းကိုက်တာအပြင် အမျိုးသမီးတွေ၊ အသက်ကြီးတဲ့သူတွေ၊ အဝလွန်သူတွေ၊ lithium, interferon, amiodarone စတဲ့ ဆေးတွေ သောက်နေတဲ့သူတွေမှာလည်း သိုင်းရွိုက်ချို့တဲ့တာ များပါတယ်။
ဝမ်းသာစရာအချက်ကတော့ သိုင်းရွိုက်ဟော်မုန်း ချို့တဲ့တဲ့လက္ခဏာတွေကို ဟော်မုန်းဆေးအနေနဲ့ သောက်လို့ရပါတယ်။
ဒါကြောင့် မကြာခဏ ခေါင်းကိုက်တတ်တဲ့သူတွေကို သိုင်းရွိုက်ဟော်မုန်း စစ်ကြည့်ဖို့ တိုက်တွန်းထားပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Bio Adult 2

(Unicode)
Dr. Mya Myo Myo Swe (www.drmyanmar.com)






























