/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွေးပေါင်ကျတာကို-ဘယ်နှစ်မျိုးခွဲထားသလဲ-ကြည့်ကြရအောင်

သွေးပေါင်ကျတာကို ဘယ်နှစ်မျိုးခွဲထားသလဲ ကြည့်ကြရအောင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

၁။       ရုတ်တရက် ထလိုက်ချိန်မှာ သွေးပေါင်ကျခြင်း
         ပုံမှန်လူတွေမှာ ထိုင်ရာ၊ အိပ်ရာကနေ မတ်တပ်ရပ်လိုက်ချိန်  နှလုံးက ညှစ်ပေးတာရယ်၊ သွေးကြောတွေ ကျဉ်းပေးတာရယ်ကြောင့် သွေးပေါင်မကျတတ်ဘူး။ ဒါပေမဲ့ ဒီလိုမလုပ်နိုင်သူတွေမှာတော့ သွေးပေါင် ရုတ်တရက်ကျသွားတတ်တယ်။ အထူးသဖြင့် အရည်ဓာတ် ခမ်းခြောက်နေသူတွေ၊ အကြာကြီး အိပ်ရာထဲလဲနေသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ဆီးချိုသမားတွေ၊ နှလုံးရောဂါရှိသူတွေ၊ မီးလောင်တဲ့အခါ၊ အပူများတဲ့အခါ၊ သွေးတိုးကျဆေးတွေ သောက်ထားတဲ့အခါမျိုးတွေမှာ ဒီလိုထိုင်ရာအထ သွေးပေါင်ကျတတ်တယ်။ အထူးသဖြင့် အသက်ကြီးတဲ့လူတွေမှာပေါ့။ ဒါကြောင့်  လှဲရာမှ ထထိုင်တဲ့အခါ ဖြည်းဖြည်းချင်း ထဖို့ သတိထားသင့်ပါတယ်။

၂။       အစာစားပြီး သွေးပေါင်ကျခြင်း
         အစာစားပြီးချိန်မှာ အစာအိမ်နဲ့အူလမ်းကြောင်းကို သွေးအဓိကသွားတဲ့အတွက် သွေးပေါင်ကျတတ်တယ်။ ဒီိလိုမကျအောင် နှလုံးခုန်မြန်ပြီး၊ သွေးကြောတွေ ကျဉ်းပေးရတယ်။ ဒါပေမဲ့ သွေးတိုးရောဂါရှိတဲ့လူတွေနဲ့ အလိုအလျောက် အာရုံကြောစနစ် အားနည်းနေသူတွေမှာ ဒီလိုမလုပ်နိုင်တော့လို့ သွေးပေါင်ကျတတ်တယ်။ ဒါကြောင့်  ကာဗိုဟိုက်ဒရိတ် ကစီဓာတ်ကို နည်းနည်းစီ စားပေးသင့်ပါတယ်။

၃။      နှလုံးနဲ့ ဦးနှောက် အဆက်အသွယ် ပြတ်တောက်သွားရင်လည်း ဖြစ်တတ်ပါသေးတယ်။ အထူးသဖြင့် ကလေးလေးတွေနဲ့ လူငယ်တွေမှာ ကြာကြာမတ်တပ်ရပ်ချိန်တွေမှာ ဖြစ်တတ်ပါတယ်။ ကြာကြာမတ်တပ်ရပ်ရတဲ့အခါမှာ ခြေချောင်းလေးတွေ လှုပ်ရှားပေးခြင်းက သွေးပေါင်ကျ၊ မူးလဲခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၄။      ဦးနှောက်ပျက်စီးပြီး သွေးပေါင်ကျတဲ့ရောဂါ Shy-drager syndromeမှာလည်း သွေးပေါင်ကျတတ်ပါသေးတယ်။ ဒီရောဂါဟာ ခန္ဓာကိုယ်ရဲ့ အလိုအလျောက်စနစ်တွေကို ထိန်းချုပ်ထားတဲ့ အာရုံကြောစနစ် တဖြည်းဖြည်း ပျက်စီးလာလို့ ဖြစ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)