/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အလုပ်ချိန်နှင့်နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်ပွားခြင်းဆက်စပ်မှုရှိ

အလုပ်ချိန်နှင့်နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်ပွားခြင်းဆက်စပ်မှုရှိ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          တစ်ပတ်လျှင် 45 နာရီကျော်ကြာ အလုပ်လုပ်ခြင်းဟာ လူကိုခြေကုန်လက်ပန်းကျစေရုံ သာမက နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားစေနိုင်ကြောင်း သုတေသီတွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Texas Health Science Center University မှ သုတေသီများသည် လေ့လာမှုတွင်ပါ၀င်သူ 1900 ကျော်အား အလုပ်ခန့်အပ်ပြီး 10 နှစ်ကျော်ကြာ လေ့လာခဲ့ရာမှ အလုပ်လုပ်ချိန်နဲ့နှလုံးသွေးကြောဆိုင်ရာဖြစ်ပွားမှုဆက်စပ်မှုရှိကြောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

           တစ်ပတ်လျှင် အလုပ်ချိန် 55 နာရီရှိတဲ့၀န်ထမ်းတွေဟာ တစ်ပတ်အတွင်းအလုပ်ချိန် 45 နာရီရှိသူ၀န်ထမ်းများထက် နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်ပွားမှု 16 ရာခိုင်နှုန်းမြင့်ကြောင်း လေ့လာတွေ့ ရှိခဲ့ကြပြီး တစ်ပတ်လျှင်အလုပ်ချိန်နာရီ 60 ရှိသူတွေမှာ နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်ပွားခြင်း 35 ရာခိုင်နှုန်းထိ မြင့်ကြောင်းကိုလည်း လေ့လာမှုအရသိခဲ့ရပါတယ်။ ဒါကြောင့် နှလုံးသွေးကြော ဆိုင်ရာရောဂါဖြစ်ခြင်းမှကာကွယ်ဖို့ မိမိရဲ့တစ်ပတ်စာအလုပ်ချိန်ကို စနစ်တကျဆွဲထားသင့်ပြီး မိမိရဲ့အချိန်တွေတိုင်းကို အလုပ်ထဲမှာသာနှစ်မြှုပ်ထားခြင်းမျိုးမဖြစ်စေဘဲ အနားယူချိန်လည်းပေးသင့်ပါတယ်လို့ သုတေသီတွေကအကြံပြုထားပါတယ်။

 

www.drmyanmar.com