လုပ်ငန်းခွင်မှာ ခါးနာရတဲ့ အဓိကအကြောင်းအရင်းများ
1. ဒဏ်ပိခြင်း - ခါးကို အလွန်အကျွံ အသုံးပြုခြင်း (ဥပမာ - အလေးအပင်မခြင်း၊ ရွှေ့ခြင်း) ကြောင့် ဒဏ်ဖြစ်စေနိုင်ပါတယ်။
2. ထပ်တလဲလဲ ပြုလုပ်ခြင်း - လှုပ်ရှားမှုတစ်ခုခု (အထူးသဖြင့် ခါးလှည့်ခြင်း၊ ခါးလိမ်ခြင်း) ကို အဖန်တလဲလဲ ပြုလုပ်တာကြောင့် ကျောကို ဒဏ်ရာရစေနိုင်ပါတယ်။
3. လှုပ်ရှားမှုမရှိခြင်း - စားပွဲမှာ အမြဲထိုင်နေရတဲ့ အလုပ်မျိုးဆိုပါက ကိုယ်နေဟန်ထားမမှန်ခြင်း၊ ခါးကို အထောက်အပံ့ မပေးနိုင်တဲ့ ကုလားထိုင်ဖြင့်ထိုင်ခြင်းတို့ကြောင့် ခါးကို ဒဏ်ရာရစေနိုင်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)






























