/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လေ့ကျင်ခန်းမှန်မှန်လုပ်သူတွေမှာ-ဗီတာမင်စီ-ပိုလိုအပ်ပါတယ်

လေ့ကျင်ခန်းမှန်မှန်လုပ်သူတွေမှာ ဗီတာမင်စီ ပိုလိုအပ်ပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဗီတာမင်​စီဆိုတာ ခန္ဓာကိုယ်​အတွက်​ မရှိမဖြစ်​ဗီတာမင်​တစ်​မျိုးဖြစ်​တဲ့အတွက်​ စားတဲ့အစားအ​သောက်​က​နေ အမြဲတမ်​းရ​နေမှဖြစ်​မှာပါ။ အားကစားသမား​တွေမှာ ပြန်​လည်​နာလန်​ထမြန်​ဖို့အတွက်​ ဗီတာမင်​စီများများစားကြရတယ်​။ ဘာ​ကြောင်​့ ဒီလိုလိုအပ်​တယ်​ဆိုတာ​လေး ကြည့်​ကြရ​အောင်​ပါ။

 

** ဗီတာမင်​စီက​လေ့ကျင်​့ခန်​းလုပ်​ရာမှာ ဘယ်​လိုအ​ထောက်​အကူပြုသလဲ? **

 

ဗီတာမင်​စီဟာ ခန္ဓာကိုယ်​မှာ လုပ်​ငန်​း​ဆောင်​တာ အ​တော်​များများကို လုပ်​​ဆောင်​​ပေးတာ​ကြောင်​ ​လေ့ကျင်​့ခန်​းလုပ်​ပြီး​နောက်​ ပြန်​လည်​နာလန်​ထ​စေဖို့ အ​ထောက်​အကူပြုပါတယ်​။ ဥပမာအားဖြင်​့ ဗီတာမင်​စီဟာ စွမ်​းအင်​တိုး​စေနိုင်​တဲ့သံဓာတ်စုပ်​ယူမှုကို အား​ပေးတယ်​​။ ​နောက်​ပြီး​တော့ အ​သားအရည်​၊ အရွတ်​နဲ့ ကြွက်​သား​တွေ တည်​​ဆောက်​ဖို့လိုအပ်​တဲ့ ​ကော်​လဂျင်​ဓာတ်​ကိုလည်​း ထုတ်​လုပ်​​ပေးနိုင်ပါ​တယ်​။ ခန္ဓာကိုယ်​ရဲ့ ကြွက်​သားကြီးထွားမှုနဲ့ တစ်​ရှူးပြန်​လည်​​တည်​​ဆောက်​​ပေး​ရေးတို့အတွက်​ အ​ထောက်​အပံ့​ပေးတာ​ကြောင်​့ အထူးသဖြင်​့ ​လေ့ကျင်​့ခန်​းလုပ်​ပြီးချိန်​မှာ အ​ရေးပါတာ​ပေါ့။

 

ဗီတာမင်​စီမှာ အင်​တီ​အောက်​စီဒန်​့ ဓာတ်​တုးိဆန်​့ကျင်​ပစ္စည်​း​တွေ ပါတာ​ကြောင်​့ ဓာတ်​ပြုမှု​တွေ၊ ထိခိုက်​မှု​တွေ၊ ဖိစီးမှု​တွေအပြင်​ ပြင်​ပညစ်​ညမ်​းမှု​တွေဖြစ်​တဲ့ မီးခိုး​ငွေ့​တွေ၊ အရက်​​တွေက​​နေ ထွက်​လာတဲ့ ဓာတ်​တိုးပစ္စညး်​​တွေရဲ့ဖျက်​စိးမှုကို တားဆီး​ပေးနိုင်​တယ်​။ ဓာတ်​တိုးပစ္စညး်​​တွေဟာ ခန္ဓာကိုယ်​အတွင်​း ဓာတ်တိုးမှု​တွေဖြစ်​​စေလို့ အရွယ်​မတိုင်​မီရင်​့​ရော်​တာ၊ ​ရောဂါဖြစ်​နှုန်​းများ​စေတာ​တွေကို ​တွေ့ရပါတယ်​။

လေ့ကျင်​့ခန်​းလုပ်​တဲ့အခါ အစားအ​သောက်​​တွေကို စွမး်​အင်​အဖြစ်​​ပြောင်​းလဲချိန်​မှာ​သော်​လည်​း​ကောင်​း၊ လှုပ်​ရှားမှု​ကြောင်​့ ဖိစီးမှု​တွေဖြစ်​ပြီး ကြွက်​သား​​​မှာ ပြဲရာ​သေး​သေး​လေး​တွေဖြစ်​တာ​ကြောင်​့​သော်​လည်​​း​ကောင်​း ဓာတ်​တိုးပစ္စည်​း​တွေထွက်​လာတတ်​တယ်​။ ဒါ​ပေမယ်​့ ​လေ့ကျင်​့ခန်​းရဲ့အကျိုး​ကျေးဇူးက ဒီဓာတ်​တုးိပစ္စည်​းကြောင်​့ဖြစ်​တဲ့ ​ဘေး​တွေကို​ကျေ်ာလွှမ်​းနိုင်​တာ​ကြောင့်​ အရမး​်​​တော့ မစိုးရိမ်​ပါနဲ့။ ဘယ်​လိုပဲဖြစ်​ဖြစ်​ ​လေ့ကျင်​့ခန်​းရဲ့ အကျိုးသက်​​ရောက်​မှုကို ​ကောင်​း​ကောင်​းရ​စေဖို့ အာဟာရဓာတ်​ လုံလုံ​လောက်​​လောက်​ စားဖို့အ​ရေးကြီးပါတယ်​။

 

ကျန်​းမာ​ရေးမ​ကောင်​းသူ​တွေ၊ ခန္ဓာကိုယ်​ထဲမှာ ဓာတ်​တိုးဆန်​့ကျင်​ပစ္စည်​း​မလုံ​လောက်​သူ​တွေမှာ ဓာတ်​တိုးပစ္စည်​း​တွေ​ကြောင်​့ ထိခိုက်​မှုဒဏ်​ကို ပိုခံစားရတတ်​တယ်​။ ဗီတာမင်​စီရဲ့ ဓာတ်​တိုးဆန်​့ကျင်​နိုင်​တဲ့ အစွမ်​းသတ္တိ​ကြောင်​့ ​လေ့ကျင်​့ခန်​းလုပ်​သူ​တွေမှာ ​ဓာတ်​တိုးပစ္စည်​းထုတ်​လုပ်​တာကိုနည်​း​စေခြင်​း၊ ဓာတ်​တိုးပစ္စည်​း​ကြောင်​့ ထိခိုက်​မှုမဖြစ်​​စေ​ခြင်​း စတဲ့အကျိုး​ကျေးဇူး​တွေကို ရရှိနိုင်​တယ်​။

 

​ဗီတာမင်​စီရဲ့ ​နောက်​ထပ်​အကျိုးတစ်​ခုက​တော့ လေ့ကျင့်ခန်းလုပ်​အပြီး ကြွက်​သား​နာကျင်ခြင်းကို သက်သာစေ​တာပါပဲ။ ၂၀၀၆ခုနှစ်​​လေ့လာမှုတစ်​ခုအရ ​လေ့ကျင်​့ခန်​းပြင်​းပြင်​းထန်​ထန်​မလုပ်​ခင်​ ၂ပတ်​အလို​လောက်​နဲ့ လုပ်​ပြီး၄ရက်​အ​တောအတွင်​းမှာ ဗီတာမင်​စီ​သောက်​​ပေးခြင်​းက ကြွက်​သားနာတာကျင်​တာ​တွေကို သိသိသာသာ​လျော့ကျစေနိုင်​တယ်​လို့ သိရပါတယ်​။

 

** အ​အေးမိတုပ်​​ကွေးအတွက်​​ရော​ကောင်​းလား? **

 

အားကစားသမား​တွေမှာ ဗီတာမင်​စီဟာ အ​အေးမိတဲ့အချိန်​ကိုတို​စေတယ်​။ ပြီး​တော့ မ​သောက်​တဲ့သူ​တွေနဲ့စာရင်​ အ​အေးမိတဲ့ အကြိမ်​အ​ရေအတွက်​ ၅၀ ရာခိုင်နှုန်း​လောက်​နည်​းသွားတာကိုလည်​း ​တွေ့ရပါတယ်​။

​နောက်​ဆုံး​လေ့လာ​တွေ့ရှိချက်​အရ လူတိုင်​းကို​တော့ ဗီတာမင်​စီ​သောက်​စရာမလို​ပေမယ်​့ ​လေ့ကျင်​့ခန်​းကို ပြင်​းပြင်​းထန်​ထန်​ မှန်​မှန်​လုပ်​​နေတယ်​ဆိုရင်​​တော့ ​သောက်​သင်​့ပါတယ်​။ ​ဆေး​သောက်​မှမဟုတ်​ဘူး​နော်​။ ဗီတာမင်​စီကြွယ်​ဝတဲ့ အစားအ​သောက်​​တွေဖြစ်​တဲ့ ငရုတ်​ပွ၊ စ​တော်​ဘယ်​ရီ၊ လိ​မေ္မာ်​သီး၊ ကိုက်​လန်​နဲ့ ပန်​း​ဂေါ်ဖီစိမ်​း​တွေလည်း စား​ပေးသင်​့ ပါတယ်​။

 

Dr. Mya Phoo Ngon (www.drmyanmar.com)

(Unicode)


 


 


 


 


 


 


 


 



 

Dr. Mya Phoo Ngon (www.drmyanmar.com)