/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သမားရိုးကျထမင်းချက်နည်းသည်-arsenic-ဓာတ်အနည်းငယ်ကို

သမားရိုးကျထမင်းချက်နည်းသည် Arsenic ဓာတ်အနည်းငယ်ကို ကျန်ရှိစေကြောင်း သိပ္ပံပညာရှင်များက သတိပေးပြောကြား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ဓာတ်ခွဲစမ်းသပ်မှုတွေအရ ပုံမှန်ထမင်းချက်နည်းသည် စားသုံးသူတွေအတွက် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါ စတဲ့ကျန်းမာရေးပြဿနာတွေ ကြုံတွေ့နိုင်ရကြောင်းသိရှိရပါတယ်။ မကြာသေးမီကပြုလုပ်တဲ့ သုတေသနပြုလုပ်ချက်တွေအရ ထမင်းကိုပုံမှန်အတိုင်းရေခမ်းချက်နည်းဟာ Arsenic ဓာတ်တွေ ကျန်ရှိနေနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

          စပါးစိုက်ပျိုးရာမှာ သုံးတဲ့ပိုးသတ်ဆေးတွေ၊ စက်ရုံမှ အဆိပ်အတောက်တွေကြောင့် Arsenic ဓာတ်တွေဟာ ဆန်ထဲမှာ ပါလာပါတယ်။ ၎င်းဓာတ်ဟာ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ တွေအပြင် အခြားဖွ့ံဖြိုးမှုဆိုင်ရာပြဿနာတွေနဲ့ပါ ဆက်စပ်နေပါတယ်။

          ဒါ့ကြောင့် ထမင်းရေခမ်းချက်စားမယ်ဆိုရင် Arsenic ဓာတ် 80% ထိဖယ်ရှားပေးနိုင်မယ့်နည်းလမ်းကတော့ ဆန်ကို တစ်ညလုံးရေစိမ်ထားပြီး နောက်တစ်နေ့မနက်မချက်ပြုတ်မီမှာ ညသိပ်ရေများကို ဖယ်ရှားပြီး နောက်ထပ်ရေများများနဲ့ ဆန်ဆေးရည်ကြည်လာတဲ့အထိ အထပ်ထပ်ဆေးကြောရမှာဖြစ်ပါတယ်။ ပြီးရင် ရေနွေးပူ 5 ဆ ထပ်ထည့်ပြီး သေချာမွှေပေးပြီး ထပ်မံဆေးကြောရပါမယ်။ ပြီးမှသာ ရေအသစ်ထပ်ထည့်ပြီး ချက်ပြုတ်စားသောက်ရမှာဖြစ်ပါတယ်။

Dr. Thinzar Wynn (www.drmyanmar.com)