/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မနက်အိပ်ရာထလျှင်-ဘာကြောင့်ခံတွင်းအနံ့ဆိုးထွက်ရသလဲ

မနက်အိပ်ရာထလျှင် ဘာကြောင့်ခံတွင်းအနံ့ဆိုးထွက်ရသလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မနက်အိပ်ရာနိုးချိန်မှာခံတွင်းမှာချဉ်နေသလိုဖြစ်ပြီး ခံတွင်းနံ့မကောင်းခြင်း၊ ခံတွင်းထဲမှာခြောက်ကပ်ကပ် ဖြစ်နေသလိုခံစားနေရတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ညဘက်အိပ်စက်ချိန်မှာ တံတွေးထွက်တာနည်းသွားခြင်းကြောင့် ခံတွင်းမှာစိုစွတ်မှုမရှိဘဲ ခံတွင်းခြောက်ခြင်းကိုဖြစ်စေပြီး ပါးစပ်ဟပြီး(ဟောက်ခြင်း) အိပ်စက်တတ်သူတွေမှာဆိုရင် ခံတွင်းပိုခြောက်စေပါတယ်။ ယင်းကဲ့သို့ခံတွင်းခြောက်နေချိန်မှာ အာခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေဟာ ဆာလဖာဒြပ်ပေါင်းတွေကိုထုတ်ခြင်းကြောင့် ခံတွင်းအနံ့ဆိုးထွက်လာရခြင်းဖြစ်ပါတယ်။ ဆေးလိပ်သောက်တတ်ပြီး ညဘက်သွားတိုက်တဲ့အလေ့အကျင့်လည်း မရှိဘူးဆိုပါက သွားမှာအစာတွေကပ်ကျန်နေပြီး ဆာလဖာကိုပိုထွက်စေတဲ့အတွက် ခံတွင်းနံ့ကိုပိုဆိုးစေနိုင်ပါတယ်။

CMS (www.drmyanmar.com)