/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အရွယ်သုံးပါး-သတိပြုကာကွယ်စရာ-နှလုံးကျန်းမာရေး

အရွယ်သုံးပါး သတိပြုကာကွယ်စရာ နှလုံးကျန်းမာရေး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အင်္ဂလန်နိုင်ငံမှာ လူပေါင်း ၂၃၀၀၀ ကျော်က အသက် ၇၅ နှစ်မှာ  နှလုံးသွေးကြောကျဉ်းရောဂါနဲ့ သေဆုံးလျက် ရှိပါတယ်။ ဒီတော့ အသက်ငယ်ငယ်လေးတွေမှာရော နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်လား။

          ဖြစ်နိုင်တယ်လို့ပဲ ဖြေရမှာပါ။ အသက် ၃၅ နှစ်အောက် လက်ရှိ နှလုံးကျန်းမာနေသေးပေမယ့် နောင်နှစ်တွေမှာ နှလုံးရောဂါဖြစ်ဖို့် အခွင့်အရေးမရှိဘူးလို့ မပြောနိုင်ပြန်ပါဘူး။ စားသောက်နေမှုနဲ့ မိသားစု တွင်း မျိုးရိုးလိုက်တာတွေကြောင့် သွေးလွှတ်ကြောတွေအတွင်းမှာ အဆီခဲတွေ စုပုံလာလျက်ရှိပါတယ်။

 

>>    နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ဖို့ အလားအလာတွေက -

●        သွေးတွင်း အဆီဓာတ်တက်ခြင်း

●        ဆေးလိပ်သောက်ခြင်း

●        ဆီးချိုရောဂါ ဖြစ်ပွားမှုရှိခြင်း

●        လေ့ကျင့်ခန်းမလုပ်ခြင်းတွေ ဖြစ်ပါတယ်။

 

>>    ငယ်ငယ်လေးနဲ့ ဖြစ်မယ့် နှလုံးသွေးကြောကျဉ်းရောဂါတွေ ကာကွယ်ဖို့ -

●        တစ်ပတ်ကို မိနစ် ၁၅၀၊ နှစ်နာရီခန့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပါ။

●        ဆေးလိပ်ဖြတ်ပါ။

●        အဆီအဆိမ့် နဲ့ အငန် နည်းပါးတာကို ရွေးချယ်စားသုံးပါ။

 

>>    အသက် ၃၅ နှစ်ကျော်လာရင် ဒီလိုလေးတွေနဲ့ နှလုံးကျန်းမာရေးကောင်းဖို့ လုပ်ဆောင်ကြည့်နိုင်ပါတယ်။

●        အမျှင်ဓာတ်များသော အသီးအရွက်များများ ရွေးချယ်စားသုံးပါ။

●        သွေးပေါင်ချိန်ပါ။

●        သွေးတွင်းကိုလက်စထရော စစ်ပါ။

●        ခါးတုတ်၊ ဗိုက်ထွက်လာတာနဲ့အမျှ နှလုံးရောဂါ ဖြစ်ပွားနိုင်စွမ်း များနေပြီဆိုတာကို သတိပြုပါ။

 

>>    အသက် ငါးဆယ်အရွယ်မှာတော့ ဒါလေးတွေလုပ်ကြည့်ပါ။

●        ငါး စားပါ၊ ငါးကြီးဆီ သောက်သုံးပါ။

●        ဆီးချို၊ သွေးတိုးနဲ့ သွေးတွင်းအဆီဓာတ်ပမာဏကို သေချာစွာ ထိန်းချုပ်ကုသပါ။

●        တစ်ပတ်ကို ငါးရက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပါ။

 

>>    အသက် ၆၀ ကျော်သွားရင်တော့ -

●        လမ်းလျှောက်ပါ။

●        ညင်သာပြီး မပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။

●        သွေးချိန်စက် ဝယ်ယူပါ။

●        ဆီးချိုဖောက် စစ်ဆေးပါ။

●        သွေးတွင်းအချိုဓာတ် စစ်ဆေးကုသပါ။

●        တရားထိုင်ပါ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)