/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အစာစားချိန်မမှန်တာမျိုး-သို့မဟုတ်-အစား-ပုံမှန်မစားတာမျိုးက

အစာစားချိန်မမှန်တာမျိုး သို့မဟုတ် အစား ပုံမှန်မစားတာမျိုးက ကျန်းမာရေးကို ဘာတွေထိခိုက်စေမလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

မနက်နိုးနိုးချင်း အလုပ်ကိုတန်းပြေးရလို့ မနက်စာလွတ်တာမျိုး၊ နေ့လယ်ထမင်းစားချိန်ထိ အစည်းအဝေးမပြီးသေးတာကြောင့် အစာမစားရတာမျိုးကို အနည်းနှင့်အများ ကြုံတွေ့ဖူးကြပါလိမ့်မယ်။
အစာတစ်နပ်လွတ်သွားခြင်းဟာ သွေးတွင်းအချိုဓာတ်ကို ကျစေနိုင်ပြီး မနက်စာမစားပါက အချိန် ၁၂ နာရီလောက်အတွက် ကိုယ်ခန္ဓာက လိုအပ်တဲ့စွမ်းအင်ကို မရရှိနိုင်ပါဘူး။ ဒါကြောင့်မို့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို အားအင်ပြည့်ဝစွာ လုပ်ဆောင်ဖို့ရာ ခဲယဉ်းပါလိမ့်မယ်။
ရက်ရှည်လများ အစားရှောင်မယ်ဆိုရင်တော့ အာဟာရချို့တဲ့ခြင်း၊ ဇီဝဖြစ်စဉ်များ နှေးကွေးခြင်းနှင့် အာရုံစူးစိုက်ရခက်ခဲခြင်းတို့နှင့် ရင်ဆိုင်ရပါလိမ့်မယ်။

Kremil-S 1

အခုဆောင်းပါးလေးမှာတော့ အစားကို ပုံမှန်မစားပါက တွေ့ကြုံရမယ့် ကျန်းမာရေးပြဿနာတွေကို ဖော်ပြပေးလိုက်ပါတယ် ...

(၁)  ရေရှည်မှာ ဝိတ်ကျဖို့ မလွယ်ကူဘူး
နေ့လယ်စာ (သို့) ညစာကို လုံးဝရှောင်ခြင်းဖြင့် ရက်အနည်းငယ်အတွင်းမှာ အဝတ်အစားတွေ ချောင်လာတာမျိုး ရှိနိုင်ပေမယ့် ရုတ်တရက် မြန်မြန်ဝိတ်ကျခြင်းရဲ့ ၅၀ ရာနှုန်းကျော်ဟာ အရည်ဝိတ်တွေ ကျဆင်းခြင်းသာ ဖြစ်တဲ့အတွက် သွေးပေါင်ကျတာနှင့် ရင်ဆိုင်ရပါလိမ့်မယ်။
လေ့လာချက်တွေအရ ရက်ပေါင်းများစွာ အစားရှောင်မယ်ဆိုရင် အဆီတွေ လောင်ကျွမ်းခြင်းဖြစ်စဉ် နှေးကွေးလာပြီး အရည်ဝိတ်တွေပဲ ထပ်ကျလာဖွယ်ရှိပါတယ်။ ဒါကြောင့် အစပိုင်းမှာ ဝိတ်ကျသလိုရှိပေမယ့်လို့ ထပ်မကျဘဲ တန့်နေတတ်ပါတယ်။

(၂)  ကြွက်သားများ ဆုံးရှုံးစေတယ်
Gym မှာ အပြင်းအထန်ကစားထားတဲ့ ကြွက်သားတွေဟာ အစာမစားဘဲ ၄ နာရီကနေ ၆ နာရီလောက်အကြာမှာ ကိုယ်ခန္ဓာက ဖြိုခွဲခြင်းကို ခံလိုက်ရပါတယ်။

Kremil-S 2

(၃)  အစာအိမ် ရောင်စေတယ်
စားထားတဲ့အစာတွေကို ချေဖျက်ဖို့အတွက် အစာအိမ်ကနေ အက်ဆစ်ရည်များ ထုတ်ပေးပါတယ်။ ဗိုက်ထဲ အစာမရှိပေမယ့်လည်း အစာအိမ်ကအက်ဆစ်တွေ အချိန်နှင့်အမျှ ထုတ်ပေးနေတာမို့ ထိုအက်ဆစ်တွေဟာ အစာအိမ်နံရံတွေကို တိုက်စားပစ်ပြီး အစာအိမ် ရောင်စေနိုင်ပါတယ်။

(၄)  သရေစာတွေ အများအပြား စားမိမယ်
အစာရှောင်ခြင်းကြောင့် သွေးတွင်းအချိုဓာတ်တွေ နည်းပါးလာပြီး မျက်စိထဲ မြင်သမျှအစာတွေကို စားမိစေတတ်ပါတယ်။ ကျန်းမာရေးနှင့် မညီညွတ်တဲ့ သရေစာတွေကို အများကြီး စားမိခြင်းကြောင့် ပိုတောင်ဝစေနိုင်ပါတယ်။

(၅)  ခံတွင်း အနံ့ဆိုးစေတယ်
အစာမစားတဲ့အခါ တံတွေး အထွက်နည်းစေပါတယ်။ ထိုအခါမှာ ပါးစပ်ထဲရှိ ဘက်တီးရီးယားတွေကို ကောင်းစွာ မရှင်းထုတ်နိုင်တဲ့အတွက် ခံတွင်းနံ့ ဆိုးစေပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)