အိပ်မောကျနေချိန်မှာဘာကြောင့် ကြွက်သားဆတ်ခနဲလှုပ်သွားရသလဲ
ညဘက်နိုးတစ်၀က်အိပ်တစ်၀က်ဖြစ်နေချိန်မှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းသို့ပြောင်းသွားပြီးနောက်မှာ REM (rapid eye movement) အဆင့်စတင်ပါတယ်။ ၎င်းအဆင့်မှာအိပ်စက်မက်ခြင်းဖြစ်ပေါ်ပြီး ခန္ဓာကိုယ်ရှိကြွက်သားတွေပြေလျော့နေပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုများမယ်၊ လွန်စွာပင်ပန်းနေမယ်၊ အိပ်စက်ချိန်မမှန်ခြင်းဖြစ်မယ်ဆိုပါက အိပ်စက်ချိန်စက်၀န်းကိုအနှောင့်အယှက်ဖြစ်စေပြီး REM အဆင့်ကို ပုံမှန်ထက်ပိုမြန်စေပါတယ်။ ယင်းကဲ့သို့ဖြစ်ခြင်းကြောင့် ရုပ်လုံးကြွတဲ့ပုံရိပ်တွေ၊ အိပ်မက်တွေကိုမြင်မက်ပြီး ကြွက်သားတွေမှာလုံလောက်စွာပြေလျော့ခြင်းမရှိတာကြောင့် ခန္ဓာကိုယ်ဆတ်ခနဲတုန်လှုပ်လာကာ ရုတ်တရက်နိုးထခြင်းကိုဖြစ်စေပါတယ်။ အိပ်နေရင်းခန္ဓာကိုယ်ဆတ်ခနဲလှုပ်သွားခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတတ်တာကြောင့် စိတ်ပူဖို့မလိုပေမယ့် အိပ်စက်ချိန်ပုံမှန်ထားတာအကောင်းဆုံးပဲ ဖြစ်ပါတယ်။
CMS (www.drmyanmar.com)






























