/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရိုးအဆစ်များ-ကျန်းမာစေဖို့-ဘယ်လိုအာဟာရတွေ-စားပေးသင့်လဲ

အရိုးအဆစ်များ ကျန်းမာစေဖို့ ဘယ်လိုအာဟာရတွေ စားပေးသင့်လဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

    ကမ္ဘာပေါ်ရှိ လူပေါင်း သန်းငါးဆယ်ကျော်လောက်က အရိုးအဆစ် နာကျင်ရောင်ရမ်းခြင်းကို ခံစားနေကြရတယ်လို့ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများက လေ့လာတွေ့ရှိထားပါတယ်။ အရိုးအဆစ်တွေ နာကျင်ကိုက်ခဲနေလို့ အကိုက်အခဲပျောက်ဆေးတွေ နေ့တိုင်းသောက်နေရရင် ရေရှည်မှာ အစာအိမ်ရောင်ရမ်းခြင်း ဖြစ်နိုင်ပါတယ်။ ဒါဆို အရိုးအဆစ်တွေ ကျန်းမာအောင် ကြိုတင်ကာကွယ်ထားခြင်းက ပိုမိုထိရောက်မှုရှိစေပါတယ်။
    အရိုးအဆစ်တွေ ကျန်းမာပြီး အာဟာရပြည့်ဝဖို့အတွက် အဓိကအရေးပါတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် (၄) မျိုး ရှိပါတယ်။
    ဒါတွေကတော့ မဂ္ဂနီဆီယမ်၊ ဗီတာမင်ဒီ၊ ဗီတာမင်စီနဲ့ ဘိုရွန် စတာတွေ ဖြစ်ပါတယ်။
>>    မဂ္ဂနီဆီယမ် - ရောင်ရမ်းမှုကို သက်သာစေတဲ့အာနိသင်ရှိပြီး မဂ္ဂနီဆီယမ် ချို့တဲ့ပါက အရိုးအဆစ်များ ရောင်ရမ်းခြင်းဖြစ်စဉ်ကို ပိုမိုဆိုးစေနိုင်ပါတယ်။
>>    ဗီတာမင်ဒီ - အရိုးများ သန်မာစေဖို့ အဓိကလုပ်ဆောင်ပေးတဲ့ ဗီတာမင်တစ်ခုဆို မမှားပါဘူး။ အရိုးများ အားပြည့်စေဖို့ ဗီတာမင်ဒီ အားဆေးများကို သောက်ပေးသင့်ပါတယ်။
>>    ဗီတာမင်စီ - အရိုးနုများနဲ့ ကော်လဂျင်တွေ ကြီးထွားသန်မာဖို့ ကူညီပေးတဲ့အပြင် အရိုးတစ်ခုနဲ့တစ်ခုကြားက တွယ်ဆက်ကြွက်သားတွေကို သန်မာစေပါတယ်။ ဂေါက်ရောဂါသမားတွေအတွက်လည်း ရောင်ရမ်းနာကျင်ခြင်းကို သက်သာအောင် ကူညီပေးပါတယ်။
>>    ဘိုရွန် - အရိုးကျန်းမာရေးအတွက် အရေးပါသော micronutrient တစ်ခု ဖြစ်ပါတယ်။ ဗီတာမင်ဒီ ချို့တဲ့မှုကိုလည်း ကာကွယ်ပေးပါသေးတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)