/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရေနဲ့ကြာကြာထိတွေ့တဲ့အခါမှာ-အရေပြားတွေဘာကြောင့်-ရှုံ့တွသွားသလဲ

ရေနဲ့ကြာကြာထိတွေ့တဲ့အခါမှာ အရေပြားတွေဘာကြောင့် ရှုံ့တွသွားသလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ရေကြာကြာချိုးတဲ့အခါ (သို့) ရေချိုးကန်ထဲမှာ အကြာကြီးရေစိမ်တဲ့အခါမှာ လက်နဲ့ခြေထောက် အရေပြားတွေ ရှုံ့တွနေတာကိုတွေ့ရမှာပါ။ ဒါကပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ။ ဘာကြောင့် ဒီလိုဖြစ်ရသလဲ?

       ကျွန်ုပ်တို့ရဲ့ အရေပြားအပေါ်ဆုံးအလွှာကို မျက်စိနဲ့မမြင်နိုင်တဲ့အဆီဖုလေးတွေနဲ့ ဖုံးအုပ်ထားပါတယ်။ ဒီအဆီဖုလေးတွေက အရေပြားစိုစွတ်ချောမွေ့စေပြီး အကာအကွယ်ပေးပါတယ်။ အရေပြားကိုရေစို ခံစေတဲ့အတွက် လက်ဆေးတဲ့အခါမှာ ရေတွေအရေပြားပေါ် ကနေ အောက်ကိုပြန်ကျ သွားစေပါတယ်။

       ရေထဲမှာအကြာကြီးနေတဲ့အခါ ဒီအဆီဖုလေးတွေကို ဖယ်ထုတ်လိုက်ပြီး အရေပြားရဲ့အပြင်လွှာ ကို ရေတွေ တိုးဖောက်ဝင်ရောက်လာပါတယ်။ ပြီးနောက် အရေပြားမှာရေတွေပြည့်အိုင်လာပါတယ်။ အရင်ကတော့ လူတွေထင်ကြတာက ရေကြောင့်အရေပြားတွေဖောင်းလာတယ်လို့ပါ။ သုတေသီတွေကတော့ အရေပြားတွေရှုံ့တွသွားရခြင်းက အာရုံကြောအလိုအလျောက်တုန့်ပြန်တဲ့စနစ်တစ်ခုကြောင့်ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

          ဒီလိုအရေပြားရှုံ့တွခြင်းဖြစ်ရင် ဘာမှလုပ်စရာမလိုပါဘူး။ အချိန်အနည်းငယ်အကြာမှာ ပုံမှန်အတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်။

 

Dr.Mya Myo Myo Swe

www.drmyanmar.com