/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရိုးပါးခြင်းကို-ကာကွယ်ပေးမယ့်-အစားအသောက်များ

အရိုးပါးခြင်းကို ကာကွယ်ပေးမယ့် အစားအသောက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

(၁)  အစိမ်းရင့်ရောင်အရွက်များ
ကယ်လ်စီယမ်ဓာတ်ကို နို့ထွက်ပစ္စည်းများက ရနိုင်တာကို လူတိုင်းသိပေမယ့် အစိမ်းရောင်အရွက်တွေကနေ ရနိုင်တာကိုတော့ သိကြသူနည်းပါတယ်။ ဈေးထဲမှာ အလွယ်တကူရရှိနိုင်တဲ့ အစိမ်းရောင်အရွက်တွေကို နေ့စဉ်စားပေးပါက ကယ်လ်စီယမ်ဓာတ် ပြည့်ဝစေမယ့်အပြင် ဗီတာမင်ကေပါ ရရှိနိုင်လို့ အရိုးပါးခြင်းကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

(၂)  အာလူး
အရိုးများ သန်မာဖို့အတွက် ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီ လိုအပ်တဲ့အပြင် မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်လည်း မျှတဖို့ အရေးကြီးပါတယ်။ မဂ္ဂနီစီယမ်နည်းပါးပါက ဗီတာမင်ဒီ မျှတမှုကိုပါ ပျက်စီးစေမှာဖြစ်ပါတယ်။ ဒါကြောင့် မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်တွေပါတဲ့ အာလူးနဲ့ကန်စွန်းဥများကို စားသုံးပေးပါက အရိုးသန်မာစေဖို့ ပိုမိုအထောက်အကူပြုမှာ ဖြစ်ပါတယ်။ အာလူးကို ကြော်စားတာထက် ဖုတ်စားခြင်းနဲ့ ပြုတ်ခြင်းတို့ကို ပိုမိုပြုလုပ်သင့်ပါတယ်။

Osteocare 1

(၃)  ချဉ်သောအသီးများ
ချဉ်တဲ့အသီးတွေဟာ ဗီတာမင်စီ ပြည့်ဝပြီး အရိုးပါးခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။  ဗီတာမင်စီကြောင့် ကော်လဂျင်တွေ ထုတ်လုပ်မှုကို အားကောင်းစေတဲ့အတွက် အရိုးနဲ့အရိုးနုတွေကို ပိုမိုအားကောင်းစေပါတယ်။

(၄)  ငါး
အဆီပါတဲ့ငါးတွေဟာ အိုမီဂါ 3 ဖက်တီးအက်ဆစ် ပြည့်ဝတဲ့အပြင် ဗီတာမင်ဒီနဲ့ ကယ်လ်စီယမ် ပြည့်ဝပါတယ်။ ဆယ်လ်မွန်ငါးမှာဆိုရင် ပိုတက်စီယမ်နဲ့ ကယ်လ်စီယမ် ပါဝင်တာမို့ အရိုးတွေကို သန်မာအားကောင်းစေပါတယ်။

Osteocare 2

(၅)  သစ်အယ်သီး
သစ်အယ်သီးတွေမှာ ကယ်လ်စီယမ်နဲ့ ပိုတက်စီယမ် အပြည့်အဝ ပါဝင်ပြီး နေ့စဉ်စားသုံးခြင်းဖြင့် အရိုးများကို သန်မာအားပြည့်စေနိုင်ပါတယ်။

(၆)  အားဖြည့်စာများ
ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီတို့ ထပ်မံအားဖြည့်ထားသော အစားအစာများကို နေစဉ်စားပေးခြင်းဖြင့် အရိုးများ သန်မာကျန်းမာစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)