/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ယခုလို-ကပ်ရောဂါအချိန်မှာ-ကိုယ်ခံအားကောင်းအောင်နေထိုင်ဖို့

ယခုလို ကပ်ရောဂါအချိန်မှာ ကိုယ်ခံအားကောင်းအောင်နေထိုင်ဖို့ အလွန်အရေးကြီးပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သင့်ရဲ့ကိုယ်ခံအား မကောင်းရင် ခန္ဓာကိုယ်ဟာ ဘယ်လိုမှ ကျန်းမာနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုမျိုး ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့ အချိန်မပြောနဲ့၊ အအေးမိ တုပ်ကွေးဖြစ်တတ်တဲ့ ရာသီတွေမှာတောင် ခန္ဓာကိုယ်က ဗီတာမင် တွေ၊ သတ္တုဓာတ်တွေ ပြည့်ဝနေမှ နေကောင်းကျန်းမာမှာ ဖြစ်ပါတယ်။

>>  ရိုးရိုးရှင်းရှင်းနဲ့ ကိုယ်ခံအားမြင့်တက်စေမယ့် နည်းလမ်းတွေလည်း ရှိပါတယ်။ ဘာတွေလဲဆိုတော့ -
၁။ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စားပါ။
အထူးသဖြင့် ခန္ဓာကိုယ်ကို ရောင်ရမ်းစေတဲ့အစားအစာတွေကို ရှောင်ပါ။ သကြား၊ ဟင်းသီးဟင်းရွက်ဆီ၊ ဆီကြော်မုန့်၊ အထားခံအောင်ပြုပြင်ထားတဲ့ အစားအစာတွေကို ရှောင်ပါ။

၂။  ဗီတာမင်စီ  ပါဝင်အောင် စားပါ။
ဗီတာမင်စီ ဟာ အအေးမိ ဖျားနာတွေကို ကာကွယ်ပေးပါတယ်။ ကိုယ်စားတဲ့ အစားအသောက်ထဲမှာ ဗီတာမင်စီ   များများပါဝင်တဲ့ တရုတ်နံနံ၊ ကိုက်လံ၊ ကီဝီ၊ ရှောက်သီး၊ လိမ္မော်သီး စတာတွေ ပါဝင်အောင် စားပါ။

၃။  ကြက်ပြုတ်ရည် သောက်ပါ။
ဒါကလည်း ခန္ဓာကိုယ်ကို အားကောင်းစေပြီး ရောဂါတွေကို တိုက်ထုတ်နိုင်တယ်လို့ ဟိုးအရင်ထဲက ယုံကြည်လာကြပါတယ်။ ကြက်ပြုတ်ရည်ထဲမှာ တရုတ်နံနံ၊ ကြက်သွန်ဖြူ၊ မုန်လာဥ စတာတွေမှာ ထည့်ပြီး ချက်ပြုတ်ရင် ပိုကောင်းပါတယ်။

၄။  ဗီတာမင်ဒီ ပါဝင်ပါစေ။
နေရောင်ကနေရတဲ့ ဗီတာမင်ဒီဟာ ခန္ဓာကိုယ်ကို အအေးမိတုပ်ကွေးဖြစ်ခြင်းကနေ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဗီတာမင်ဒီ ပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ ချိစ့်၊ ကြက်ဥအနှစ်၊ အမဲအသည်း၊ ငါး စတာတွေကိုလည်း စားပေးရပါမယ်။

၅။ ရေနွေးကြမ်းတွေ ချင်းပြုတ်ရည်တွေ သောက်ပေးပါ။
လက်ဖက်စိမ်း ရေနွေးကြမ်းဆိုရင် antioxidant တွေ ပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေပါတယ်။ ဒါ့အပြင် ချင်း၊ ပျားရည်၊ ရှောက်ရည်အနည်းငယ်ကို ရေနွေးနဲ့ ရောပြီး သောက်နိုင်ပါတယ်။

၆။  အူလမ်းကြောင်းက အကျိုးပြုဘက်တီးရီးယားတွေ အားကောင်းစေမယ့် အစားအသောက်တွေ စားပါ။
အူလမ်းကြောင်းအားကောင်းနေရင် ခန္ဓာကိုယ်က ပိုးမွှားတွေကို တိုက်ထုတ်တဲ့ ခုခံအားဆဲလ်တွေ ပိုထွက်ပါတယ်။ ချဉ်ဖတ်၊ ဒိန်ချဉ် စတာတွေကို စားသင့်ပါတယ်။ သန့်သန့်ရှင်းရှင်း ဖြစ်ဖို့တော့ လိုတာပေါ့နော်။

၇။ သကြားမုန်လာ စားပေးပါ။
သကြားမုန်လာမှာ ဖောလိတ်၊ သံဓာတ်၊ ဗီတာမင်စီတွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် ဖျော်ရည်အနေနဲ့ပဲ သောက်သောက်၊ အသုပ်အနေနဲ့ပဲ စားစား အဆင်ပြေပါတယ်။

၈။  ပန်းသီးဗီနီဂါကို အစားအစာတွေထဲ ထည့်သုံးပေးပါ။
ဗီနီဂါကလည်း အချဉ်ဖောက်ထားတာမို့ ကိုယ်ခံအားကိုကောင်းစေသလို အူလမ်းကြောင်းက ဘက်တီးရီးယားတွေကိုလည်း အားကောင်းစေပါတယ်။

၉။  အသီးအရွက်များများ စားပေးပါ။
အသီးအရွက်တွေကလည်း ကိုယ်ခံအားကို ကောင်းစေသလို လွယ်လွယ်ကူကူ စားလို့ရပါတယ်။

၁၀။  ကြက်သွန်ဖြူ စားပေးပါ။
ကြက်သွန်ဖြူမှာ ပါဝင်တဲ့ antioxidant တစ်မျိုးဟာ ပိုးမွှားတွေကို တိုက်ထုတ်နိုင်ပါတယ်။ ဒီအတိုင်းစားလို့ အရသာမရှိပေမယ့်လည်း တခြားအစားအစာတွေ ချက်ပြုတ်တဲ့အထဲမှာ ထည့်ပြီး စားသုံးနိုင်ပါတယ်။

Dr. Htar (www.drmyanmar.com)