လုပ်ငန်းခွင်မှာ ကျန်းမာပျော်ရွှင်တက်ကြွစေဖို့ အချက် (၁၀) ချက်
လူသားတွေအားလုံးကတော့ ကျန်းကျန်းမာမာနဲ့ နေချင်ကြတာပါပဲ။ ဒါပေမဲ့လည်း ဒါကအရမ်းမြင့်မားတဲ့ ရည်မှန်းချက်ကြီးနဲ့ တူနေပါတယ်။ ကျန်းကျန်းမာမာနေချင်ရင် ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံတွေကိုလည်း ကျန်းမာရေးနဲ့အညီဖြစ်အောင် ပြောင်းဖို့လိုပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အကျင့်အသစ်တစ်ခုကို လိုက်နာပြီးတော့ သေချာကျင့်သုံးနိုင်အောင် ကြိုးစားတိုင်းမှာ ရေရှည်အတွက် ကောင်းကျိုး ကြီးမားစွာ ရနိုင်ပါတယ်။
ကြီးမားတဲ့အရာတွေကို လိုက်လုပ်မယ့်အစား လိုက်နာကျင့်သုံးရလွယ်တဲ့ ဒီအလေ့အကျင့်လေး (၁၀) ချက် လောက်ကို ကြိုးစားပြီးကျင့်သုံးကြည့်ပါ။
1. ခေတ္တအနားယူပါ။
အလုပ်လုပ်တဲ့အခါမှာ မိနစ် ၂၀ တစ်ကြိမ်လောက် ခဏနားပေးတာက အားအင်ပြည့်ဝပြီး စိတ်ကိုလည်း ပြန်လည်လန်းဆန်းစေနိုင်ပါတယ်။ ဒီတော့ အလုပ်မှာ ခေတ္တအနားယူပြီးတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောတာက စိတ်ကိုလန်းဆန်းစေပြီးတော့ ပိုပြီးလည်း အလုပ်တွင်စေပါတယ်။
2. အစည်းအဝေးတွေ လုပ်တဲ့အခါမှာ လမ်းလျှောက် (သို့) မတ်တပ်ရပ်ပြီး လုပ်ကြည့်ပါ။
အစည်းအဝေးဆိုရင် တစ်ခါထိုင်ရင် နာရီတွေအကြာကြီး ထိုင်ရတာကလည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။ လမ်းလျှောက် (သို့) မတ်တပ်ရပ်ပြီး အစည်းအဝေးလုပ်တာက ပိုကောင်းပြီး တစ်ယောက်နဲ့တစ်ယောက်ကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုကောင်းလာစေပါတယ်။ ပြီးတော့ ဒါက အလုပ်မှာ တက်ကြွလှုပ်ရှားမှုရှိစေတဲ့ နည်းလမ်းပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ရုံးပတ်ဝန်းကျင် (သို့) အနီးအနားမှာ လမ်းနည်းနည်းလေး လျှောက်ပါ။ ဒါက အကြာကြီး ထိုင်နေရာကနေပြီးတော့ ခန္ဓာကိုယ်ကို ခဏအနားရစေပြီးတော့ ကျန်းမာရေးအတွက် ကောင်းပါတယ်။
3. သက်သောင့်သက်သာရှိအောင် နေပါ။
တက်ကြွလှုပ်ရှားမှုရှိရှိ နေချင်ရင်တော့ သက်သောင့်သက်သာရှိအောင်နေဖို့ အရေးကြီးပါတယ်။ ရုံးသွားတဲ့အခါ၊ အလုပ်သွားတဲ့အခါမှာ သက်သောင့်သက်သာရှိတဲ့ အဝတ်အစား၊ ဖိနပ်တွေ ဝတ်ဆင်ပါ။ ဒါမှမဟုတ်လည်း ရုံးကကိုယ့်စားပွဲမှာ သက်သောင့်သက်သာရှိတဲ့ ဖိနပ်ကို ထားထားပါ။
4. ကျန်းမာရေးနဲ့အညီ စားသောက်ပါ။
ရုံးတွေမှာ လုပ်တဲ့အခါမှာ အဆိုးဆုံးကတော့ စားသောက်ဆိုင်တွေ (သို့) ဆိုင်က မှာစားရတွေပါပဲ။ ဒါတွေကြောင့်ပဲ ကိုယ်အလေးချိန်တွေ တက်ပြီးတော့ ကျန်းမာရေးပြဿနာတွေ ဖြစ်ရတာပါ။ ဒါကို ကာကွယ်နိုင်ဖို့အတွက်ဆိုရင် တတ်နိုင်သမျှ ကျန်းမာရေးနဲ့ညီအောင် စားပါ။
Immunace 1
5. စိတ်ကို တည်ငြိမ်အောင်ထားပါ။
ခန္ဓာကိုယ်သာမကဘဲ စိတ်ကိုလည်း အနားပေးဖို့ လိုပါတယ်။ Facebook, viber တွေကနေတစ်ဆင့် သူငယ်ချင်းတွေနဲ့ စကားပြောတာ၊ သီချင်းနားထောင်တာ စတဲ့ စိတ်ကို လန်းဆန်းပြီးတော့ အားပြည့်စေနိုင်တဲ့အရာတွေ လုပ်ကြည့်ပါ။
6. ရေသောက်ပါ။
တစ်နေ့ကို ရေ 8-10 ခွက်လောက်ဖြစ်အောင် သောက်ပါ။
7. ကိုယ့်ရဲ့ခြေလှမ်းတွေကို ရေတွက်ကြည့်ပါ။
ကိုယ် ဘယ်လောက်လှုပ်ရှားမှုရှိတယ်ဆိုတာကို မှတ်ထားခြင်းအားဖြင့် လှုပ်ရှားမှုမရှိသေးရင် လှုပ်ရှားမှုရှိအောင် လုပ်ပေးနိုင်ပါတယ်။ တစ်နေ့ကို ဘယ်လောက်လမ်းလျှောက်ဖြစ်လဲဆိုတာကို မှတ်ထားပြီးတော့ ကျန်းမာစေဖို့ တက်ကြွစေဖို့အတွက် တစ်နေ့ခြေလှမ်းဘယ်လောက်လှမ်းမယ်ဆိုတာကို ရည်ရွယ်ချက်ထားပြီးလုပ်ပါ။
8. နေ့လယ်စာစားချိန်ကို အကျိုးရှိအောင ်အသုံးချပါ။
နေ့လယ်စာစားချိန်ယူဖို့က အရေးကြီးပါတယ်။ နေ့ဘက်မှာ ခဏနားတာက စိတ်ပိုင်းဆိုင်ရာရော ကိုယ်ပိုင်းဆိုင်ရာပါ ကျန်းမာဖို့အတွက် လိုပါတယ်။ နေ့လယ်စာစားချိန်မှာ အပြင်ထွက်လမ်းလျှောက်ပြီးတော့ ဘေးပတ်ဝန်းကျင်လေးကိုကြည့်ပြီး အနားယူပါ။
9. မျက်လုံးအနားပေးဖို့လည်း မမေ့ပါနဲ့။
လက်တော့ပ်တွေ၊ မိုဘိုင်းဖုန်းတွေနဲ့ တစ်ချိန်ကုန် အလုပ်လုပ်ရတဲ့အခါမှာ မျက်လုံးကိုဂရုစိုက်ဖို့ အနားပေးဖို့ မေ့နေတတ်ကြပါတယ်။ မျက်လုံးကိုလည်း မကြာခဏ နားပေးသင့်ပါတယ်။
10. လှေကားတက်ပါ။
ဓာတ်လှေကားသုံးမယ့်အစား လှေကားနဲ့တက်တာ ကျန်းမာရေးအတွက် ပိုကောင်းတယ်ဆိုတာ အားလုံးလိုလို သိကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းလုပ်ဖြစ်ရဲ့လား။
အရေးကြီးတာက အကျင့်ဖြစ်သွားအောင်လုပ်ဖို့ပါတယ်။ တစ်နေ့တစ်ကြိမ်တော့ လှေကားတက်ဖို့ ရည်ရွယ်ချက် ထားပြီး ဆက်လုပ်ကြည့်ပါ။
အရင်ကထက် ပိုကောင်းပြီး ပိုကျန်းမာချင်တယ်ဆိုရင် ကိုယ်ကနေစပြီးတော့ မကောင်းတဲ့အကျင့်လေးတွေကို ပြင်ဖို့လိုပါတယ်။ ဒါက ပိုပြီးကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် အဖြေပါပဲ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Immunace 2
(Zawgyi)
လူသားေတြအားလုံးကေတာ့ က်န္းက်န္းမာမာနဲ႔ ေနခ်င္ၾကတာပါပဲ။ ဒါေပမဲ့လည္း ဒါကအရမ္းျမင့္မားတဲ့ ရည္မွန္းခ်က္ႀကီးနဲ႔ တူေနပါတယ္။ က်န္းက်န္းမာမာေနခ်င္ရင္ ကိုယ့္ရဲ႕ေနထိုင္စားေသာက္မႈပုံစံေတြကိုလည္း က်န္းမာေရးနဲ႔အညီျဖစ္ေအာင္ ေျပာင္းဖို႔လိုပါတယ္။ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အေလ့အက်င့္အသစ္တစ္ခုကို လိုက္နာၿပီးေတာ့ ေသခ်ာက်င့္သုံးႏိုင္ေအာင္ ႀကိဳးစားတိုင္းမွာ ေရရွည္အတြက္ ေကာင္းက်ိဳး ႀကီးမားစြာ ရႏိုင္ပါတယ္။
ႀကီးမားတဲ့အရာေတြကို လိုက္လုပ္မယ့္အစား လိုက္နာက်င့္သုံးရလြယ္တဲ့ ဒီအေလ့အက်င့္ေလး (၁၀) ခ်က္ ေလာက္ကို ႀကိဳးစားၿပီးက်င့္သုံးၾကည့္ပါ။
1. ေခတၱအနားယူပါ။
အလုပ္လုပ္တဲ့အခါမွာ မိနစ္ ၂၀ တစ္ႀကိမ္ေလာက္ ခဏနားေပးတာက အားအင္ျပည့္ဝၿပီး စိတ္ကိုလည္း ျပန္လည္လန္းဆန္းေစႏိုင္ပါတယ္။ ဒီေတာ့ အလုပ္မွာ ေခတၱအနားယူၿပီးေတာ့ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ စကားေျပာတာက စိတ္ကိုလန္းဆန္းေစၿပီးေတာ့ ပိုၿပီးလည္း အလုပ္တြင္ေစပါတယ္။
2. အစည္းအေဝးေတြ လုပ္တဲ့အခါမွာ လမ္းေလွ်ာက္ (သို႔) မတ္တပ္ရပ္ၿပီး လုပ္ၾကည့္ပါ။
အစည္းအေဝးဆိုရင္ တစ္ခါထိုင္ရင္ နာရီေတြအၾကာႀကီး ထိုင္ရတာကလည္း က်န္းမာေရးအတြက္ မေကာင္းပါဘူး။ လမ္းေလွ်ာက္ (သို႔) မတ္တပ္ရပ္ၿပီး အစည္းအေဝးလုပ္တာက ပိုေကာင္းၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ၾကား ပူးေပါင္းေဆာင္ရြက္မႈကိုလည္း ပိုေကာင္းလာေစပါတယ္။ ၿပီးေတာ့ ဒါက အလုပ္မွာ တက္ႂကြလႈပ္ရွားမႈရွိေစတဲ့ နည္းလမ္းပါ။ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔အတူ ႐ုံးပတ္ဝန္းက်င္ (သို႔) အနီးအနားမွာ လမ္းနည္းနည္းေလး ေလွ်ာက္ပါ။ ဒါက အၾကာႀကီး ထိုင္ေနရာကေနၿပီးေတာ့ ခႏၶာကိုယ္ကို ခဏအနားရေစၿပီးေတာ့ က်န္းမာေရးအတြက္ ေကာင္းပါတယ္။
3. သက္ေသာင့္သက္သာရွိေအာင္ ေနပါ။
တက္ႂကြလႈပ္ရွားမႈရွိရွိ ေနခ်င္ရင္ေတာ့ သက္ေသာင့္သက္သာရွိေအာင္ေနဖို႔ အေရးႀကီးပါတယ္။ ႐ုံးသြားတဲ့အခါ၊ အလုပ္သြားတဲ့အခါမွာ သက္ေသာင့္သက္သာရွိတဲ့ အဝတ္အစား၊ ဖိနပ္ေတြ ဝတ္ဆင္ပါ။ ဒါမွမဟုတ္လည္း ႐ုံးကကိုယ့္စားပြဲမွာ သက္ေသာင့္သက္သာရွိတဲ့ ဖိနပ္ကို ထားထားပါ။
4. က်န္းမာေရးနဲ႔အညီ စားေသာက္ပါ။
႐ုံးေတြမွာ လုပ္တဲ့အခါမွာ အဆိုးဆုံးကေတာ့ စားေသာက္ဆိုင္ေတြ (သို႔) ဆိုင္က မွာစားရေတြပါပဲ။ ဒါေတြေၾကာင့္ပဲ ကိုယ္အေလးခ်ိန္ေတြ တက္ၿပီးေတာ့ က်န္းမာေရးျပႆနာေတြ ျဖစ္ရတာပါ။ ဒါကို ကာကြယ္ႏိုင္ဖို႔အတြက္ဆိုရင္ တတ္ႏိုင္သမွ် က်န္းမာေရးနဲ႔ညီေအာင္ စားပါ။
5. စိတ္ကို တည္ၿငိမ္ေအာင္ထားပါ။
ခႏၶာကိုယ္သာမကဘဲ စိတ္ကိုလည္း အနားေပးဖို႔ လိုပါတယ္။ Facebook, viber ေတြကေနတစ္ဆင့္ သူငယ္ခ်င္းေတြနဲ႔ စကားေျပာတာ၊ သီခ်င္းနားေထာင္တာ စတဲ့ စိတ္ကို လန္းဆန္းၿပီးေတာ့ အားျပည့္ေစႏိုင္တဲ့အရာေတြ လုပ္ၾကည့္ပါ။
6. ေရေသာက္ပါ။
တစ္ေန႔ကို ေရ 8-10 ခြက္ေလာက္ျဖစ္ေအာင္ ေသာက္ပါ။
7. ကိုယ့္ရဲ႕ေျခလွမ္းေတြကို ေရတြက္ၾကည့္ပါ။
ကိုယ္ ဘယ္ေလာက္လႈပ္ရွားမႈရွိတယ္ဆိုတာကို မွတ္ထားျခင္းအားျဖင့္ လႈပ္ရွားမႈမရွိေသးရင္ လႈပ္ရွားမႈရွိေအာင္ လုပ္ေပးႏိုင္ပါတယ္။ တစ္ေန႔ကို ဘယ္ေလာက္လမ္းေလွ်ာက္ျဖစ္လဲဆိုတာကို မွတ္ထားၿပီးေတာ့ က်န္းမာေစဖို႔ တက္ႂကြေစဖို႔အတြက္ တစ္ေန႔ေျခလွမ္းဘယ္ေလာက္လွမ္းမယ္ဆိုတာကို ရည္ရြယ္ခ်က္ထားၿပီးလုပ္ပါ။
8. ေန႔လယ္စာစားခ်ိန္ကို အက်ိဳးရွိေအာင ္အသုံးခ်ပါ။
ေန႔လယ္စာစားခ်ိန္ယူဖို႔က အေရးႀကီးပါတယ္။ ေန႔ဘက္မွာ ခဏနားတာက စိတ္ပိုင္းဆိုင္ရာေရာ ကိုယ္ပိုင္းဆိုင္ရာပါ က်န္းမာဖို႔အတြက္ လိုပါတယ္။ ေန႔လယ္စာစားခ်ိန္မွာ အျပင္ထြက္လမ္းေလွ်ာက္ၿပီးေတာ့ ေဘးပတ္ဝန္းက်င္ေလးကိုၾကည့္ၿပီး အနားယူပါ။
9. မ်က္လုံးအနားေပးဖို႔လည္း မေမ့ပါနဲ႔။
လက္ေတာ့ပ္ေတြ၊ မိုဘိုင္းဖုန္းေတြနဲ႔ တစ္ခ်ိန္ကုန္ အလုပ္လုပ္ရတဲ့အခါမွာ မ်က္လုံးကိုဂ႐ုစိုက္ဖို႔ အနားေပးဖို႔ ေမ့ေနတတ္ၾကပါတယ္။ မ်က္လုံးကိုလည္း မၾကာခဏ နားေပးသင့္ပါတယ္။
10. ေလွကားတက္ပါ။
ဓာတ္ေလွကားသုံးမယ့္အစား ေလွကားနဲ႔တက္တာ က်န္းမာေရးအတြက္ ပိုေကာင္းတယ္ဆိုတာ အားလုံးလိုလို သိၾကပါတယ္။ ဒါေပမဲ့ တကယ္တမ္းလုပ္ျဖစ္ရဲ႕လား။
အေရးႀကီးတာက အက်င့္ျဖစ္သြားေအာင္လုပ္ဖို႔ပါတယ္။ တစ္ေန႔တစ္ႀကိမ္ေတာ့ ေလွကားတက္ဖို႔ ရည္ရြယ္ခ်က္ ထားၿပီး ဆက္လုပ္ၾကည့္ပါ။
အရင္ကထက္ ပိုေကာင္းၿပီး ပိုက်န္းမာခ်င္တယ္ဆိုရင္ ကိုယ္ကေနစၿပီးေတာ့ မေကာင္းတဲ့အက်င့္ေလးေတြကို ျပင္ဖို႔လိုပါတယ္။ ဒါက ပိုၿပီးက်န္းမာတဲ့ဘဝကို ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ အေျဖပါပဲ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























