/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရိုးပွရောဂါကို-ကာကွယ်ပေးတဲ့-အစားအစာတွေ

အရိုးပွရောဂါကို ကာကွယ်ပေးတဲ့ အစားအစာတွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

●  အစိမ်းရောင်ရှိတဲ့ အသီးအရွက်
များသောအားဖြင့် နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာပဲ ကယ်လ်စီယမ်ဓာတ် ကြွယ်ဝတယ်လို့ ကျွန်တော်တို့တွေ ထင်နေတတ်ကြပါတယ်။ တကယ်တော့ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေဖြစ်တဲ့ မုန်ညင်း၊ ကိုက်လန်၊ မုန်လာရွက် စတာတွေမှာလည်း ကယ်လ်စီယမ်ဓာတ် ကြွယ်ဝစွာ ပါပါတယ်။ ဒါ့အပြင် ပိုတက်စီယမ်ဆိုတဲ့ အရိုးပွရောဂါကို ကာကွယ်ပေးတဲ့ဓာတ်တစ်မျိုးလည်း ပါပါတယ်။

●  အာလူး
ကယ်လ်စီယမ် နဲ့ ဗီတာမင်ဒီအပြင် နောက်ထပ် အရိုးအတွက် အားဖြည့်ပေးတဲ့ဓာတ်တွေက မဂ္ဂနီစီယမ် နဲ့ ပိုတက်စီယမ်ပါ။ အာလူးနဲ့ ကန်စွန်းဥမှာ မဂ္ဂနီစီယမ် နဲ့ ပိုတက်စီယမ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဆီနဲ့ ကြော်တာထက် ပြုတ်တာ၊ ဖုတ်တာမျိုး လုပ်စားပါ။

●  ချဉ်တဲ့အသီးတွေ
ချဉ်တဲ့အသီးအနှံတွေမှာ ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဗီတာမင်စီဟာ ကော်လဂျင်ထုတ်လုပ်မှုကို အားပေးတာကြောင့် အရိုးပွ၊ အရိုးပါး ရောဂါကို ကာကွယ်ပါတယ်။ နောက်တစ်ခုက အသားအရေကိုလည်း အထောက်အကူပြုပါတယ်။

●  ငါး
ငါးမှာ ဗီတာမင်ဒီ နဲ့ အိုမီဂါသရီးတွေ ကြွယ်ဝစွာ ပါဝင်ပြီး ဒီဓာတ်တွေဟာ အရိုးအတွက်အပြင် အဆစ်နဲ့  နှလုံးသွေးကြောကျန်းမာရေးကို အထောက်အကူ ပြုပါတယ်။ ဆယ်လမွန်ငါးဆိုရင် ပိုတက်စီယမ်ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ငါးအသားထဲမှာ ဝါးစားလို့ရတဲ့ အရိုးသေးသေးလေးတွေပါ ပါဝင်လို့ ကယ်လ်စီယမ်ဓာတ်ပါ ရရှိပါတယ်။

●  ဗန်ဒါစေ့
ဗန်ဒါစေ့မှာဆိုရင် ကယ်လ်စီယမ် နဲ့ ပိုတက်စီယမ်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ သူ့ကို မုန့်အနေနဲ့ပဲ ဒီတိုင်းစားစား၊ အသုပ်တွေထဲပဲ ထည့်စားစား ပုံစံစုံနဲ့ စားလို့ရပါတယ်။
●  ကြံသကာ
သူ့ကို သကြားအစားထိုးအနေနဲ့ သုံးလို့ရပါတယ်။ သကြားဟာ အရိုးတွေကို အားနည်းစေပေမယ့် ကြံသကာကတော့ ကယ်လ်စီယမ်ဓာတ် ပါဝင်ပါတယ်။ မုန့်ဖုတ်တဲ့နေရာမှာပဲ သုံးသုံး၊ ဒိန်ချဉ်၊ ဖျော်ရည် စတာတွေထဲ ထည့်သုံးလို့ ရပါတယ်။

●  ပြုပြင်ထားတဲ့ အစားအစာတွေ
ပေါင်မုန့်၊ အသီးဖျော်ရည်၊ ကွေကာအုတ် စတာတွေထဲကို ကယ်လ်စီယမ် ၊ ဗီတာမင်ဒီ စတာတွေ ပေါင်းထည့်ထားတဲ့ အစားအစာတွေ ပေါ်လာပါပြီ။ တကယ်လို့ သင်ဟာ သက်သတ်လွတ်စားတဲ့သူ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ မကြိုက်သူဆိုရင် ဒါတွေကို စားသင့်ပါတယ်။ အထူးသဖြင့် နေရောင်ခြည်မရတဲ့ နေရာတွေ၊ ဆောင်းတွင်းတွေမှာ စားသင့်ပါတယ်။

Dr. Htar (www.drmyanmar.com)