/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရိုးအဆစ်တွေကို-အနားပေးဖို့-လိုအပ်နေပြီလားဆိုတာ-သိနိုင်ဖို့

အရိုးအဆစ်တွေကို အနားပေးဖို့ လိုအပ်နေပြီလားဆိုတာ သိနိုင်ဖို့

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1.  အရိုးအဆစ်နာခြင်း
ဒူးဆစ်တွေဟာ အရိုးအဆစ်နာကျင်ခြင်းဒဏ်ကို အခံရဆုံးအဆစ်တွေ ဖြစ်ပါတယ်။ အထူးသဖြင့် အလေးအပင် မတဲ့အခါမျိုးနဲ့ လှေကားတက်ချိန်တွေမှာ ဒူးနာတာကို ခံစားရမှာပါ။

2.  အဆစ်များကို အထိမခံနိုင်အောင်နာခြင်း
လက်နဲ့ထိရုံနဲ့တင် နာကျင်နေခြင်း၊ အရိုးတစ်ဝိုက် ရောင်ရမ်းဖောင်းနေခြင်းတို့ရှိပါက မပေါ့ဆသင့်ဘူးနော်။

3.  အရိုးများ တောင့်တင်းနေခြင်း
အထူးသဖြင့် မနက်မိုးလင်းချိန်နဲ့ အကြာကြီးထိုင်ပြီးနောက် ထရပ်ချိန်တို့တွင် တောင့်တင်းနာကျင်နေခြင်း ရှိပါကလည်း သတိထားသင့်ပါတယ်။

4.  လှုပ်ရှားလိုက်တိုင်း အရိုးတွေ အသံမြည်နေခြင်း
အရိုးတွေ ပွတ်တိုက်သံကို ကြားနေရခြင်းဟာလည်း အရိုးအဆစ်ရောင်ခြင်း အနုစားတစ်မျိုးကြောင့် ဖြစ်နိုင်ပါတယ်။

5.  အဆစ်များကို ကောင်းစွာလှုပ်ရှားမှု မပြုလုပ်နိုင်ခြင်း
အရင်ကလောက် လွတ်လပ်စွာ မလှုပ်ရှားနိုင်ဘဲ တောင့်တင်းနာကျင်နေခြင်း ရှိပါကလည်း သင့်တစ်နေ့တာ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် အခက်အခဲရှိနိုင်ပါတယ်။

Alaxan IA (1)

6.  အဝလွန်နေခြင်း
အဝလွန်ခြင်းကြောင့် ဒူးဆစ်နဲ့ အခြားသောအဆစ်တွေအပေါ် ဖိအားများသက်ရောက်သလို ဖြစ်စေပြီး အရိုးအဆစ်ရောင်ရမ်းခြင်း ဖြစ်စေပါတယ်။

7.  အလုပ်အကိုင်နဲ့ အရိုးအဆစ်ကျန်းမာရေး
လှုပ်ရှားမှုပြုလုပ်ရသူများ၊ အလုပ်ကြမ်းသမားများနဲ့ အချိန်ကြာကြာရပ်ရသူများတွင် အရိုးအဆစ် နာကျင်ခြင်းဖြစ်ဖို့ အလားအလာ ပိုများပါတယ်။

8.  ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
ဘောလုံးသမား၊ အပြေးသမား စတဲ့ အားကစားသမားတွေအနေနဲ့ အဆစ်များကို ခပ်ကြမ်းကြမ်း အသုံးပြုရခြင်း၊ လှုပ်ရှားမှုများခြင်းတို့ကြောင့် အရိုးအဆစ်ပြဿနာ ပိုမိုဖြစ်ပေါ်တတ်ပါတယ်။

9.  အဆစ်များကို ထိခိုက်ဒဏ်ရာရဖူးခြင်း
အရိုးအက်ခြင်း/ကျိုးခြင်း ဖြစ်ပေါ်ဖူးပါက နောက်တစ်ကြိမ် ထပ်ဖြစ်ဖို့ အလားအလာများပါတယ်။

10.  မိဘများတွင် အရိုးပြဿနာဖြစ်ဖူးခြင်း
အမေ သို့မဟုတ် အဖေတွင် အရိုးအဆစ်ရောင်ရမ်းခြင်း ဖြစ်ဖူးတယ်ဆိုရင် ကိုယ့်မှာလည်းဖြစ်ဖို့ အလားအလာ များပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Alaxan IA (2)

(Zawgyi)

1.  အ႐ိုးအဆစ္နာျခင္း
ဒူးဆစ္ေတြဟာ အ႐ိုးအဆစ္နာက်င္ျခင္းဒဏ္ကို အခံရဆုံးအဆစ္ေတြ ျဖစ္ပါတယ္။ အထူးသျဖင့္ အေလးအပင္ မတဲ့အခါမ်ိဳးနဲ႔ ေလွကားတက္ခ်ိန္ေတြမွာ ဒူးနာတာကို ခံစားရမွာပါ။

2.  အဆစ္မ်ားကို အထိမခံႏိုင္ေအာင္နာျခင္း
လက္နဲ႔ထိ႐ုံနဲ႔တင္ နာက်င္ေနျခင္း၊ အ႐ိုးတစ္ဝိုက္ ေရာင္ရမ္းေဖာင္းေနျခင္းတို႔ရွိပါက မေပါ့ဆသင့္ဘူးေနာ္။

3.  အ႐ိုးမ်ား ေတာင့္တင္းေနျခင္း
အထူးသျဖင့္ မနက္မိုးလင္းခ်ိန္နဲ႔ အၾကာႀကီးထိုင္ၿပီးေနာက္ ထရပ္ခ်ိန္တို႔တြင္ ေတာင့္တင္းနာက်င္ေနျခင္း ရွိပါကလည္း သတိထားသင့္ပါတယ္။

4.  လႈပ္ရွားလိုက္တိုင္း အ႐ိုးေတြ အသံျမည္ေနျခင္း
အ႐ိုးေတြ ပြတ္တိုက္သံကို ၾကားေနရျခင္းဟာလည္း အ႐ိုးအဆစ္ေရာင္ျခင္း အႏုစားတစ္မ်ိဳးေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

5.  အဆစ္မ်ားကို ေကာင္းစြာလႈပ္ရွားမႈ မျပဳလုပ္ႏိုင္ျခင္း
အရင္ကေလာက္ လြတ္လပ္စြာ မလႈပ္ရွားႏိုင္ဘဲ ေတာင့္တင္းနာက်င္ေနျခင္း ရွိပါကလည္း သင့္တစ္ေန႔တာ လုပ္ငန္းေဆာင္တာမ်ားကို ေဆာင္ရြက္ရာတြင္ အခက္အခဲရွိႏိုင္ပါတယ္။

6.  အဝလြန္ေနျခင္း
အဝလြန္ျခင္းေၾကာင့္ ဒူးဆစ္နဲ႔ အျခားေသာအဆစ္ေတြအေပၚ ဖိအားမ်ားသက္ေရာက္သလို ျဖစ္ေစၿပီး အ႐ိုးအဆစ္ေရာင္ရမ္းျခင္း ျဖစ္ေစပါတယ္။

7.  အလုပ္အကိုင္နဲ႔ အ႐ိုးအဆစ္က်န္းမာေရး
လႈပ္ရွားမႈျပဳလုပ္ရသူမ်ား၊ အလုပ္ၾကမ္းသမားမ်ားနဲ႔ အခ်ိန္ၾကာၾကာရပ္ရသူမ်ားတြင္ အ႐ိုးအဆစ္ နာက်င္ျခင္းျဖစ္ဖို႔ အလားအလာ ပိုမ်ားပါတယ္။

8.  ျပင္းထန္ေသာ ေလ့က်င့္ခန္းမ်ား ျပဳလုပ္ျခင္း
ေဘာလုံးသမား၊ အေျပးသမား စတဲ့ အားကစားသမားေတြအေနနဲ႔ အဆစ္မ်ားကို ခပ္ၾကမ္းၾကမ္း အသုံးျပဳရျခင္း၊ လႈပ္ရွားမႈမ်ားျခင္းတို႔ေၾကာင့္ အ႐ိုးအဆစ္ျပႆနာ ပိုမိုျဖစ္ေပၚတတ္ပါတယ္။

9.  အဆစ္မ်ားကို ထိခိုက္ဒဏ္ရာရဖူးျခင္း
အ႐ိုးအက္ျခင္း/က်ိဳးျခင္း ျဖစ္ေပၚဖူးပါက ေနာက္တစ္ႀကိမ္ ထပ္ျဖစ္ဖို႔ အလားအလာမ်ားပါတယ္။

10.  မိဘမ်ားတြင္ အ႐ိုးျပႆနာျဖစ္ဖူးျခင္း
အေမ သို႔မဟုတ္ အေဖတြင္ အ႐ိုးအဆစ္ေရာင္ရမ္းျခင္း ျဖစ္ဖူးတယ္ဆိုရင္ ကိုယ့္မွာလည္းျဖစ္ဖို႔ အလားအလာ မ်ားပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)