/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/လှဲလျောင်းပြီး-စက္ကန့်-60-အတွင်း-စိတ်ဖိစီးမှုကို-ဖြေလျှော့နည်း

လှဲလျောင်းပြီး စက္ကန့် 60 အတွင်း စိတ်ဖိစီးမှုကို ဖြေလျှော့နည်း

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အလုပ်တွေများ၊ အချိန်မရှိဖြစ်ပြီး စိတ်ဖိစီးမှုများနေပါသလား။ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။

          အချိန်တစ်မိနစ်ပဲပေးပြီး အသက်ပြင်းပြင်းရှူခြင်းကို ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် စိတ်ဖိစီးမှုလျော့ကျစေပြီး အာရုံစူးစိုက်မှုရရှိစေမှာပါ။

          ဘယ်လိုလုပ်ရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ဘယ်လိုလုပ်ရမလဲ?

1. အိပ်ယာ (သို့) ဆိုဖာ (သို့) ကြမ်းပြင်ပေါ်မှာ လှဲလျောင်းလိုက်ပြီး လက်တစ်ဖက်ကို ရင်ဘတ်အပေါ်ပိုင်းမှာတင်ပါ။ နောက်တစ်ဖက်ကို နံရိုးအောက်ဘက်မှာထားပါ။

2. နှာခေါင်းမှ ဖြည်းဖြည်းချင်းအသက်ရှူသွင်းပါ။ အောက်ဘက်ကလက်ကို အစာအိမ်က တွန်းတင်လိုက်ပြီး ရင်ဘတ်ပေါ်ကလက်ကတော့ ငြိမ်နေတာကိုခံစားပါ။

3. ပါးစပ်မှ လေရှူထုတ်ပါ။ ဝမ်းဗိုက်က အောက်ကိုချိုင့်ဝင်သွားပါစေ။ ဒီအတိုင်း 1 မိနစ် ပြုလုပ်ပါ။

ဘာကြောင့်လုပ်သင့်သလဲ?

        အသက်ရှူတဲ့အရည်အသွေးနဲ့ စည်းချက်က တည်ငြိမ်မှုနဲ့စိတ်ဖိစီးမှု စတဲ့ခံစားချက်တွေကိုထိန်းချုပ်တဲ့ ဦးနှောက်အလယ်ဗဟိုအပါအဝင် အာရုံကြောစနစ်အပေါ်မှာ အကျိုးသက်ရောက်မှုရှိပါတယ်။

          သတိရှိရှိငြိမ်သက်စွာအသက်ရှူခြင်းဖြင့် စိတ်ပူပန်မှုနဲ့ အခြားစိတ်ဖိစီးမှုတွေကို ဖြေလျော့စေပါတယ်။

          အသက်ပြင်းပြင်းရှိုက်ရှူလိုက်တဲ့အခါမှာ အဆုတ်နဲ့ရင်ဘတ်ကနေတစ်ဆင့် ဦးနှောက်ကိုသတင်းပို့ပေးပြီး စိတ်ငြိမ်စေပါတယ်။

          ရင်ဘတ်နှင့်ဝမ်းဗိုက်ခြားအသက်ရှူကြွက်သားနဲ့ အသက်ပြင်းပြင်းရှူခြင်းဖြင့် ကိုယ်နေဟန်ထားကောင်းစေခြင်းနှင့် အနာသက်သာစေခြင်း စတဲ့အကျိုးကျေးဇူးတွေကိုလည်းရရှိစေပါတယ်။

Dr. Mya Myo Myo Swe

www.drmyanmar.com