/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အလင်းရောင်စူးစူးက-ဘာကြောင့်-နှာချေစေတာလဲ

အလင်းရောင်စူးစူးက ဘာကြောင့် နှာချေစေတာလဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အလင်းရောင်ကြောင့် နှာချေခြင်းကိုဖြစ်စေနိုင်တာနဲ့ပတ်သက်ပြီး ယူဆချက်များစွာရှိပေမယ့်လည်း ဘာကြောင့်လဲဆိုတာတော့ ဘယ်သူမှတိတိကျကျမသိပါဘူး။

          အချို့လူတွေမှာ နေရောင်နဲ့ထိတွေ့ပါက အဆက်မပြတ် နှာချေတတ်ကြပါတယ်။ အများစုဟာ မျိုးရိုးဗီဇာကြောင့်ဖြစ်တာကို သိရပေမယ့်လည်း ဘယ် gene ကြောင့်လည်းဆိုတာကိုတော့ မဖော်ထုတ်နိုင်သေးပါဘူး။

          ပညာရှင်အချို့ရဲ့ယူဆချက်အရ စူးရှတဲ့အလင်းရောင်ကြောင့် မျက်ရည်ဖြစ်ပေါ်လာပြီး ထိုမျက်ရည်ဟာ မျက်ရည်ပြွန်မှတဆင့် နှာခေါင်းတွင်းသို့ရောက်ကာ နှာခေါင်းကိုနှိုးဆွပြီး နှာချေစေပါတယ်လို့သိရပါတယ်။

 

Dr. Thinzar Wynn

www.drmyanmar.com