/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အဆုတ်မှာ-ပြဿနာရှိနေပြီဆိုတာကို-ပြတဲ့လက္ခဏာများ

အဆုတ်မှာ ပြဿနာရှိနေပြီဆိုတာကို ပြတဲ့လက္ခဏာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အောက်ပါလက္ခဏာတွေထဲက တစ်ခုခုကို ခံစားနေရပါက ဆရာ၀န်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

•        နေ့စဉ် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် အသက်ရှူမ၀ခြင်း

•        လေ့ကျင့်ခန်းပြုလုပ်ရာတွင် အသက်ရှူသံ တရွီးရွီးမြည်ခြင်း

•        အသက်ရှူရာတွင် ရင်ဘတ်အောင့်ခြင်း

•        လှုပ်ရှားမှု တစ်ခုမှ တစ်ခုသို့ ကူးပြောင်းရာတွင် မူးေ၀ခြင်း

•        လေ့ကျင့်ခန်း ပြုလုပ်ချိန်တွင် ချောင်းဆိုးခြင်း

•        အသက်ရှူလမ်းကြောင်း နာကျင်မှု ခံစားရခြင်း

•        နာတာရှည် ချောင်းဆိုးခြင်း

          ဆေးလိပ်သောက်သောသူ ဖြစ်ပါက အဆုတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး တစ်နှစ်မှာ ဘယ်နှကြိမ် စစ်ဆေးသင့်တယ်ဆိုတာကို ဆရာ၀န်နဲ့ တိုင်ပင်သင့်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်တာနဲ့အမျှ အဆုတ်ရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတာကို ကျန်းမာရေးစစ်ဆေးမှုတွေမှာ တွေ့ရှိရမှာ ဖြစ်ပါတယ်။

 

Dr. Htet Htet Aung (www.drmyanmar.com)