ဝမ်းပျော့ဆေး သောက်တဲ့အခါ သတိထားဖို့ ...
ဝမ်းပျော့ဆေးတွေဟာ ဆိုးကျိုးလောက်လောက်လားလား မရှိပေမယ့် သတိထားဖို့တော့ လိုတယ်နော်။
အမေရိကန် မိသားစုကျန်းမာရေး အထူးပြုဆရာဝန်များအဖွဲ့က ဝမ်းပျော့ဆေးနဲ့ ပတ်သက်လို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
● Phenylketouria လို့ခေါ်တဲ့ အင်ဇိုင်းဓာတ်တစ်မျိုး ချို့တဲ့ပြီး အာရုံကြောထိခိုက်တဲ့ ရောဂါတစ်မျိုးမှာ ဝမ်းပျော့ဆေးမှာပါတဲ့ phenyalanine လို့ခေါ်တဲ့ ဓာတ်တစ်မျိုးကြောင့် ဘေးဖြစ်စေနိုင်လို့ မသောက်သင့်ပါဘူး။
● ဝမ်းပျော့ဆေးမှာပါတဲ့ ဓာတ်တွေနဲ့ မတည့်သူတွေမှာ မသောက်သင့်ပါဘူး။ ဝမ်းပျော့ဆေး အတော်များများမှာပါတဲ့ psyllium ဆိုတဲ့ဓာတ်ကို မတည့်သူလူနည်းစု ရှိနေတတ်ပါတယ်။
● ဝမ်းပျော့ဆေးကို ရေရှည်စွဲမသောက်သင့်ပါဘူး။
● တခြားဆေးတွေနဲ့ ၂ နာရီလောက်ခွာပြီး သောက်ပေးပါ။
● တခြားသောက်နေတဲ့ဆေးတွေရှိရင် ဝမ်းပျော့ဆေး မသောက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
● ဝမ်းပျော့ဆေးအမျိုးမျိုးကို တစ်ပြိုင်နက်တည်း လျှောက်မသောက်ပါနဲ့။
Dr. Mya Phoo Ngon (www.drmyanmar.com)






























