အသက် 19 နှစ်မှ 64 နှစ်အထိ ပြုလုပ်သင့်သော ကိုယ်ကာယလေ့ကျင့်ခန်းများ
ရောဂါဘယကင်းေ၀းပြီး သက်ရှည်ကျန်းမာစွာနေထိုင်နိုင်ရန်အတွက် အရွယ်ရောက်ပြီးသူတွေ တစ်နည်းအားဖြင့် အသက် 19 နှစ်မှ 64 နှစ် အထိ အသက်အရွယ်အပိုင်းအခြားတွေအနေနဲ့ ပုံမှန်လေ့ကျင့်ခန်းယူဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် ဘယ်လိုလေ့ကျင့်ခန်းအမျိုးအစားတွေဟာ အရွယ်ရောက်ပြီးသူတွေအတွက် ကိုက်ညီမှုရှိစေသလဲဆိုတာနဲ့ပတ်သက်ပြီး စုစည်းဖော်ပြပေးလိုက်ပါတယ်။ ဘယ်လိုလေ့ကျင့်ခန်းမျိူးကို ဘယ်လောက်ကြာကြာလုပ်သင့်လဲဆိုတာကတော့ သင့်အသက်အရွယ်နဲ့ ခံနိုင်အားပေါ်မူတည်ပါလိမ့်မယ်။
လေ့ကျင့်ခန်းလုပ်သင့်တဲ့ အချိန်အတိုင်းအတာမှာ
- သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှားမှု ရှိသင့်သောလေ့ကျင့်ခန်းကို တစ်ပတ်ကို 150 မိနစ် (1 ရက်ကို မိနစ် 30 နှင့် 1 ပတ် 5 ရက်) နှင့် ကြွက်သားသန်မာအားကောင်းစေသော လေ့ကျင့်ခန်းကို တစ်ပတ် နှစ်ရက်နှင့် အထက် (သို့ )
- အားမာန်ပါသော လေ့ကျင့်ခန်းကို တစ်ပတ်လျင် 75 မိနစ် (1 ရက် 15 မိနစ်နှင့် 1 ပတ် 5 ရက်)နှင့် ကြွက်သားသန်မာအားကောင်းစေသောလေ့ကျင့်ခန်းကို တစ်ပတ် နှစ်ရက်နှင့်အထက် (သို့)
- သင့်တင့်သောကိုယ်လက်လှုပ်ရှားမှုရှိသော လေ့ကျင့်ခန်းနှင့် အားမာန်ပါသောလေ့ကျင့်ခန်းကို တလှည့်စီနှင့် ကြွက်သားသန်မာအားကောင်းစေသောလေ့ကျင့်ခန်းကို တစ်ပတ် နှစ်ရက်နှင့်အထက်
သင့်တင့်တဲ့ကိုယ်လက်လှုပ်ရှားမှုရှိသင့်သောလေ့ကျင့်ခန်းများမှာ
- လမ်းမြန်မြန်လျှောက်ခြင်း
- ရေထဲတွင်အေရိုးဗစ်ကစားခြင်း
- စက်ဘီးဖြည်းဖြည်းစီးခြင်း
- တင်းနစ်ရိုက်ခြင်း
- မြက်ရိတ်စက်ဖြင့်မြက်ရိတ်ခြင်း
- ခြေလျင်ခရီးထွက်ခြင်း
- စကိတ်စီးခြင်း
- ဘော်လီဘောကစားခြင်း
- ဘတ်စကတ်ဘောကစားခြင်းစတဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေဟာ နှလုံးကျန်းမာရေးကိုများစွာ အထောက်အကူပြုပေးနိုင်ပါတယ်။ ယင်းကဲ့သို့ ပေါ့ပါးတဲ့လေ့ကျင့်ခန်းတွေအတွက် တစ်နေ့မှာမိနစ် 30 သာ အချိန်ပေးရုံနဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရရှိစေနိုင်မှာဖြစ်ပါတယ်။
အားမာန်ပါတဲ့ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများမှာ
- ရွရွပြေးခြင်း (သို့) ပြေးခြင်း
- ရေမြန်မြန်ကူးခြင်း
- စက်ဘီးမြန်မြန်စီးခြင်း/စက်ဘီးဖြင့် တောင်တက်ခြင်း
- တင်းနစ်ရိုက်ခြင်း
- ဘောလုံးကန်ခြင်း
- ရတ်ဘီ (rugby) ကစားခြင်း
- ကြိုးခုန်ခြင်း
- ဟော်ကီကစားခြင်း
- အေရိုးဗစ်ကစားခြင်း
- ကျွမ်းဘားကစားခြင်း
- ဂျူဒို၊ ကရာတေးလေ့ကျင့်ခြင်း
ကြွက်သားသန်မာအားကောင်းစေတဲ့ ကိုယ်လက်လှုပ်ရှားမှုများမှာ
- အလေးမခြင်း
- အိပ်၊ ထ၊ မ၊ တင်လေ့ကျင့်ခန်းလုပ်ခြင်း၊ ဒိုက်ထိုးခြင်း
- ဥယျာဉ်စိုက်ပျိုးခြင်း
- ယောဂကျင့်ခြင်း
- အားကစားပစ္စည်းများနဲ့ လေ့ကျင့်ခြင်းစတာတွေ ဖြစ်ပါတယ်။ ဒီကိုယ်လက်လှုပ်ရှားမှုတွေဟာ သွေးတွင်း သကြားဓာတ်၊ သွေးဖိအားကိုပုံမှန်ဖြစ်စေကာ အရိုး၊ ကြွက်သားတွေကို သန်မာအားကောင်းစေနိုင်တာကြောင့် တစ်ပတ်လျှင် နှစ်ရက်ခန့် ပြုလုပ်ခြင်းဖြင့့်် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိစေနိုင်မှာဖြစ်ပါတယ်။
CMS






























