/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသားဓာတ်-လုံလောက်စွာ-စားသုံးခြင်းဖြင့်-အဆီကျ-အသားကျစ်လာစေပါတယ်

အသားဓာတ် လုံလောက်စွာ စားသုံးခြင်းဖြင့် အဆီကျ အသားကျစ်လာစေပါတယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ပရိုတင်းဟာ ဝိတ်ကျဖို့် အားပေးပါသတဲ့။ ပရိုတင်းလို့ခေါ်တဲ့ အသားဓာတ်များများ စားသုံးခြင်းဖြင့် ဇီဝရုပ်ဖြစ်ပျက်မှုကို အားပေးပါတယ်။ အစား စားချင်စိတ် လျော့စေပါတယ်။ ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို ထိန်းညှိပေးတဲ့ ဟော်မုန်းတွေကို ပြောင်းလဲစေပါတယ်။

●        ကိုယ်အလေးချိန်ကို ထိန်းချုပ်တာက ဟိုက်ပိုသဲလမတ်စ်က ထိန်းချုပ်နေပြီး အချက်အလက် အတော်များများကို လွှမ်းမိုးမှု ရှိနေပါတယ်။

●        ကာဗွန်ဟိုက်ဒရိတ်နဲ့ အဆီဓာတ်တွေကို အသားများများစားပြီး အစားထိုးလိုက်ခြင်းဖြင့် ဗိုက်ဆာစေတဲ့ ဟော်မုန်းပမာဏ လျော့ကျသွားပါတယ်။ တော်ရုံ ဗိုက်မဆာတော့ မစားမိတော့ဘူးပေါ့။

●        စားပြီးရင် ကယ်လိုရီတချို့ကို အစာချေတဲ့လုပ်ငန်းစဉ်မှာ အသုံးပြုပါတယ်။ အဲဒီအခါမှာလည်း ပရိုတင်းက အပူဓာတ်ဖြစ်ပွားမှု ပိုသာပြီး အစာ ပိုမိုကျေညက်စေပါတယ်။ ဒီတော့ ကယ်လိုရီတွေ သိသိသာသာ ကျေပျက်တော့ အဆီမတက်တော့ဘူးပေါ့။

●        ပရိုတင်းစားလေ ကယ်လိုရီချေဖျက်မှု မြန်ဆန်ကောင်းမွန်လေပါပဲ။ ပရိုတင်းဓာတ်ကို များပြားစွာ စားသုံးခြင်းဖြင့် ကယ်လိုရီပေါင်း၂၆၀ ကျော်ထိ လောင်ကျွမ်းကြောင်းကို တွေ့ထားရပါတယ်။

●        ပရိုတင်းများများဝင်လေ လူတွေက တခြားအဆီတက် ကယ်လိုရီစားသုံးမှုကို ၄၄၁ ကယ်လိုရီထက် လျှော့ချနိုင်လေ ဖြစ်ပါတယ်။

●        ပရိုတင်းဟာ အစာစားချင်စိတ်ကို လျော့နည်းစေပါတယ်။ ညစာမှာ အသားဓာတ် ပိုလျှံစွာ စားသောက်ရင် ညမှာစားမယ့် တခြားအချိုနဲ့ အဆီပမာဏတွေကို သိသိသာသာ လျှော့ပြီးဖြစ်သွားပါတယ်။

●        ပရိုတင်းစားသုံးမှုကို ခါတိုင်းထက် သုံးဆယ်ရာခိုင်နှုန်းတိုးလေ တခြားကယ်လိုရီပမာဏတွေ ထင်ထင်ရှားရှား ပြုတ်ကျလေပါပဲ။ ဒါပေမဲ့ ဒါက ရေတိုမဟုတ်ဘဲ ရေရှည်ကျမှသာ အကျိူးသက်ရောက်မှု ရှိလာမှာ ဖြစ်ပါတယ်။ နေ့စဉ်များများစားဖို့ လိုပါတယ်။

●        ပရိုတင်းက အဆီမတက်စေတဲ့အပြင် ကြွက်သားတည်ဆောက်မှုမှာလည်း အားပေးပါတယ်။ ဝိတ်ချနေရင် ပရိုတင်း စားရပါမယ်။ ဒါမှ ကြွက်သားတွေ ဖြစ်ထွန်းလာမှာပါ။ ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်လာတာနဲ့အမျှ ကြွက်သားတွေတက် အသားကျစ်လာမှာ ဖြစ်ပါတယ်။

 

>>    ပရိုတင်း ဘယ်လောက်စားသင့်လဲ?

          တစ်ရက်လျှင် ၄၆ ကနေ ၅၆ ဂရမ်ထိ စားသင့်ပါတယ်။ အသားသုံးတုံးကနေ ခြောက်တုံးထိပါ။

        ပရိုတင်းပြည့်ဝတဲ့ အစားအစာတွေကတော့ -

●        ကြက်သား၊ ဝက်သား၊ အမဲသား

●        ငါးမြင်း၊ ငါးတန်၊ ရေချိုငါး၊ ဆော်လမွန်ဆာဒင်းငါး

●        ကြက်ဥ၊ ဘဲဥ

●        နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဉ်

●        ပဲအမျိုးမျိုး

          တကယ်တော့ ပရိုတင်းစားသုံးမှုကို ရေတိုခဏတာပဲ တိုးစားရုံနဲ့တော့ တကယ် ကျန်းမာ ကျစ်လျစ်မလာပါဘူး။ လချီပြီး အသားဓာတ် လုံလောက်အောင်စားမှ အဆီကျစေပြီး ကျန်းမာတဲ့ရလဒ်ကို ရရှိလာမှာ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)