/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/ရောဂါလက္ခဏာမရှိသူ-လူကောင်းတစ်ယောက်ထံမှ-ကိုရိုနာဗိုင်းရပ်စ်

ရောဂါလက္ခဏာမရှိသူ လူကောင်းတစ်ယောက်ထံမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ကမ္ဘာအနှံ့မှာ Corona virus ရဲ့ တိုက်ခိုက်မှုကို အပြင်းထန်ဆုံး ခံစားနေရပြီး ရက်ပိုင်းအတွင်းမှာပဲ လူပေါင်းများစွာကို Corona virus ကြောင့် ဆုံးရှုံးခဲ့ရပါတယ်။ ဒါကြောင့်မို့ UK ရဲ့ကျန်းမာရေးအတွင်းဝန် Matt Hancock က ပြည်သူတွေကို တတ်နိုင်သလောက် အိမ်ထဲကအိမ်ပြင်ကို မထွက်ကြဖို့ တိုက်တွန်းထားပါတယ်။
တချို့လူတွေကတော့ ဒါဟာ အပိုတွေပါလို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ ဘာကြောင့်လဲဆို အပြင်မှာ သွားရင်းလာရင်း တွေ့နေတဲ့လူတွေဟာ နေမကောင်းတဲ့ပုံမပြဘဲ အကောင်းအတိုင်းမို့ပါ။ လတ်တလော ရှာဖွေတွေ့ရှိထားတဲ့ စာတမ်းအရ ဒါဟာပိုကြောက်စရာကောင်းတဲ့ အခြေအနေတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
ဘာကြောင့်လဲဆို Corona virus ကူးစက်ခံထားရရင် ပိုးစဝင်ထားတဲ့အချိန်မှာ အခြားသူများကို ကူးစက်စေနိုင်ဆုံးဖြစ်ပြီး နောက်ပိုင်း ရောဂါပြင်းထန်လာတဲ့အခြေအနေမှာတော့ ကူးစက်နိုင်စွမ်းက သိသိသာသာ နည်းသွားတယ်လို့ ဆိုပါတယ်။ ဒါဟာ ဘာကြောင့် ကူးစက်သူတွေ အရမ်းများနေရတာလဲ ဆိုတာကိုပါ ရှင်းပြလိုက်သလိုပါပဲ။
ဒါကို ပိုးကူခံထားရတဲ့ လူတွေရဲ့ နှာခေါင်း၊ အာခေါင်တို့ဖတ်၊ ဆီး၊ သွေး စတာတွေအပြင် ချွဲသလိပ်တွေကိုပါ ရောဂါရဲ့ ပြောင်းလဲမှုအခြေအနေအဆင့်ဆင့်မှာ ယူပြီး ပိုးကောင်ရေကို အပြောင်းအလဲကို စစ်ဆေးထားကြတာ ဖြစ်ပါတယ်။ ဒီအခါမှာ ရောဂါပိုးဝင်ခါစမှာ ပိုးကောင်ရေများများ တွေ့ရှိရပြီး ၈ ရက်နောက်ပိုင်းမှာတော့ ပိုးကောင်ရေ လျော့နည်းသွားတာကို တွေ့ရှိကြရပါတယ်။
ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်ပိုး စစ်လိုက်ရင်တော့ ပိုးရှိနေတုန်းပါပဲ။ ဒါဟာ တရုတ်ပြည်က လေ့လာချက်တစ်ခုဖြစ်တဲ့ corona virus ဟာ ရောဂါလက္ခဏာတွေ ပျောက်သွားပြီး ၂ ပတ်တိတိ ခန္ဓာကိုယ်ထဲမှာ ဆက်ရှိနေနိုင်တယ်ဆိုတဲ့ စာတမ်းနဲ့လည်း ကိုက်ညီမှုရှိပါတယ်။
Corona virus ကူးစက်ခံရသူ ၇ ယောက်ကို စမ်းသပ်ကြည့်ရတဲ့အခါ ပိုးကောင်ရေဟာ ကူးစက်ခံရပြီး ၅ ရက်အတွင်းမှာ အမြင့်ဆုံးဖြစ်တာကို တွေ့ရှိရပါတယ်။

>>  ဒါဟာဆေးပညာဆိုင်ရာအတွက် ဘာအကျိုးရှိလဲ?
ကူးစက်ခံထားရတဲ့လူတွေကို ၁၀ ရက်ကျော်ရင် ဆေးရုံကနေ ပေးဆင်းပြီး အိမ်မှာပဲ သီးခြားနေတာမျိုး လုပ်ခိုင်းတာက ပိုသင့်တော်မယ်လို့သ ုံးသပ်ကြပါတယ်။ ဒါပေမဲ့ ပိုးကောင်ရေတော့ စစ်ဆေးဖို့ လိုပါမယ်။

Dr. Htar (www.drmyanmar.com)