/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အပူဒဏ်နဲ့ထိတွေ့မှ-အာဟာရဓာတ်ပိုတိုးလာတဲ့-အသီးအရွက်

အပူဒဏ်နဲ့ထိတွေ့မှ အာဟာရဓာတ်ပိုတိုးလာတဲ့ အသီးအရွက်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        အသီးအရွက်အများစုရှိ အာဟာရဓာတ်တွေဟာ အပူဒဏ်ကြောင့်ပျက်စီးရတယ်ဆိုပေမယ့် အပူဒဏ်နဲ့ထိတွေ့လို့ အာဟာရဓာတ်တိုးလာတဲ့အသီးအရွက်လည်းရှိပါသေးတယ်။ ၎င်းအာဟာရဓာတ်ကတော့ ခရမ်းချဉ်သီးမှာပါတဲ့ လိုင်ကိုပင်းဓာတ်ဖြစ်ပြီး ခရမ်းချဉ်သီးကိုချက်လိုက်တဲ့အခါ လိုင်ကိုပင်းဓာတ်သုံးလေးဆလေက် တိုးသွားနိုင်ပါတယ်။ ယင်းလိုင်ကိုပင်းဓာတ်ဟာ နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ ကင်ဆာရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့်လိုင်ကိုပင်းဓာတ်ရယူဖို့အတွက် ခရမ်းချဉ်သီးကိုချက်စားပေးရပါမယ်။ ပေါင်းထားတဲ့အသီးအရွက်တွေမှာ အင်တီအောက်ဆီးဒင့်မြင့်မားစွာပါရှိနိုင်ပြီး မုန်လာဥနီကိုချက်ပြုတ်ကြော်လိုက်မယ်ဆိုရင်တော့ ဘီတာကယ်ရိုတင်းဓာတ်တိုးလာစေနိုင်ပါတယ်။ ပေါင်းထားတဲ့ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်းတွေမှာ ကင်ဆာကိုဆန့်ကျင်နိုင်စွမ်းရှိတဲ့ဒြပ်ပေါင်းတွေပိုပါ၀င်နိုင်ပါတယ်။

www.drmyanmar.com