/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အစာအိမ်-သွေးယိုစီးခြင်း-ဖြစ်စေသော-အကြောင်းအရင်းများ-0

အစာအိမ် သွေးယိုစီးခြင်း ဖြစ်စေသော အကြောင်းအရင်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

            အစာအိမ်နံရံနဲ့ အူနံရံအစိတ်အပိုင်းတချို့ တိုက်စားခံရတဲ့အခါမှာ အနာဖြစ်လာပါတယ်။ H. Pylori ဆိုတဲ့ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့်လည်း အစာအိမ်အနာ အဖြစ်များပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်း သွေးယိုစီးရတဲ့ အဖြစ်များဆုံး အကြောင်းအရင်းကတော့ အစာအိမ်အနာပါပဲ။ အကိုက်အခဲပျောက်ဆေး အလွန်အကျွံသောက်ရင်၊ နေထိုင်စားသောက်မှုပုံစံ မမှန်ရင် အစာအိမ်အနာ ဖြစ်တတ်သလို ဖြစ်ပြီးသား အနာကနေပြီးလည်း သွေးယိုစီးစေနိုင်ပါတယ်။

 

•        အကိုက်အခဲပျောက်ဆေးများ

          အကိုက်အခဲပျောက်ဆေးတွေက အစာအိမ်နံရံတွေကို ဓာတုပစ္စည်းတွေနဲ့ အခြားထိခိုက်မှုတွေကနေ ကာကွယ်ပေးနိုင်တဲ့ ဟော်မုန်းထွက်တာကို ဟန့်တားပါတယ်။ အစာအိမ်နံရံကို အကာအကွယ် မရှိတော့တဲ့အခါ အက်ဆစ်တွေရဲ့ တိုက်စားမှုခံရပြီး ရောင်ရမ်းခြင်းနဲ့ သွေးထွက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေး စွဲသောက်တတ်တဲ့သူတွေမှာ အစာအိမ် သွေးယိုစီးမှုဖြစ်လေ့ရှိပြီး ဆေးသောက်တဲ့ပမာဏအပေါ် မူတည်ပြီး သွေးယိုစီးနိုင်ခြေ ပိုများလာပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ များများနဲ့ ခဏခဏသောက်လေလေ သွေးယိုစီးမှု ပိုများလေပါပဲ။

Kremil-S 1

•        အခြားဆေးဝါးများ

1.        ဆရာဝန် ညွှန်ကြားတဲ့ သွေးကျဲဆေးတွေနဲ့အတူ အကိုက်အခဲပျောက်ဆေးတွေပါ တွဲဖက်ပြီး သောက်သုံးသူတွေမှာ အစာအိမ် သွေးယိုစီးနိုင်ခြေ 12 ဆ ပိုများပါတယ်။

2. အကိုက်အခဲပျောက်ဆေးတွေနဲ့ corticosteroid ဆေးတွေ တွဲသောက်ရင်လည်း အစာအိမ် သွေးယိုစီးနိုင်ခြေ 7 ဆ ပိုများပါတယ်။

Kremil-S 2

•        အရက်

          အရက်က အစာအိမ်နံရံတွေကို ထိခိုက်စေပြီး ဒဏ်ဖြစ်စေနိုင်တဲ့အပြင် အစာအိမ်ကနေ အက်ဆစ်ထွက်တာလည်း များစေပါတယ်။ အရက်နဲ့ အကိုက်အခဲပျောက်ဆေး တွဲသောက်ရင်လည်း အစာအိမ်အနာ သွေးယိုစီးနိုင်ခြေ ပိုများပါတယ်။

 

•        ဆေးလိပ်သောက်ခြင်း

          ဆေးရွက်ကြီးထဲမှာရှိတဲ့ နီကိုတင်းဓာတ်က အစာအိမ်အက်ဆစ်ဓာတ်ပမာဏနဲ့ ပြင်းအားကို များစေရုံသာမက အနာကျက်တာကိုလည်း နှေးစေနိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့သူတွေမှာ သွေးထွက်ခြင်းကဲ့သို့သော အစာအိမ်အနာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ပိုဖြစ်နိုင်ပါတယ်။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)