/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သက်ပြင်းချခြင်းနဲ့-ကျန်းမာရေး

သက်ပြင်းချခြင်းနဲ့ ကျန်းမာရေး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        သက်ပြင်းချခြင်းဟာ စိတ်ကို လန်းဆန်းစေနိုင်ပါတယ်။

          လူတွေဟာ မကြာခဏ သက်ပြင်းချ၊ သန်းဝေတတ်ပါတယ်။ ဒါဟာ အောက်ဆီဂျင်ဓာတ် လျော့နည်းလာတာကို ခန္ဓာကိုယ်က ပြန်တုံ့ပြန်တာပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အောက်ဆီဂျင်ဓာတ် များလာစေဖို့နဲ့ စိတ်ကြည်လင်စေဖို့၊ ဗိုက်ဖောင်းသည်အထိ နှာခေါင်းမှ အသက်ပြင်းပြင်း ရှူပြီး ပါးစပ်မှ ဖြည်းဖြည်းချင်း ပြန်ရှူထုတ်နိုင်ပါတယ်။ ဒီလို အောက်ဆီဂျင်နည်းလို့ သက်ပြင်းချခြင်း၊ သန်းဝေခြင်းတို့ကို ပင်ပန်းတဲ့အရိပ်အရောင်နဲ့ မမှားသင့်ပါဘူး။

သန်းဝေခြင်းနဲ့ သက်ပြင်းချခြင်းတို့ဟာ စိတ်ငြိမ်စေပြီး စိတ်ပြေလျော့စေနိုင်ပါတယ်။ ထွေထွေထူးထူး စဉ်းစားမနေဘဲ ဟင်းခနဲ သက်ပြင်းချ ကြည့်လိုက်ပါ။ ဒီလိုသက်ပြင်းချတဲ့အခါ လေတွေကို အဆုတ်ထဲကနေ အကုန်ရှူထုတ်လိုက်ပြီး နှာခေါင်းကနေ ပုံမှန်အတိုင်း ပြန်လည်ရှူသွင်းနိုင်ပါတယ်။ ဒီလို ရှူသွင်းရှူထုတ် 12 ကြိမ်ခန့် ပြုလုပ်ပြီးတဲ့အခါ စိတ်ပြေလျော့သွားတာကို တွေ့ရမှာပါ။ ရှူသွင်းရှူထုတ်ကို ပုံမှန်လေး ပြုလုပ်ပေးတဲ့အခါ နောက်ပိုင်း သက်ပြင်းချတဲ့ အကြိမ်အရေအတွက် နည်းလာတာကို တွေ့ရမှာပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)