/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွားတိုက်ဆေးဘူး-အောက်ခြေမှာရှိတဲ့-အရောင်တွေပါတဲ့-လေးထောင့်လေးက

သွားတိုက်ဆေးဘူး အောက်ခြေမှာရှိတဲ့ အရောင်တွေပါတဲ့ လေးထောင့်လေးက ဘာကိုမှ မသိနိုင်ပါဘူးတဲ့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          သွားတိုက်ဆေးဘူး အောက်ခြေလေးမှာ အရောင်ပါတဲ့ လေးထောင့်လေးကို သတိပြုကြမယ်လို့ ထင်ပါတယ်။ ဒီအမှတ်အသားထဲမှာဆိုရင် အစိမ်း၊ အပြာ၊ အနီ (သို့) အနက် စတဲ့အရောင်တွေ ပါတတ်ပါတယ်။

          ဒါကို လူအများစုက ဒီသွားတိုက်ဆေးထဲမှာ အဆိပ်ဖြစ်စေတတ်တဲ့ ဓာတုပစ္စည်း ဘယ်လောက်ပါတယ်ဆိုတာကို ပြတဲ့ လျှို့ဝှက်သငေ်္ကတလို့ ထင်ကြပါတယ်။ အင်တာနက်ဝက်ဆိုက်တွေထဲက ဆောင်းပါးတွေက ဒီအရောင်တွေက သွားတိုက်ဆေးထဲမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေရဲ့ အရေအတွက်ကို ညွှန်ပြနေတယ်လို့ ဆိုပါတယ်။

          ဒီဆောင်းပါးတွေမှာ ဖော်ပြတဲ့ သဘောတရားကတော့ - အစိမ်းရောင်က လုံးဝသဘာဝသွားတိုက်ဆေး၊ အပြာရောင်ကတော့ သဘာဝနဲ့ဆေးတွေ ရောစပ်ပါဝင်၊ အနီရောင်က သဘာဝနဲ့ ဓာတုပစ္စည်းတွေ ပေါင်းစပ်ပါဝင်ပြီး အနက်ရောင်ကတော့ ဓာတုပစ္စည်းတွေပဲ ပါဝင်တယ်လို့ ဆိုလိုပါတယ်လို့ ယူဆကြပါတယ်။

          ဒါတွေအားလုံးက ယုံတမ်းစကားတွေပါ။ အမှန် မဟုတ်ပါဘူး။

          ဒီလေးထောင့်အကွက်ရဲ့ သဘောတရားအမှန်က ထုတ်လုပ်မှုရဲ့အမှတ်အသားတစ်ခုပဲ ဖြစ်ပါတယ်။ eye marks လို့ ခေါ်ပါတယ်။ ဒီအရောင်လေးထောင့်ကြောင်းလေးတွေကို အလင်းရောင်ပြန်ပါတဲ့ ကိရိယာနဲ့ ဖတ်လို့ရပြီး ပါကင်ဖြတ်တောက်၊ ထုတ်ပိုးတဲ့စက်ရဲ့ အမြန်နှုန်းကို ဖော်ပြပါတယ်။

          သွားတိုက်ဆေးတွေထဲမှာ ဓာတုပစ္စည်း ပါ, မပါ သိချင်ရင် ပါဝင်တဲ့ပစ္စည်းစာရင်းကို ဖတ်ကြည့်ပါ။ ဒီအရောင်တွေက ဘာကိုမှ မသိနိုင်ပါဘူး။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)