လေ့ကျင့်ခန်းလုပ်တာ နှလုံးအတွက် ကောင်းတယ်နော်
လူအတော်များများက လေ့ကျင့်ခန်းဆိုတာ ပိန်အောင်၊ ကိုယ်ခန္ဓာလှပအောင် ဆော့တယ်ပဲ ထင်တတ်ကြတယ်။ ပုံမှန်ကိုယ်လက်လှုပ်ရှားပေးတာက လှပသွယ်လျတဲ့ ကိုယ်ခန္ဓာကို ရရှိစေတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ တကယ့်လေ့ကျင့်ခန်းရဲ့အကျိုးကျေးဇူးက ဒီလောက်နဲ့တင် ရပ်မသွားဘူးနော်။
>> နှလုံးကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေ
လေ့ကျင့်ခန်းကြောင့် တဖြည်းဖြည်းချင်းနဲ့ ကိုယ်ခန္ဓာမှာ အဆီပိုကင်း၊ ကျစ်လျစ်သန်မာလာပါလိမ့်မယ်။
နှလုံးကျန်းမာရေးအတွက်ဆိုရင် အမေရိကန် နှလုံးအဖွဲ့အစည်းက ပုံမှန်လေ့ကျင့်ခန်း တစ်ပတ် မိနစ် ၁၅၀၊ အပြင်းအထန်လေ့ကျင့်ခန်း တစ်ပတ် ၇၅ မိနစ်လောက် လုပ်ပေးလို့ရတယ်လို့ ဆိုတယ်။ တစ်ပတ်ဆိုရာမှာ ရက်ခွဲပြီး မှန်မှန်လေး လုပ်ပေးတာ ပိုကောင်းတယ်နော်။
● ကိုယ်လုပ်ရတာ ပျော်တဲ့လေ့ကျင့်ခန်းမျိုးကို လုပ်ပါ။ မာရသွန် ပြေးရမယ်၊ gym မှာ အပြင်းစား လေ့ကျင့်ခန်းတွေ လုပ်ရမယ်လို့ မဆိုလိုဘူးနော်။ အမြန်လမ်းလျှောက်တာကို ပုံမှန်လေ့ကျင့်ခန်းလို့ သတ်မှတ်တယ်။
● ဖြည်းဖြည်းချင်းစီ တိုးလုပ်ပါ။ နဂိုက လှုပ်လှုပ်ရှားရှားမရှိရင် နည်းနည်းချင်းစီ စလုပ်ပါ။ သက်လုံကောင်းလာပြီး ကျန်းမာရေး ကောင်းလာတာနဲ့အမျှ လေ့ကျင့်ခန်းပမာဏနဲ့ အချိန်ကို တိုးလာပေးပါ။
● အချိန်စာရင်းထားပါ။ ပြက္ခဒိန်မှာ ကိုယ်လေ့ကျင့်ခန်းလုပ်မယ့်ရက်ကို မှတ်ထားသင့်ပါတယ်။ ဖြစ်နိုင်ရင် ကြားရက်မှာ လေ့ကျင်ခန်းလုပ်ဖို့ ၁၅ မိနစ်၊ မိနစ် ၃၀ လောက် အချိန်ပေးပါ။ မလုပ်မဖြစ် အလုပ်တစ်ခုလိုမျိုး အလေးထားပြီး လုပ်သင်တယ်။
● လေ့ကျင့်ခန်း လုပ်ဖော်ထားပါ။ အဖော်တစ်ယောက်နဲ့ တူတူလုပ်ပေးတာက လေ့ကျင့်ခန်းလုပ်ရတာ ပိုပျော်စေတယ်။
● ရိုးရိုးရှင်းရှင်းပဲ လုပ်ပါ။ လှုပ်ရှားမှုများစေဖို့ နည်းလမ်းတွေ ရှာဖွေပါ။ ကားပါကင် အနောက်ဘက်မှာ ကားရပ်ပြီး လမ်းလျှောက်တာမျိုး၊ ဓာတ်လှေကားမစီးဘဲ လှေကားနဲ့ ခြေလျင်တက်တာမျိုးပေါ့။
အနည်းအကျဉ်းကလည်း အလုပ်ဖြစ်ပါတယ်နော်။ လှုပ်လှုပ်ရှားရှား ပိုလုပ်လေလေ ရောဂါဖြစ်နှုန်း ပိုနည်းလေလေပါပဲ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























