/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/မိမိကိုယ်ကို-စကားပြောခြင်း၏-အံ့ဖွယ်အကျိုးကျေးဇူးများ

မိမိကိုယ်ကို စကားပြောခြင်း၏ အံ့ဖွယ်အကျိုးကျေးဇူးများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1. မိမိကိုယ်ကို ကျေးဇူးတင်စကား ထုတ်ဖော်ပြောကြားပါ။ မိမိမှာခက်ခဲတဲ့ အခြေအနေတစ်ခုကြုံတွေ့နေချိန် (သို့မဟုတ်) စွန့်စားမှုအသစ်တစ်ခုလုပ်ဆောင်နေတဲ့အချိန် (သို့မဟုတ်) အလုပ်ရှုပ်နေတဲ့အချိန်တွေမှာ ဘယ်သူမှ ကိုယ့်ကိုကျေးဇူးမတင်မချီးမွမ်းခဲ့လျှင်တောင် မိမိကိုယ်ကို ချီးမွမ်းကျေးဇူးတင်ပါ။

 

2. စိတ်အားတက်ကြွခွန်အားဖြစ်စေမယ့်စကားများ မိမိကိုယ်ကိုပြောကြားပေးပါ။ မိမိကို စိတ်အားမြှင့်တင်ပေးမယ့် စကားပြောကြားသူဟာ အချိန်မရွေးရှိနေမှာမဟုတ်တဲ့အတွက် မိမိကိုယ်ကိုအားပေးစကား ပြောကြားပေးခြင်းဟာ စိတ်အားတက်ကြွစေပြီး အလုပ်မှာပဲဖြစ်ဖြစ်၊ ပေါင်းသင်းဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ လူမှုဘဝအပြုအမူမှာပဲဖြစ်ဖြစ် မိမိမျှော်မှန်းထားတဲ့ပန်းတိုင်ကို ရောက်ရှိစေနိုင်ဖို့ အထောက်အကူပေးပါတယ်။

 

3. ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခု ချမှတ်ချိန်မှာ ဖြစ်နိုင်ခြေနှစ်ဘက်လုံးမှ မိမိကိုယ်ကို မိမိ စကားရည်လုကြည့်ပါ။ ဆုံးဖြတ်ချက်တစ်ခုရဲ့ အကျိုးနဲ့အပြစ်တွေနဲ့ ရွေးချယ်စရာတွေကို အသံကျယ်ကျယ်ထွက်ပြီး ရွတ်ဆို ငြင်းချက် ထုတ်ခြင်းအားဖြင့် မှန်ကန်တဲ့ရွေးချယ်မှုဆီကို အလင်းရောက်နိုင်ပါတယ်။ မိမိအတွေးတွေကို အသံထွက် ရွတ်ဆိုခြင်းဟာ မမျှော်လင့်တဲ့လမ်းကြောင်းတစ်ရပ်ကို ညွှန်ပြနိုင်လို့ မိမိကိုယ်မိမိအံ့သြရပါလိမ့်မယ်။

 

4. ဒေါသထွက်စရာများရှိပါက မိမိကိုယ်ကိုရင်ဖွင့်ပေါက်ကွဲပစ်ပါ။ မိမိကိုစိတ်ရှုပ်စေသူများအကြောင်း၊ အခြေအနေကမတရားသည့်အကြောင်းများ မိမိကိုယ်ကိုရင်ဖွင့်ပြောကြားပါ။ ရှက်တတ်သူများအဖို့ သူများနဲ့စကားပြိုင်ပြောဖို့ ဝန်လေးတတ်သည်ဖြစ်ရာ မိမိမှန်ကန်မှုကို မိမိကိုယ်ကို အခိုင်အမာရှင်းလင်းပြောပြပါ။

 

5. မိမိအတွေးများကို မိမိကိုယ်တိုင်ပိုမိုသဘောပေါက်နားလည်အောင် ကြိုးစားပါ။ တစ်ခါတရံမှာ မိမိကိုယ်မိမိ တစ်မျိုးတွေးထားတာ သေချာနေသော်လည်း မိမိမသိစိတ်က တစ်မျိုးတစ်ဖုံပြောကြားနေတတ်ပါတယ်။ မိမိမှာတစ်ခုခုမှားယွင်းနေတာ၊ ပြဿနာတစ်ခုခုရှိနေတာမဟုတ်ဘဲ  ငိုယိုမိနေတယ်ဆိုတာ မိမိမသိစိတ်က မိမိကိုသတိပေးနေတာဖြစ်ပါတယ်။ မိမိကိုယ်ကိုနားလည်သဘောပေါက်စေဖို့ မိမိမသိစိတ်ကိုလည်း မိမိစကားပြောကြည့်ပါ။

 

6. ခက်ခဲတဲ့စကားတွေပြောရတော့မယ်ဆိုလျှင် ပြန်လှန်လေ့ကျင့်ပါ။ မိမိပြောလိုတဲ့အချက်တွေကို ရှင်းရှင်းလင်းလင်းနဲ့ စိတ်မလှုပ်ရှား၊ ဒေါသမထွက်ဘဲပြောကြားဖို့ ပွဲမဝင်ခင်ပြင်ပက လေ့ကျင့်ထားခြင်းဟာ ခက်ခဲတဲ့အကြောင်းအရာ တစ်ခုအကြောင်း တကယ်လက်တွေ့ဆက်ဆံပြောဆိုချိန်မှာ ပိုမိုကောင်းမွန်တဲ့အခြေအနေကိုရရှိနိုင်ပါတယ်။

 

 7. လေ့လာချက်တွေအရ ပစ္စည်းတစ်ခုခုသိမ်းတဲ့အချိန်မှာ မိမိထားတဲ့နေရာကို အသံထွက်ရွတ်ဆိုပေးတာဟာ မိမိသိမ်းဆည်းထားတဲ့နေရာကို ပိုမိုမှတ်မိအောင်ကူညီပေးတယ်လို့ ဆိုပါတယ်။

 

8. စိတ်ဖိစီးမှုတွေ၊ စိတ်ပူပန်စိုးရွံ့မှုတွေကို ဖြေလျော့ဖို့အတွက်ကိုလည်း နည်းလမ်းတစ်ခုအနေနဲ့ မိမိကိုယ်ကို တစ်ကိုယ်တော်ဇာတ်လမ်းပမာ စကားပြောဆိုပေးနိုင်ပါတယ်။

 

 

 Dr. Thanda Lin

 www.drmyanmar.com