/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လုပ်ငန်းခွင်ဖိစီးမှုတွေကြောင့်-ခြေကုန်လက်ပန်းကျနေပြီလား

လုပ်ငန်းခွင်ဖိစီးမှုတွေကြောင့် ခြေကုန်လက်ပန်းကျနေပြီလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အလုပ်တာဝန်များစွာကို အချိန်မီပြီးဆုံးအောင် ကြိုးစားနေရင်း အလွန်ပင်ပန်းနေပြီလား၊ အလုပ်ကို စိတ်ပျက်စပြုပြီလား၊ ကိုယ့်စွမ်းဆောင်ရည် ကျနေပြီလို့ ထင်နေပြီလား။ ဒါဆိုရင်တော့ သင့်မှာ burn out ဖြစ်ခြင်း (ခြေကုန်လက်ပန်းကျခြင်း) လက္ခဏာတွေ ရှိနေပြီနော်။
ခြေကုန်လက်ပန်းကျစေတဲ့ စိတ်ဖိစီးမှုတွေဟာ အလုပ်ခွင်ကသာမက နေ့စဉ်လူမှုဘဝကပါ ရရှိစေပါတယ်။ အလွန်အမင်းပြီးပြည့်စုံလိုစိတ် (perfectionism) နှင့် အဆိုးမြင်မှု (pessimism) တို့ကြောင့်လည်း burn out ဖြစ်စေနိုင်ပါတယ်။

Enervon-C Adult 1

>>  အောက်ပါလက္ခဏာတွေ ရှိနေပြီဆိုရင်တော့ သင်ဟာ ခြေကုန်းလက်ပန်းကျလောက်အောင် ဖိစီးမှု များပြားနေပြီ ဖြစ်ပါတယ်။
(၁)  အလုပ်နှင့်ပတ်သက်တဲ့ လှုပ်ရှားမှုတွေအပေါ် စိတ်ဝင်စားမှုမရှိတော့ခြင်း
(၂)  နာတာရှည်စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း စသော လက္ခဏာများ ဖြစ်ပေါ်ခြင်း
(၃)  အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း
(၄)  စွမ်းဆောင်ရည် ကျဆင်းခြင်း၊ အလုပ်တာဝန်များကို ကောင်းစွာမဆောင်ရွက်နိုင်ခြင်း၊ အာရုံစူးစိုက်မရခြင်း၊ တီထွင်နိုင်စွမ်းကျဆင်းခြင်း

>>  ဘယ်လိုလူတွေမှာ အဖြစ်များလဲ?
အလုပ်စိတ်ဖိစီးမှုများသော အလုပ်တိုင်းက သင့်ကို burn out ဖြစ်စေမှာ မဟုတ်ပါဘူး။ သင့်အနေနှင့် စိတ်ဖိစီးမှုကို ကောင်းစွာ ကိုင်တွယ်နိုင်မယ်ဆိုပါက ဒီလိုဆိုးကျိုးတွေကို ကျော်လွှားနိုင်မှာ မှန်သော်လည်း အောက်ပါအခြေအနေမျိုးနှင့် ရင်ဆိုင်နေရသူတွေမှာတော့ burn out ဖြစ်နိုင်ချေ မြင့်မားပါတယ်။
(၁)  အချိန်တိုတွင်း အလုပ်များစွာ ပြုလုပ်ခိုင်းခြင်း
(၂)  မန်နေဂျာနှင့် ဆက်ဆံရေးမကောင်းခြင်း/ ကောင်းစွာ အထောက်အပံ့မရခြင်း
(၃)  တိကျသောတာဝန်ကို မပေးခြင်း
(၄)  အလုပ်များ မနိုင်မနင်းဖြစ်အောင် များပြားခြင်း
(၅)  မမျှတသောဆက်ဆံရေး

Enervon-C Adult 2

>>  Burn out မဖြစ်စေဖို့ ဘယ်လိုကာကွယ်မလဲ?
●  လုပ်ငန်းခွင်ရှိ ပြဿနာများအား ဝန်ထမ်းရေးရာနှင့် တိုင်ပင်ခြင်း
●  ဌာနပြောင်းခြင်း၊ အလုပ်ပြောင်းခြင်း
●  မိမိကိုယ်ကို ဂရုစိုက်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်အောင် စားသောက်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အိပ်ရေး၀၀အိပ်ခြင်း စသည်ဖြင့် စိတ်ဖိစီးမှု ကျဆင်းအောင် နေထိုင်ခြင်း
●  ပိတ်ရက်များတွင် စိတ်ပျော်ရွှင်အောင်နေခြင်း
●  အပန်းဖြေခရီးထွက်ခြင်း

သင့်အနေနှင့် မိမိစိတ်ဖိစီးမှုကို ပြေပျောက်စေမယ့် နည်းလမ်းကို ရှာမတွေ့ဘူးဆိုပါက စိတ်ရောဂါဆရာဝန်နှင့် ပြသပြီး မိမိအတွက် သင့်တော်တဲ့ နည်းလမ်းကို ရှာဖွေသင့်ပါတယ်။ အကောင်းမြင်စိတ် မွေးမြူခြင်း၊ တရားထိုင်ခြင်း၊ သူငယ်ချင်းများအား ရင်ဖွင့်ခြင်းစသော နည်းလမ်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)