/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လုပ်ငန်းခွင်အတွင်း-အိပ်မငိုက်စေရေး-အိပ်ချိန်လုံလောက်စွာ-ထားရှိပေး

လုပ်ငန်းခွင်အတွင်း အိပ်မငိုက်စေရေး အိပ်ချိန်လုံလောက်စွာ ထားရှိပေး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ညဘက် အိပ်ရေးမ၀ခြင်းက လုပ်ငန်းခွင်မှာ အိပ်ငိုက်စေရတဲ့ အဓိကအကြောင်းရင်းပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အိပ်ရေးပျက်တာ များလာတာနဲ့အမျှ ကိုယ်ခံအားတွေ ယုတ်လျော့လာမယ်၊ ခံတွင်းပျက်လာပါမယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

 

>>    ညဘက် ကောင်းကောင်းမအိပ်ရင် ဘာတွေဖြစ်လာမလဲ?

          ညဘက် ကောင်းစွာ အိပ်စက်အနားမယူပါက အလုပ်ချိန်အတွင်း အိပ်လိုစိတ်တွေသာ လွှမ်းမိုးစေနိုင်တဲ့အပြင် -

1.       အာရုံစူးစိုက်မှု လျော့နည်းခြင်း

2.       တိကျပြတ်သားစွာ မဆုံးဖြတ်နိုင်ခြင်း

3.       ထိုးထွင်းသိမြင်နိုင်စွမ်း အားနည်းခြင်း

4.       စိတ်ဆိုး ဒေါသထွက်လွယ်ခြင်း

5.       သည်းခံနိုင်စွမ်းမရှိခြင်း

6.       ကိုယ်ခံအားနည်းခြင်း

7.       နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေများခြင်း

8.       ဆီးချို၊ သွေးချိုရောဂါ ဖြစ်နိုင်ခြေများခြင်း

9.       အ၀လွန်သူတစ်ယောက် ဖြစ်လာနိုင်ခြေများခြင်း စသဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ ဖြစ်လာစေနိုင်ပါတယ်။

>>    ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ဘာတွေလုပ်ပေးရမလဲ?

1.       အိပ်ရာ၀င်ခါနီးအချိန်မှ ကော်ဖီသောက်တာ၊ စမတ်ဖုန်းသုံးတာ၊ တီဗွီကြည့်တာ၊ ညဥ့်နက်ချိန်မှ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ စတဲ့ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေမယ့် အလေ့အကျင့်မျိုးတွေကို ရှောင်ကြဉ်သင့်ပါတယ်။

2.       အိပ်ရာခင်းကို တစ်ပတ်တစ်ကြိမ် လဲပေးသင့်ပြီး အိပ်ခန်းအတွင်း သန့်ရှင်းသပ်ရပ်စွာ ထားသင့်ပါတယ်။

3.       နေ့စဉ် လေ့ကျင့်ခန်းလုပ်ပါ။ Gym သွားဖို့ အဆင်မပြေရင်တောင် နေ့စဉ် မိနစ် 30 လောက် ပုံမှန် လမ်းလျှောက်ပေးပါ။

4.       အာဟာရပြည့်မီစွာ စားသုံးပါ။

          အလုပ်ခွင်အတွင်း လန်းဆန်းပြီး အာရုံကောင်းစွာ စူးစိုက်နိုင်ဖို့အတွက် တစ်ညတာ အိပ်ချိန်ကို 7 နာရီ ဒါမှမဟုတ် 8 နာရီ ထားရှိသင့်ပြီး အချိန်မှန်မှန် ညအိပ်ရာ၀င်သင့်ပါတယ်လို့ အကြံပြုလိုက်ပါတယ်နော်။

Dr. Htet Htet Aung (www.drmyanmar.com)

(Unicode)




Dr. Htet Htet Aung (www.drmyanmar.com)