/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လက်ဆွဲနှုတ်ဆက်တာက-ကျန်းမာရေးနဲ့-ညီညွတ်ပါ့မလား

လက်ဆွဲနှုတ်ဆက်တာက ကျန်းမာရေးနဲ့ ညီညွတ်ပါ့မလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          လက်ဆွဲနှုတ်ဆက်တာက လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်သောင်းကျော်လောက်ကတည်းက ခေတ်စားခဲ့တဲ့အရာပါတဲ့။ လူတစ်ယောက်နဲ့တစ်ယောက် တွေ့ကြတဲ့အခါ လက်ဆွဲနှုတ်ဆက်တဲ့ ဓလေ့ထုံးစံဟာ တကယ်ရော အဆင်ပြေပါ့မလား။

          အမေရိကန်သမ္မတ ထရန့်နဲ့ဘီဂိတ်တို့ဟာ နှုတ်ဆက်ရင် လက်ဆွဲနှုတ်ဆက်တာကို မလုပ်ကြဘူးတဲ့။

          ဘာကြောင့်ပါလိမ့်နော် ...။

          လက်ဟာ အားလုံးသိကြတဲ့အတိုင်း ရောဂါပိုးပေါင်းစုံ စုစည်းနေတဲ့နေရာ ဖြစ်ပါတယ်။ လက်အမြဲဆေးဖြစ်ဖို့ ဆိုတာတော့ အတော်မလွယ်တဲ့ကိစ္စပါ။ ဒီတော့ နေရင်းထိုင်ရင်း ဟိုဟာ ကိုင်လိုက်၊ ဒီဟာ ထိလိုက်နဲ့ လက်ဟာ ရောဂါပိုးပေါင်းစုံ ခိုအောင်းရာနေရာ ဖြစ်လာပါတယ်။

          ဒါပေမဲ့ လက်ဆွဲနှုတ်ဆက်ခြင်းအားဖြင့် ဒီလိုအကျိုးဆက်တွေကလည်း ရှိနေပါတယ်။

          လက်ချင်းထိတွေ့ ဖျစ်ညှစ်လိုက်တာနဲ့ ဦးနှောက်ကနေ ကျေနပ်နှစ်သိမ့်မှုဟော်မုန်းဖြစ်တဲ့ အောက်စီတိုစင်ဟော်မုန်းတွေ ထွက်လာပြီး နှစ်ဖက်လုံးကို အထူးကျေနပ်ကာ ရွှင်လန်းနှစ်သိမ့်မှုရစေပါတယ်။ လက်ဆွဲနှုတ်ဆက်လိုက်ရင် ရင်းနှီးခင်မင်မှု တိုးလာတယ်ပေါ့။

 

>>    ကြောက်စရာအကောင်းဆုံးက ဘာလဲ?

          အအေးမိရောဂါပိုးတွေပါ။ လက်မှာခိုအောင်းနေပြီး တစ်ယောက်ယောက်က ထိတွေ့ပြီး နှာခေါင်း၊ နှုတ်ခမ်း၊ ပါးစပ် စသည်ကို ထပ်မံထိတွေ့လိုက်တဲ့အခါ အအေးမိဗိုင်းရပ်တွေ ကူးစက်ပြန့်ပွားသွားပါတယ်။

          ဒါကြောင့် နေ့စဉ်လက်ဆွဲနှုတ်ဆက်တဲ့ အလေ့အထကို မဖြစ်မနေ လုပ်နေရသူတွေအနေနဲ့ ဘာတွေလုပ်ဖို့လိုသေးလဲ။

          စနစ်တကျလက်ဆေးဖို့ ဖြစ်ပါတယ်။ ပိုးသန့်စင်ဂျယ်လ်တွေထက် ဆပ်ပြာမြုပ် တဖွားဖွားနဲ့ ရေပေါပေါသုံးပြီး စီးနေတဲ့ရေ ပိုက်အောက်ကနေ လက်ခံပြီး အားရပါးရ ပွတ်သတ်ဆေးချပစ်ဖို့ ဖြစ်ပါတယ်။

          ဒါဆို ခဏခဏလည်း လက်မဆေးချင်ဘူး ဆိုရင်တော့ ရှင်းပါတယ်။ ဘီဂိတ်နဲ့ ဒေါ်နယ်ထရန့်ရဲ့ နည်းအတိုင်း ဘယ်သူတွေ့တွေ့ လုံးဝလက်ဆွဲမနှုတ်ဆက်တာ ဖြစ်ပါတယ်။       လက်ဆွဲနှုတ်ဆက်တာကနေ ရောဂါပိုး ပြန့်ပွားနိုင်တာကို သိရှိတဲ့အတူတူ လုံးဝလက်ဆွဲနှုတ်ဆက်တာကို မပြုလုပ်ကြဖို့ နှိုးဆော်ပေးလိုက်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)