/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အအေးမိပြီး-ညဘက်တွေမှာ-အိပ်ရေးပျက်ရလောက်အောင်-နှာခေါင်းပိတ်နေခဲ့ရင်

အအေးမိပြီး ညဘက်တွေမှာ အိပ်ရေးပျက်ရလောက်အောင် နှာခေါင်းပိတ်နေခဲ့ရင်…

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အိပ်စက်ခြင်းဟာ ရောဂါပိုးတွေကိုတိုက်ထုတ်ဖို့အတွက် မရှိမဖြစ်အရေးပါပါတယ်။ ဒါပေမဲ့ အအေးမိ၊ တုပ်ကွေးရောဂါတွေကြောင့် နှာခေါင်းပိတ်ပြီး အိပ်ရေးပျက်တဲ့အခါ နာလန်ထချိန်လည်း ကြာမြင့်လာနိုင်ပါတယ်။ ဒါကြောင့် အအေးမိ၊ တုပ်ကွေးဖြစ်နေချိန်မှာ နှာခေါင်းပိတ်လို့ အိပ်ရေးပျက်တာမျိုး မဖြစ်ရအောင်…..

Decolgen IA 1

•  ဦးခေါင်းကို အနည်းငယ်မြှင့်ထားပြီး အိပ်စက်ပေးပါ။
•  လေထုအစိုထိန်းစက် (Humidifier) အသုံးပြုပါ။
•  တစ်ရှူး၊ အမှိုက်ပုံး၊ သောက်ရေ စတာတွေကို လိုအပ်မှ ထပြီးမယူရအောင် အိပ်ရာနားမှာထားပါ။

Decolgen IA 2

•  နှာခေါင်းပိတ်လို့ ပါးစပ်နဲ့အသက်ရှူတဲ့အခါ လည်ချောင်းခြောက်သွေ့ပြီး ချောင်းဆိုးတာကြောင့်လည်း အိပ်ရေးပျက်စေပါတယ်။ ဒါကိုသက်သာစေဖို့ ပျားရည်အနည်းငယ်ကို သောက်သုံးပေးပါ။
•  အိပ်ရာမဝင်ခင် ရေနွေးနဲ့ ရေချိုးပေးပါ။
•  ဆလိုင်းနှာဖြန်းဆေးကို အသုံးပြုပါ။
•  အအေးမိ၊ တုပ်ကွေးဝေဒနာတွေ သက်သာစေဖို့ Decolgen လိုမျိုးဆေးဝါးတွေကို ဆေးညွှန်းအတိုင်း သောက်သုံးပေးပါ။

ဒေါက်တာဆု (www.drmyanmar.com)