မြန်မာနိုင်ငံ၏ COVID-19 နောက်ဆုံးရအခြေအနေ
(၂၆-၄-၂၀၂၀)၊ ည (၈း၀၀) နာရီ
............................................................
(၂၆-၄-၂၀၂၀) ရက်နေ့၊ ညနေအချိန်တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲနမူနာ (၉၄) ခုနှင့် ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) တွင် စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၄၈) ခု စုစုပေါင်း (၁၄၂) ခုတို့တွင် COVID-19 ရောဂါပိုး မတွေ့ရှိရပါ။
(၂၆-၄-၂၀၂၀)ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ (၁၄၆) ဦးရှိပြီ ဖြစ်ပါသည်။
ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာ များအနက် ရောဂါပိုးကင်းစင်သူ (၁၀) ဦး (ဆေးရုံမှ ဆင်းခွင့်ရရှိပြီးသူ (၉) ဦး ရှိပြီ ဖြစ်ပါသည်။ သေဆုံးသူ (၅) ဦးရှိပြီ ဖြစ်ပါသည်။
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအနက် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် အထူးကြပ်မတ်ကုသမှုပေးလျက်ရှိသူ (၂) ဦးနှင့် တောင်ဥက္ကလာပအထူးကု ဆေးရုံတွင် အထူးကြပ်မတ်ကုသမှုပေးလျက်ရှိ သူ (၁) ဦးရှိကာ ကျန်လူနာများ၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပါသည်။
(၂၅-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၆-၄-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၁၃) ဦး ရှိပါသည်။


====================================================
၁။ (၂၅-၄-၂၀၂၀) ရက်နေ့၊ ည နှင့် (၂၆-၄-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယ + တတိယအသုတ်) နှင့် ဆေးသုတေသနဦးစီးဌာန (DMR) မှ (ဒုတိယအသုတ်) ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲအဖြေများတွင် -
• COVID-19 ရောဂါပိုးတွေ့ရှိမှု (လူနာသစ်) = (၂) ဦး ထပ်မံတွေ့ရှိခဲ့ပါသည်။
၂။ သို့ဖြစ်ပါ၍ (၂၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄၆) ဦး တွေ့ရှိခဲ့ပြီဖြစ်ပါသည်။
၃။ (၂၅-၄-၂၀၂၀) ရက်နေ့အတွက် ဓာတ်ခွဲစစ်ဆေးမှုများကို -
• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၃၇၂) ခုအား (၃) သုတ်ခွဲ၍ လည်းကောင်း၊
• ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၅၄) ခုအား (၂) သုတ်ခွဲ၍ လည်းကောင်း စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။
၄။ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦးအား သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်းကုသမှုပေးသွားမည်ဖြစ်ပါသည်။

====================================================
(၂၅-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
၁။ (၂၅-၄-၂၀၂၀) ရက်နေ့၊ ညနေတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲ မှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲနမူနာ (၉၂) ခုနှင့် ဆေးသုတေသနဦးစီးဌာန (DMR) မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၄၀) ခု စုစုပေါင်း (၁၃၂)ခုတို့တွင် COVID-19 ရောဂါပိုး မတွေ့ရှိ (မတွေ့ရှိ) ရပါ။
၂။ (၂၅-၄-၂၀၂၀)ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ (၁၄၄) ဦး ရှိပြီဖြစ်ပါသည်။
၃။ ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့တွင် ဆေးကုသမှုခံယူလျက်ရှိသော လူနာအမှတ် (Case-027) သည် ရောဂါသက်သာကောင်းမွန်လျက်ရှိပြီး၊ ၎င်းထံမှ ဓာတ်ခွဲနမူနာများကို စစ်ဆေးခဲ့ရာ နှစ်ကြိမ် ဆက်တိုက် COVID-19 ရောဂါပိုး မတွေ့ရှိရတော့သဖြင့် ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်လာသူ (၁၀)ဦး ရှိပြီ ဖြစ်ပါသည်။ သေဆုံးသူ (၅) ဦးရှိပါသည်။
၄။ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာများအနက် ဝေဘာဂီအထူး ကုဆေးရုံကြီးတွင် အထူးကြပ်မတ်ကုသမှု ခံယူလျက်ရှိသူ (၂)ဦးနှင့် တောင်ဥက္ကလာပအထူးကု ဆေးရုံတွင် အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိသူ (၁)ဦးရှိကာ ကျန်လူနာများ၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပါသည်။
၅။ (၂၄-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၅-၄-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၁၀)ဦး ရှိပါသည်။































