သီချင်းဆိုမယ့်သူတွေ ရှောင်ကြဉ်သင့်တဲ့အကျင့်ဆိုးများ
တချို့နေ့တွေမှာ မိမိရဲ့အသံဟာကြည်လင်ပြတ်သားနေ၍ တချို့နေ့တွေမှာမူ သီချင်းဆိုဖို့အတော် အားယူရတာကို သတိထားမိပါလိမ့်မယ်။ အဆိုဝါသနာပါသူတွေအတွက် မိမိရဲ့အသံကို အကောင်းဆုံး အနေအထားမှာရှိစေဖို့ ရှောင်ရှားသင့်တဲ့အကျင့်ဆိုးတွေကတော့ -
1. ခန္ဓာကိုယ်ကို လေအေးတိုက်ရိုက်ရောက်သောနေရာတွင် အိပ်စက်ခြင်း
လည်ချောင်းကိုခြောက်သွေ့စေနိုင်တာကြောင့် ပန်ကာ (သို့) လေအေးပေးစက် တည့်တည့်ရောက်တဲ့နေရာမှာ အိပ်စက်ခြင်းမှုရှောင်ကြဉ်ပါ။ ဖြစ်နိုင်လျှင် လေစီးဆင်းရာ လမ်းကြောင်းကို ပြောင်းပြီးတစ်ခန်းလုံးအနှံ့ လည်ပတ်အောင် ပြုလုပ်ပါ။
2. အာခေါင်ခြစ်ပြီး အော်ခြင်း
အော်ခေါ်ခြင်း၊ အော်ဟစ်ခြင်းတွေ မပြုလုပ်မိအောင် တတ်နိုင်သမျှရှောင်ကြဉ်ပါ။ လည်ချောင်းခြောက်ခြင်း၊ နာခြင်း ဖြစ်နေတဲ့အချိန်ဆိုလျှင် အသံကြိုးကိုအနားပေးသင့်ပါတယ်။ အော်ဆိုရမယ့် သီးချင်းဖြစ်ပါက အသံကိုထိန်းပြီး အခြားသင့်လျော်တဲ့နည်းလမ်းဖြင့် အသံနာခြင်းကို ထပ်မံမဆိုးရွားအောင် ကာကွယ်ပါ။
3. စိတ်ဖိစီးမှုနဲ့ အိပ်ပျက်ခြင်း
အချိန်ဇယားတွေ၊ အိမ်စာတွေ၊ အလုပ်တွေနဲ့ အခြားတာဝန်ယူရတဲ့ကိစ္စတွေကြောင့် လူအများစုဟာ အိပ်ချိန်ကို အပြည့်အဝမရကြတော့ပါဘူး။ အိပ်ရေးပျက်ခြင်းကြောင့် မိမိရဲ့အသံကိုဆိုးရွားစွာ ထိခိုက်နိုင်သည့် အတွက် တစ်နေ့လျှင် 8 နာရီခန့်အိပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ထို့ပြင် အနားယူရန်နှင့် စိတ်ဖိစီးမှု ကိုလျှော့ချရန်လည်း တတ်နိုင်သမျှ အချိန်ယူပါ။
Dr. Thinzar Wynn






























