/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အညိုအမည်းစွဲခြင်းနှင့်-ရောင်ရမ်းခြင်းအတွက်-ရှေးဦးကုသမှု

အညိုအမည်းစွဲခြင်းနှင့် ရောင်ရမ်းခြင်းအတွက် ရှေးဦးကုသမှု

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.  အညိုအမည်းစွဲခြင်းနှင့် ရောင်ရမ်းခြင်းကို သက်သာအောင် ပြုလုပ်ပါ။
●  အဝတ်သန့်သန့်ထဲတွင် ရေခဲတုံးထည့်ပြီး ရေခဲဖတ် ကပ်ပေးပါ။
●  ဖြစ်ပြီးပြီးချင်း ၁ ရက် ၂ ရက်အတွင်း ကြိမ်ဖန်များစွာ ကပ်ပေးပါ။
●  တစ်ကြိမ်ကပ်လျှင် ၁၅ မိနစ်ခန့်ကပ်ပေးဖို့ လိုပါတယ်။
●  ဒဏ်ရာရတဲ့ လက် (သို့) ခြေထောက်ကို သက်သောင့်သက်သာဖြစ်အောင် ထားပါ။
●  ဒဏ်ရာရထားတဲ့နေရာကို မြင့်မြင့်ထားပါ။

2.  ကုသမှုခံယူပါ။
●  နာကျင်တာတွေအတွက် Paracetamol သောက်နိုင်ပါတယ်။
●  Aspirin ၊ Ibuprofen ကဲ့သို့သော ဆေးဝါးများက သွေးထွက်များစေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

>>  အောက်ပါအခြေအနေများ ကြုံပါကဆေးရုံဆေးခန်းသို့သွားပါ။
●  သွေးကျဲဆေး သုံးစွဲနေသူများတွင် အညိုအမည်းစွဲခြင်း
●  အညိုအမည်းစွဲခြင်းနှင့်အတူ အဆစ်များ မလှုပ်ရှားနိုင်ခြင်း
●  အရိုးကျိုးပြီး အညိုအမည်းစွဲခြင်း
●  မျက်နှာနှင့် ဦးခေါင်းတွင် အညိုအမည်းစွဲခြင်း
●  အကြောင်းပြချက်မရှိဘဲ အညိုအမည်းစွဲခြင်း

3.  အညိုအမည်းစွဲပြီး ၂ ရက်နောက်ပိုင်း ရေနွေးဖတ်ကပ်ပါ။
●  ၂ ရက်အကြာတွင် ရေနွေးဖတ်ကပ်ပေးခြင်းဖြင့် အညိုအမည်းစွဲတာကို အမြန်သက်သာစေပါတယ်။
●  အညိုအမည်းစွဲတဲ့နေရာ ကြီးရင်တော့ ၂ ပတ်လောက်အကြာမှာ နာတာကော၊ ညိုတာပါ ပျောက်ကင်းသွားတတ်ပါတယ်။

www.drmyanmar.com