/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အမြဲတွဲဖက်စားသုံးသင့်သော-အစားအစာအတွဲများ

အမြဲတွဲဖက်စားသုံးသင့်သော အစားအစာအတွဲများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အချို့သောအစားအစာတွေက တွဲဖက်စားသုံးတဲ့အခါမှာ အရသာပိုရှိရုံသာမက အာဟာရဓာတ်စုပ်ယူမှု ကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။

 

1. ဒိန်ချဉ်နှင့် ငှက်ပျောသီး (အသားဓာတ်နှင့် ပိုတက်ဆီယမ်ဓာတ်)

      ငှက်ပျောသီးထဲမှာပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်နဲ့ အသားဓာတ်ကြွယ်ဝတဲ့ ဒိန်ချဉ်ကိုတွဲဖက်စားသုံးလိုက်တဲ့ အခါမှာ ကြွက်သားတွေကို တည်ဆောက်မှုကောင်းစေပြီးတော့ လေ့ကျင့်ခန်းလုပ်ရင်ကုန်ဆုံးသွားတဲ့ အမိုင်နိုအက်ဆစ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့်အားကစားလုပ်ပြီးတိုင်း ဒီနှစ်မျိုးကို တွဲပြီးစားသင့်ပါတယ်။

 

2. ကြက်ဥနှင့် ဒိန်ခဲ (ဗီတာမင် D နှင့် ကယ်လ်ဆီယမ်)

      ကျွနု်ပ်တို့ရဲ့ခန္ဓာကိုယ်က အရိုးတွေကိုသန်မာစေတဲ့ကယ်ဆီယမ်ဓာတ်ကို စုပ်ယူနိုင်ဖို့အတွက် ဗီတာမင် D ကိုလိုအပ်ပါတယ်။ ဗီတာမင် D ပါဝင်တဲ့အစားအစာအနည်းငယ်မှာ ကြက်ဥအနှစ်ပါဝင်ပါတယ်။ ဒါကြောင့် မနက်စာကို ကြက်ဥနဲ့ ဒိန်ခဲတွဲဖက်စားသုံးသင့်ပါတယ်။

 

3. အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် သံလွင်ဆီ ( ဗီတာမင် K နှင့် ကျန်းမာရေးနှင့် ညီညွတ်သောဆီ)

      ဗီတာမင် K က အရိုးကိုကာကွယ်ပေးပြီး သွေးခဲခြင်းအတွက်လည်း အရေးပါတဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါ တယ်။ ဒါပေမယ့် ဒီဗီတာမင်က အဆီမှာပျော်ဝင်တာဖြစ်တဲ့အတွက် ဆီနဲ့တွဲဖက်စားမပေးဘူးဆိုရင် ခန္ဓာကိုယ်က ဒီဗီတာမင်ကို မစုပ်ယူနိုင်ပါဘူး။ ဒါကြောင့် အစိမ်းရောင်အသီးအရွက်တွေစားတိုင်း ဗီတာမင် K ကို ခန္ဓာကိုယ်က စုပ်ယူနိုင်စေဖို့အတွက် သစ်ကြားသီး၊ အယ်မွန်သီး၊ မြေပဲ စတာတွေကရတဲ့အဆီ (သို့) သံလွင်ဆီနဲ့ တွဲဖက်စားသုံးပေးပါ။

 

4. စတော်ဘယ်ရီသီးနှင့် ဟင်းနုနွယ်ရွက်

      ဟင်းသီးဟင်းရွက်ကရတဲ့သံဓာတ်စုပ်ယူမှုအားကောင်းစေဖို့အတွက် ဗီတာမင် C ကြွယ်ဝတဲ့အသီးတွေနဲ့ တွဲဖက်စားသုံးပေးရပါမယ်။ အခြားအစားအစာအတွဲတွေကတော့ ပန်းမုံလာနှင့် ငရုတ်ပွသီး၊ ကုလားပဲနှင့် ခရမ်းချဉ်သီး၊ သံဓာတ်ကြွယ်ဝတဲ့အစေ့အနှံများနှင့် လိမေ္မာ်ရည်။

 

5. ဟင်းသီးဟင်းရွက်အစိမ်းနှင့် ကြက်ဥ ( ဗီတာမင် A နှင့် ကြက်ဥအနှစ်)

       ဟင်းသီးဟင်းရွက်အစိမ်းတွေမှာ အသားဓာတ်ရောပြီးစားမယ်ဆိုရင် အာဟာရပိုဖြစ်စေပါတယ်။ ဒါကြောင့် ဟင်းရွက်အစိမ်းသုပ်တဲ့အခါ မကျက်တကျက်ပြုတ်ထားတဲ့ ကြက်ဥလေးထည့်ပေးပါ။ လေ့လာမှုအရ ခရမ်းချဉ်သီးသုပ်၊ မုန်လာဥနီသုပ်၊ ဟင်းနုနွယ်ရွက်သုပ်တွေမှာ ကြက်ဥပါထည့်ပြီးစားတဲ့အမျိုးသားတွေမှာ carotenoid လို့ခေါ်တဲ့ရောင်ခြယ်ပစ္စည်းကို ပိုပြီးစုပ်ယူနိုင်တာကို တွေ့ရှိရပါတယ်။ beat carotene, alpha-carotene, lycopene, lutein, zeaxanthin စတဲ့ carotenoid တွေက အင်တီအောက်ဆီးဒင့်တွေဖြစ်ပြီး ကင်ဆာရောဂါအချို့နဲ့ မျက်လုံးရောဂါအချို့ကို ကာကွယ်နိုင်စွမ်းရှိပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com