အသက်ငယ်ရွယ်တဲ့လူတွေမှာတောင် ကိုဗစ်ကြောင့် ကိုယ်တွင်းကလီစာ ပျက်စီးမှုတွေ ဖြစ်ပေါ်နိုင်
လေ့လာချက်တွေအရ ကူးစက်နိုင်နှုန်းနည်းပါးတဲ့ လူငယ်တွေမှာတောင်မှ ကိုဗစ်ကူးစက်ခြင်းခံရပြီး (၄) လလောက်အကြာမှာ ကိုယ်တွင်းအစိတ်အပိုင်းများစွာ ပျက်စီးသွားတဲ့လက္ခဏာတွေ မြင်တွေ့ရတယ်လို့ ဆိုပါတယ်။
● လူနာပေါင်း ၂၁၀ ဆီကရတဲ့ အစောပိုင်း အချက်အလက်များအရ ထိူလူနာများရဲ့ ၇၀ ရာနှုန်းလောက်ဟာ ကိုဗစ်ကူးစက်ခံရပြီး ၄ လလောက်အကြာမှာ ကိုယ်တွင်းအစိတ်အပိုင်းတစ်ခု သို့မဟုတ် တစ်ခုနှင့်အထက်မှာ ယိုယွင်းမှုတွေ ဖြစ်ပေါ်လာကြပါတယ်။
● ဒီသုတေသနပြုလုပ်ချက်ကို ထပ်မံစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်နေသေးတဲ့အပြင် ကိုဗစ်ဗိုင်းရပ်စ်ကြောင့် ကိုယ်တွင်းအစိတ်အပိုင်းများ ပျက်စီးခြင်း ဆက်စပ်မှုဖြစ်စဉ်ကိုလည်း ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။
● အဆိုပါလူနာတွေရဲ့ ကိုဗစ် ကူးစက်ပြီးနောက် လက္ခဏာတွေကတော့ နုံးခြင်း (98%)၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အသက်ရှူမဝခြင်း၊ ခေါင်းကိုက်ခြင်း စသည်တို့ ဖြစ်ပါတယ်။ လူနာတွေရဲ့ ၃၂ ရာနှုန်းဟာ နှလုံး၊ ၃၃ ရာနှုန်းဟာ အဆုတ်၊ ၁၂ ရာနှုန်းဟာ ကျောက်ကပ်နှင့် ၁၀ ရာနှုန်းဟာ အသည်း၊ ၁၇ ရာနှုန်းဟာ မုတ်ချိုအိတ်၊ ၆ ရာနှုန်းဟာ ဘေလုံး စသည်ဖြင့် ထိခိုက်မှုများ ဖြစ်ပေါ်နေတာ တွေ့ရှိရပါတယ်။
● အဆိုပါလူနာများရဲ့ ၆၆ ရာနှုန်းမှာတော့ တစ်ခုထက်ပိုတဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေကို ထိခိုက်မှုဖြစ်ပေါ်ပြီး ၂၅ ရာနှုန်းကတော့ ကိုယ်တွင်းအစိတ်အပိုင်းများစွာကို ထိခိုက်ပျက်စီးခြင်းကို ခံစားခဲ့ရပါတယ်။
● ထိုကဲ့သို့ ကိုယ်တွင်းအစိတ်အပိုင်းပေါင်းများစွာ ပျက်စီးခြင်းဟာ ကိုဗစ် မကူးစက်မီမှာ ဘယ်လိုရောဂါအခံတွေရှိနေလဲဆိုတဲ့ အချက်ပေါ် မူတည်နေတာ တွေ့ရှိခဲ့ရပါတယ်။
ကျောက်ကပ်၊ အသည်းကျန်းမာရေး အားနည်းသူတွေမှာ ပိုမိုဖြစ်ပေါ်ဖို့ အလားအလာများတာ ဖြစ်ပါတယ်။
● အခုဖော်ပြသွားခဲ့တဲ့ လေ့လာချက်အရ လူငယ်များအနေနှင့် ကိုဗစ်ကူးစက်ခံရပြီး သက်သာပျောက်ကင်းသွားတဲ့အခါမှာလည်း မိမိကျန်းမာရေးအခြေအနေကို အလေးထား စောင့်ကြည့်နေသင့်ပြီး လိုအပ်ပါက ဆရာဝန်နှင့် ရက်ချိန်းပြန်လည် ပြသဖို့ လိုအပ်ကြောင်း သတိပြုသင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























